Friday 14 September 2012

အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။

တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော် တမ်းရိုက်  ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော အစ္စလာမ်ဘာ သာဝင် အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ အမေရိကန် သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။



ယီမင်နိုင်ငံမြို့တော် ဆနာမြို့ရှိ အမေရိကန်သံရုံးဂိတ်ပေါက်အား ဆန္ဒပြသူတို့ကျော်ဖြတ်ရန်ကြိုးစားကြစဉ်။

နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင် အစ္စလာမ်ဘာသာဝင် ၅၀၀၀ကျော်ခန့်သည်အမေရိကန်သံရုံအားဆန္ဒပြရင်း ပြင်းထန်စွာတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြသည်။ ဆန္ဒပြ လူငယ်  ၁၀ယောက်ခန့်သည်လုံခြုံရေးရဲတို့ကိုကျော်ဖြတ်ပြီး အမေရိကန်သံရုံးဂိတ်ပေါက် အားချိုးဖျက် ရန်ကြိုးစားခဲ့သော်လည်း လုံခြုံရေးရဲတို့မှ ပြန်လည်မောင်းထုတ်နိုင်ခဲ့ သည်။ ဆန္ဒပြသူများပြင်းထန် လာမှုကြောင့်လုံခြုံရေးရဲများက မိုးပေါ်ထောင်သေနတ်ပစ်ပေါက်ခြင်း၊မျက်ရည်ယိုဗုံးများဖြင့် တားဆီး ခဲ့ရသည်။

နယူးယောက်စံတော်ချိန်မနက် ၅နာရီ၊၃၇မိနစ်။ – အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်တွင် ဆန္ဒပြသူရပေါင်း များစွာက အမေရိကန်သံရုံးအား တမန်တော်မိုဟာကိုဆော်ကားထားသည့်ကား ရုပ်ရှင်ဇာတ်လမ်း တိုအတွက် ဒုတိယနေ့မြောက်အဖြစ်ဆက်လက်ဆန္ဒပြခဲ့ကြသည်။ အဓိဂရုဏ်နှိမ်နှင်းရေးအဖွဲ့ဝင်တို့မှ မျက်ရည်ဗုံးခွဲ၍တားဆီးခဲ့ရသည်။
မွတ်ဆလင်သွေးစည်းညီညွတ်ရေးညီနောင်များအဖွဲ့မှ မနက်ဖြန်သောကြာနေ့တွင် တနိုင်ငံလုံးဝတ်ပြု ဆုတောင်းပြီးဆန္ဒပြကြရန်လှုံဆော်ထားသည်။

နယူးယောက်စံတော်ချိန်မနက် ၆နာရီ၂၂မိနစ်။ – အီရန်နိုင်ငံမြို့တော်တီဟီရန်မြို့တွင် အမေရိကန် သံရုံးဖွင့်လှစ်မထားသော်လည်း အမေရိကန်နိုင်ငံကိစ္စဖြေရှင်းပေးသည့် ဆွစ်ဇာလန်နိုင်ငံသံရုံးရှေ့တွင် တက္ကသိုလ်ကျောင်းသားများဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးရဲများေ စာင့်ကြပ် မှုကြောင့် အကြမ်းဖက်ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ယမန်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင် အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့်နိုင်င်ငံအသီးသီးရှိ အမေရိကန်သံရုံးများအားလုံး အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်ထားရန် အမေရိကန်သမ္မတအိုဘားမားက အရေးပေါ်ထုတ်ပြန်ကြေညာလိုက်သည်။

No comments:

Post a Comment