Friday 14 September 2012

ကမ္ဘာတစ်လွှား ရေပန်းစားသော Toyota Pirus



မြန်မာပြည်မှာသာ Honda Insight ကို အတွေ့များတာပါ။ အမှန်တကယ် ကမ္ဘာမှာ ရောင်း အားကောင်းပြီး   အောင်မြင်နေတာက Toyota ရဲ့  Hybrid ကား -Prius ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှ ယနေ့တိုင် ထုတ်လုပ် လျက်ရှိတဲ့ ကားဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း မော်ဒယ်မြင့် Prius အချို့ ရှိနေပါ တယ်။ မော်ဒယ်မြင့် အင်ဂျင်ပါဝါ ၁၈၀၀ စီစီ ရှိနေတဲ့အတွက် သိန်း ၁၀၀ဝ ဝန်းကျင်ရှိနိုင်မယ့်ကားပဲ ဖြစ်ပါတယ်။ ၂၀၁၂ မော်ဒယ် မူရင်းရောင်းဈေးတောင် အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ အောက်မှာပဲ ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၀၀ ဝန်းကျင်သာသာပါ။ သို့ပေမယ့် မော်ဒယ်က ၂၀၀၇ အထက်ဖြစ်ပြီး အင်ဂျင်ပါဝါများတဲ့ အတွက် ဆောင် ရမယ့် အခွန်နဲ့ တွက်လိုက်ရင် သိန်း ၆၀၀ မှသည် သိန်း ၁၀၀၀ ဝန်းကျင်အထိ   မြောက်သွားနိုင်ပါတယ။်


လူကြိုက်များရတဲ့ အကြောင်းအရင်းက ဆီစားသက်သာစေ လို့ ဖြစ်ပါတယ်။ ဆီစားသက်သာဆို Hybrid ကားမို့ ဖြစ်ပါ တယ်။ သို့ပေမယ့် Insight ရဲ့  Hybrid လုပ်ဆောင်ချက်နဲ့ မတူညီပါဘူး။ Toyota တို့ ကိုယ်တိုင်ဖန်တီးထားတဲ့ Hybrid စနစ်ဖြစ်ပါတယ်။ မော်တာနှစ်လုံးကို အဓိက အားကိုးပြီး Gasoline -ဆီအင်ဂျင်က မော်တာ အထောက်အပံ့သဘော မျိုးနဲ့ ထားခြင်း ဖြစ် ပါတယ်။ တွေ့နေကျ Hybrid ကတော့ ဆီနဲ့ မောင်းနှင်ပြီး သတ်မှတ်နှုန်း ကီလိုမီတာ တစ်ခုရောက်မှ လျှပ်စစ် မော်တာက အလုပ်လုပ်ခြင်း   ဖြစ်ပါတယ်။ ဒီတော့ အားနည်းချက်က မြန်မာပြည်အတွက် အသုံးမတည့်ခြင်း ဖြစ်ပါတယ်။ ဟိုင်းဝေးလမ်းမ မှာ မောင်းနှင် မှ မော်တာက အလုပ်လုပ်မယ့် အနေအထားမှာ ရှိပါတယ်။

တိုယိုတာရဲ့  Prius မှာပါတဲ့ အင်ဂျင်ကျတော့ အဲဒီလိုမ ဟုတ်တော့ပါဘူး။ စကတည်း ကို မော်တာကို အသုံးပြုပြီး ခပ်မြန်မြန်မောင်းချင်မှသာ ဆီအင်ဂျင်ကို စက်နှိုးတဲ့ သဘော သာ ဖြစ်ပါတယ်။ ဒီတော့ မော်တာလုပ်ဆောင်ချက်က ကြိမ်းသေမြင့် မှာ ဖြစ်ပါ တယ်။ မော်တာ နှစ်လုံးပါဝင်ပါတယ်။ ပထမတစ်လုံးကို Starting မှာသုံးပြီး မောင်းနှင် တဲ့အခါ မှတော့ နှစ်လုံးလုံးက အလုပ်လုပ်ပါ တယ်။ မော်တာ က ထုတ်ပေးတဲ့ ပါဝါအရင်းအမြစ် ၁.၄ ကီလိုဝပ်နာရီ အားရှိတဲ့ ဘက်ထရီ ဖြစ်ပါတယ်။ ယခင်ထုတ်ဖူးသမျှ Prius တွေထက် အားပိုကြီးလာပါတယ်။ ၁၈၀၀ စီစီ စလင်ဒါလေးလုံး Gasoline အင်ဂျင်ကတော့ မြင်းကောင်ရေအား ၉၈ ထုတ် လုပ်နိုင်ပါတယ်။ ဒီတော့ စုစုပေါင်း ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေအားက ၁၃၀ ရှိပြီး ယခင်က ထက် ၂၀ တောင်ပိုသွားပါတယ်။ ဒီလောက်ဆို သာမန် ဆလွန်း၊ ဝက်ဂွန်ကားတွေလို လုပ်ဆောင်ချက်က တူညီနေပြီ ဖြစ်ပါတယ်။

နောက်ဖုံးဖွင့်ပိတ်ပါ စုစုပေါင်း တံခါးငါးပေါက်နဲ့ အတွင်း အပြင် ပြင်ဆင်မှုကောင်းမွန်တဲ့ ကား ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်ကို ဝင်ဖို့ ကြိုးစားစဉ်တုန်းက Crash Test ဝင်ရပါတယ်။ အကြမ်းခံစမ်းသပ်မှု Crash test မှာ ကြယ်ငါးလုံး အမှတ်ပြည့်ရပြီး အမေရိက ဈေးကွက်မှာ မျက်နှာပန်းလှခဲ့ပါတယ်။ ဒီတော့ အကြမ်းခံမှုနှင့် ကားလုံခြုံရေးကို ထူးထူးထွေထွေ ရှာဖွေစစ်ဆေးနေစရာ မလိုတော့ပါဘူး။

ဂီယာက ကွန်ပျူတာစနစ်ထိန်း ၁ချက် Planetary Gear ဖြစ်ပါတယ်။ ယင်းဂီယာက လျှပ်စစ်မော်တာကို ပိုမိုဦးစားပေးတဲ့ အင်ဂျင်တွေမှာ အသုံးတည့်တဲ့ အမျိုးစားဖြစ် တယ်လို့ ဆိုပါတယ်။ လောင်စာဆီအင်ဂျင်နဲ့ တိုက်ရိုက် ဆက်သွယ်မှုမရှိတဲ့အတွက် ၅ချက်ထိုး၊ ၆ချက်ထိုး အော်တို၊ ရိုးရိုးများကို အသုံပြုတာနဲ့ စာရင် တစ်ချက်ထိုး Planetary ကပိုပြီးတော့ လုပ်ဆောင်ချက် မြန်ဆန်တယ်လို့ ဆိုပါတယ်။ တစ်ခုတော့ ပြဿနာတက်ဖူးပါတယ်။ ယင်းဘရိတ်စနစ်က ကွန်ပျူတာထိန်းချုပ်မှုကို အခြေခံတဲ့အတွက် ဆော့ဖ်ဝဲ ချို့ ယွင်းမှုကြောင့် ၂၀၀၉-၂၀၁၀ အတောအတွင်း မှာ ခေါ်ယူမှုပြု လုပ်ရပါသေးတယ်။ သို့ပေမယ့် ဆော့ဖ်ဝဲပြင်ဆင်မှုက ကုန်ကျစရိတ်မကြီးခဲ့တဲ့အတွက် Prius ရဲ့ ရောင်းအားကို မကျစေခဲ့ပါဘူး။

၂၀၁၂ နောက်ပိုင်း တိုယိုတာမှ လော်စာဆီ အင်ဂျင်လုံးဝမပါ တဲ့ လျှပ်စစ် Plug-in ကားထုတ်လုပ်ပြီး ဈေး ကွက်ဖြန့်အုံး မှာ ဖြစ်ပါတယ်။ ဒီတော့ Plug-in ကားလည်း တစ်ချိန် ကျ မြန်မာပြည်ရောက်လာနိုင်ပါတယ်။ Hybrid ကားများထဲ မှာ Prius သုံးတဲ့ အိုင်းယွန်း-လစ်သီယမ် ဘက်ထရီက ပိုတာရှည်ခံတယ်လို့ ဆိုပါတယ်။ ဒါကတော့ ကိုယ်တိုင် မောင်းနှင်ကြုံဖူးမှ သိနိုင်မှာ ဖြစ်ပါတယ်။

ဘက်ကင်မရာ၊ ပါဝါဝင်းဒိုး၊ စမတ်ကီး၊ LCD တီဗီ၊ ရေဒီယို၊ GPS, Navigation စနစ်၊ In car Entertainment စုံစုံလင်လင်ပါရှိပြီး ဒီဇိုင်းက Insight တို့နဲ့ ခပ်ဆင်ဆင်ရှိ ပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ထုတ်လုပ်နေ တာ ဖြစ်တဲ့အတွက် Insight ထက် နှစ်နှစ် စောပါတယ်။ ဒီတော့ နောက်ဘက် ခပ်ခုံးခုံး ဒီဇိုင်း ဘယ်သူအရင်စ တယ်ဆိုတာ တပ်အပ်မပြောနိုင်ပါဘူး။ အသုံးပြုသူ ကြိုက်နှစ်သက်မှုအရသာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ အောက်တန်ဖိုးရှိတဲ့ ၂၀၁၀ အထက် Prius တွေကို ဂျပန်လေလံဈေးကွက်မှာ ယန်း ၁၃ သိန်းအထက်နဲ့ ခပ်ကောင်းကောင်း Used ကားတွေ အများကြီး ရှိနေပါတယ်။


ref:http://stg.colayonline.net

No comments:

Post a Comment