Friday 14 September 2012

ဂျပန်နှင့်ပိုင်နက်အငြင်းပွားရေပြင်သို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်

ဂျပန်အစိုးရကဝယ်ယူရန်ကြိုးပမ်းလျက်ရှိသည့် တရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ကျွန်းများ အနီးသို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်သွားကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။

အဆိုပါ ကင်းလှည့်စစ်သဘောင်္များသည် တရုတ်အခေါ် ဒိုင်အိုယု ဂျပန်အခေါ် ဆန်ကကု ဟုခေါ်သော ကျွန်းများတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် လှည့်လည်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းများကို ဂျပန်လူမျိုးပိုင်ရှင်များထံမှ ဂျပန်အစိုးရကဝယ် ယူရန်ကြိုးပမ်း  ခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့စစ်သဘောင်္များစေလွှတ်လိုက်ခြင်းလည်းဖြစ်သည်။

လောလောဆယ်အချိန်တွင်အဆိုပါပိုင်နက်အငြင်းပွားကျွန်းများမှာ ဂျပန်အစိုးရ၏ ထိန်းချုပ်မှုအောက် တွင်ရှိပြီး တရုတ်နှင့်ထိုင်ဝမ်တို့ကလည်း အဆိုပါကျွန်းများကိုပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

ယင်းဒေသစံတော်ချိန် ၆ နာရီ ၁၈မိနစ်တွင် တရုတ်စစ်သဘောင်္နှစ်စင်း စတင်ဝင်ရောက် လာခဲ့ပြီး ဒေသစံတော်ချိန် ၇ နာရီတွင်နောက်ထပ်စစ်သဘောင်္ ၄ စင်းထပ်မံဝင်ရောက်လာကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားသည်။

ထို့နောက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးမှုပြုလုပ်ခဲ့ပြီးနောက် တရုတ်စစ်သဘောင်္နှစ်စင်းမှာ အဆိုပါပိုင်နက်အငြင်းပွားဧရိယာမှပြန်လည်ထွက်ခွါသွားကြောင်း၊မည်သည့်အင်အားသုံးတိုက်ခိုက်မှုမျှမပြုလုပ်ခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများကပြောကြားသည်။

တရုတ်စစ်သဘောင်္များအဆိုပါ ပင်လယ်ပြင်ဧရိယာသို့ရောက်ရှိသွားခြင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

တရုတ်နှင့်ဂျပန်တို့၏ အဆိုပါပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ ခေါင်းအေးအေးထားဖြေရှင်းကြရန် လွန်ခဲ့သောရက်ပိုင်းအတွင်းက အမေရိကန် အစိုးရကတိုက်တွန်းထားသည်။
 
ref:thevoiceweekly

No comments:

Post a Comment