Friday 14 September 2012

မိတ္ထီလာမြို့ရှိ လမ်းနယ်နိမိတ်နှင့် မလွတ်သော ဆိုင်ခန်းများအား ၁၅ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်း ရမည်

မိထ္တီလာမြို့ရှိ လမ်းနယ်နိမိတ်နှင့် မလွတ်သော ဆိုင်ခန်းများအား စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံး ထား၍ ပိတ်သိမ်းရမည်ဟု စည်ပင်မှ ညွှန်ကြားချက် ထုတ်လိုက်သောကြောင့် ဆိုင်ခန်း ပိုင်ရှင်များမှာ အခက်အခဲ ကြုံတွေ့ နေရကြောင်း ၄င်းတို့ထံမှ သိရသည်။

မိတ္ထီလာ ကန်တော်ကြီး ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား မြို့တော် သန့်ရှင်း လှပရန်ဟု အကြောင်းပြကာ ဖယ်ရှားခဲ့ခြင်းကြောင့် မကျေနပ်သော ဈေးသည် များက စည်ပင်သို့ ပြန်လည် တိုင်တန်းခဲ့ရာမှ ယခုအခါ တစ်မြို့လုံးရှိ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော ဆိုင်ခန်းများအား ဖယ်ရှားရန် ညွှန်ကြားချက် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ယခု ဖယ်ရှားရမည့် ဆိုင်ခန်းများသည် စည်ပင်မှ ကောက်ခံသော သက်ဆိုင်ရာ အခွန်များကို တာဝန်ကျေစွာ ပေးဆောင် ထားပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ ရုတ်တရက် ဖယ်ရှားခိုင်းခြင်းသည် မိမိတို့အတွက် အလွန် နစ်နာလှကြောင်း မိတ္ထီလာမြို့ ခရစ်ယာန် ကျောင်းအနီးရှိ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
 
ref:thevoiceweekly

No comments:

Post a Comment