Friday 14 September 2012

“ MPU ရုံးနှင့် ဒေတာစင်တာ ဗဟိုဘဏ်တွင် စတင်ဖွင့်လှစ်”

MPU ရုံးနှင့် ယင်းကဒ်စနစ်ကိုထိန်းချုပ်ပေးမည့် ဒေတာစင်တာဖွင့်ပွဲကို စက်တင်ဘာ ၁၄ရက် ယနေ့ နံနက်တွင် ဗဟိုဘဏ်ဒေတာစင်တာ အဆောက်အအုံ၌ကျင်းပခဲ့သည်။ 

MPU ကဒ်စနစ်အား ပြည်တွင်းရှိ ဘဏ် ၇ ခုမှာ ကန်ဒေါ်လာ
လေးသန်းရင်းနှီးမတည်မှုဖြင့်   ဆောင်ရွက် လျက်ရှိပြီး အဆိုပါဒေတာစင်တာအား နေပြည်တော်တွင်လည်း တည်ဆောက်သွားရန်ရှိကြောင်းသိရသည်။
ယနေ့ကျင်းပသော ဖွင့်ပွဲသို့ ဘဏ္ဍာအခွန် ပြည်ထောင်စုဝန်ကြီ ဦးဝင်းရှိန်၊သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းငြိမ်းတို့မှ တက်ရောက်ဖွင့် လှစ်ပေး ခဲ့သည်။

No comments:

Post a Comment