Friday 14 September 2012

နိုင်ငံတခုရဲ့ စံတန်ဘိုးတွေဟာ နယ်ကျော်သွားရင် တခြားသူအတွက် ပြသာနာတွေ တက်နိုင်သလား။



အမေရိကန်နိုင်ငံသားတဦး ရိုက်ကူးပြသနေတဲ့ " Desert Warriors" ရုပ်ရှင်ကားအပေါ် အာရပ်ကမ္ဘာက မကြေမနပ် ဖြစ်နေပြီး အရှေ.အလယ်ပိုင်းမှာ နိုင်ငံတိုင်းနည်းပါ အမေရိကန် ဆန်.ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေပါသည်။ ဒီအခြေအနေဟာ အမေရိကန် အစိုးရအတွက် ရတက်မအေးရတဲ့ အခြေ အနေပါ။ အမေရိကန် သံတမန်နဲ. အမေရိကန် အကျိုးစီးပွားတွေကို လုံခြုံဖို. တဖက်က ကာ ကွယ်ပေးဖို. ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်နေသလို တဖက်မှာလည်း အမေရီကန် အကျိုးစီးပွားတွက် အာရပ်နိုင်ငံတချို.နဲ. ဆက်ဆံရေးတွေ တင်းမာ ပျက်ဆီးမှာကိုလည်း စိုးရိမ် နေရတာပါ။


ပြည်တွင်းမှာလည်း နိုင်ငံရေးအရ ဖိအားပေးမှုတွေ အထူးသဖြင့် အမေရိကန် သံရုံးကို တိုက် ခိုက်တာဟာ အမေရိကန်၏ အချုပ်အခြာအာဏာကို တိုက်ရိုက် တိုက်ခိုက်တာ စိန်ခေါ်တာ ဖြစ်လို. ဒါဟာ Active War စစ်ဖြစ်နေတာလို. ပြောဆိုသူတွေလည်း ရှိပါသည်။ ဒါကြောင့် အခုလို အမေရိကန်က အကူအညီ ပေးလို. အပြောင်းအလဲတွေ ဖြစ်လာတဲ့ လစ်ဗျားနိုင်ငံမှာ အမေရိကန်သံတမန်နဲ. သံရုံးကို တိုက်ခိုက်လာတာကို ဒီအတိုင်း ငုံ.ခံရကောင်းလား သမ္မတ ဟောင်း ရေဂင်လက်တက်က ဘူလစ်ဘီးယားမှာ လက်တုံ.ပြန်သ လိုမျိုး     လုပ်လိုသူတွေ လည်း ရှိပါသည်။ ဒါကြောင့် လက်ရှိ သမ္မတ အိုဘားမားအစိုးရကို အားမလို အားမရ ဖြစ်နေတဲ့ အမေရိကန် ပြည်သူတွေလည်း အများကြီးပါ။

လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို.က အမေရိကန်ကောင်စစ်ဝန်ရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ.က ဒုံးကျည်နဲ. တိုက်ခိုက်ခဲ့လို. အမေရိကန် သံအမတ်နှင့်အတူ အမေရိကန်နိုင်ငံသား ၃ ဦး စုစု ပေါင်း ၄ ဦး သေဆုံးခဲ့ ပါသည်။

ဒီတိုက်ခိုက်မှုတွေအတွက် Al Qaeda နှင့် ဆက်စပ်နေတဲ့ အဖွဲ.၏ လက်ချက်လို. အမေရိကန် တွေက ယုံကြည်ထားပြီး အမေရိကန်ရေတပ်ကလည်း စစ်သင်္ဘောတွေကို လစ်ဗျားနိုင်ငံကို စေလွတ်နေပါပြီ။ FBI အဖွဲ.ကိုယ်တိုင် လူသတ်တရားခံတွေကို စုံစမ်းစစ်ဆေးဖို. စေလွတ်ထား ပါပြီ။

ဒါကြောင့် အရှေ.အလယ်ပိုင်းမှာ အခု လောလောဆယ် နိုင်ငံရေးတင်းမာမှု အထူးသဖြင့် အမေ ရိကန် ဆန်.ကျင်ရေး ဆန္ဒပြမှုတွေဟာ အမေရိကန်တွေအတွက် ဘေးကြပ် နံကြပ်နဲ. ကပ်ဆိုဒ် နေပါတယ်။ တဖက်က ဒီမိုကရေစီ လူ.အခွင့်အရေး လွတ်လပ်မှုတွေကို အားပေးရမယ်လို. အော်ထားခဲ့ပြီး တချိန်တည်းမှာ အပြောင်းအလဲတွေ အပြီး တက်လာတဲ့သူတွေဟာ မူဆလင် ဘာသာရေး အစွန်းရောက်တွေက ပိုပြီး နိုင်ငံရေး အာဏာတွေကို ထိမ်းချုပ်လာတာမို. ဖြစ်ပါ သည်။ မူဆလင် ညီနောင်များအဖွဲ. Muslim Brotherhood အဖွဲ.က အရှေ.အလယ်ပိုင်း တခုလုံးမှာ နိုင်ငံရေးပါ တီတွေအဖြစ် ခေါင်းပြန်ထွက်လာပြီး လက်နက်ကိုင် အကြမ်းဖက်အဖွဲ. Al Qaeda ကိုလိုလားတဲ့ စစ်သွေးကြွတွေလည်း နေရာ ရလာပါသည်။


နေရာတိုင်းမှာ လက် နက်တွေ ပြန်.ကျဲနေတာမို. လက်နက်ကိုင် တော်လှန်မှုတွေ အကြမ်းဖက်မှုတွေကို အသစ် တက်လာတဲ့ အစိုးရတွေအနေဖြင့် ခိုင်ခိုင်မာမာ ထိမ်းကွတ်နိုင်မည် မထင်ပါ။ အာဏာရှင် ဂရာဖီက လစ်ဗျားမှာ Al Qaeda အကြမ်းဖက်တွေ ရောက်နေတယ် အကြမ်းဖက်သမားတွေ ရှိနေတယ်လို.   ပြောဆိုချိန်တုန်းက အမေရိကန်နှင့် အနောက်အုပ်စုက လက်မခံခဲ့ပေမယ့် အခု အမေရိကန်သံအမတ်ကို တိုက်ခိုက်သတ်ဖြတ်သူတွေဟာ Al Qaeda အုပ်စုတွေ ဖြစ်တယ်လို. ပြောဆိုလာခြင်းဟာ လည်း ပြော ရရင်-- ဘယ်သူပြောတာ အမှန်လည်းဆိုတာ သိဖို. အတော် ခက်တဲ့အရာပါ။

အမေရိကန်၏ စံတန်ဘိုးဆိုတဲ့ လွတ်လပ်စာ ရေးသားဖော်ထုတ်ခွင့် Freedom of Expression အရ လူတွေအနေဖြင့် လွတ်လပ်စွာ ရေးသားခွင့်တွေရှိပါသည်။ ဒါပေမယ့် ဒီအခွင့်အရေးတွေ ဟာ အမေရိကန် ယဉ်ကျေးမှု အမေရိကန်နိုင်ငံသားနဲ. အမေရိကန် ပြည်တွင်းအတွက် ကျင့် သားရနေတာမို.   ပြသာနာမဖြစ်ပေမယ့် အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်ပြီး တခြားဘာ သာဝင်တွေ ကိုးကွယ်တဲ့အရာတွေကို ပျက်ရယ် ပြုသလို ဖြစ်နေရင်တော့ ဒီလွတ်လပ်စွာ ရေးသားခွင့်တွေဟာ တခြားနိုင်ငံ တခြားတိုင်းပြည်တွေ တခြားယဉ်ကျေးမှုတွေနဲ. ထိပ်တိုက် ဖြစ် စေပါသည်။

အမေရိကန်မှာ လွတ်လပ်စွာ ပြောခွင့်ရှိတဲ့အတွက် ပြောချင်တာတွေ ပြော ရေးချင်တာတွေ ရေး ရိုက်ချင်တာတွေ ရိုက်ခွင့် ရှိပေမယ့် အဲဒီ ပြောဆိုရေးသား ရိုက်ထုတ်မှုတွေဟာ အမေရိကန်နှင့် ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာ စံတန်ဘိုး ထားမှုတွေ မတူ ကွဲပြားတဲ့ နိုင်ငံတွေ လူမျိုးတွေအတွက် ကြီးမားတဲ့ စော်ကားမှု ပျက်ရယ်မှုတွေက တခြားသူတွေအတွက် အသက်တမျှ ကြီးမားတာမို. သတိထားဖို. တာဝန်ယူဖို. ဆင်ဆင်ခြင်ခြင်နဲ. လုပ်ကြကိုင်ကြဖို. လိုပါသည်။

အထူးသဖြင့် တပါးသူတွေ ကိုးကွယ်တဲ့ တန်ဘိုးထားတဲ့ ဘာသာရေး အထွဋ်အမြတ်တွေကို တခြား ဘာသာဝင်တွေက စော်ကားသလို မဖြစ်အောင် ဆင်ခြင်ဖို. လိုပါသည်။ ။လွတ်လပ်စွာ ပြောဆိုခွင့် ရှိသလို တဖက်မှာလည်း Common Sense ဖြစ်ဖို. လိုပါသည်။ တခါတလေ အင်တာနက်မှာ ဗုဒ္ဒရုပ်ပွားတော်တွေ ဆင်းတုတော်တွေနှင့် အတူ လူဖြူ အမျိုးသမီး အနောက်တိုင်းသူတွေ ကိုယ်တုံးလုံး ခြွတ်တွေ မဖွယ်မရာ အပြုအမှုတွေနှင့် ဖန်တီးထားတဲ့ ဓာတ်ပုံတွေဟာ တကယ့် ဗုဒ္ဒဘာသာကို မြတ်မြတ်နိုးနိုး ယုံကြည် ကိုးကွယ်သူတွေ အတွက် အတော်ကို စိတ်ထိခိုက်မှာ သေချာပါသည်။ သင်္ကန်းတွေ ၀တ်ပြီး သရုပ်ပျက် ဆေးမင်ကြောင် ယုတ်တွေနဲ. မင်းသား ဇင်ဝိုင်းရဲ့သား မင်းသား မင်းမော်ကွန်းရဲ့ ပုံတွေ အင်တာနက်မှာ ထွက်လာတုန်းကလည်း လူတွေ အတော် မကျေမနပ်ဖြစ်ခဲ့တာ အားလုံး အသိပါ။ ဒါကြောင့် လွတ်လပ်မှုနှင့် တာဝန်ခံမှု တာဝန်ယူမှုဟာ အမြဲတမ်း ယှဉ်တွဲနေမှ သင့်တော်ပါသည် မဟုတ်ရင် တနေရာရာမှာတော့ ထိခိုက်မှုတွေ ဖြစ်စေတာ အမှန်ပါ။

အခုဖြစ်တာလည်း ဒီအတိုင်းပါ။ အမေရိကန် လူမျိုးတဦးက လွတ်လပ်စာ ရေးသားဖော်ထုတ် ခွင့်ဆိုတဲ့ အယူအဆနဲ. ရုပ်ရှင်ရိုက်ပြီး ဖြန်.ချီမှုဟာ ဘာသာမတူ တန်ဘိုးခြင်း မကိုက်တဲ့ အရှေ.အလယ်ပိုင်း မူဆလင် ကမ္ဘာအတွက်ကတော့ ဒီလုပ်ရပ်ဟာ ကြီးမားတဲ့ အပြစ်တခု စော် ကားမှုလို ဖြစ်စေပြီး ခါးခါးသီးသီး တုံ.ပြန်မှုတွေ ခဲ့ပါသည်။ ဒီတော့လည်း အခုလို အကြမ်း ဖက် မှုတွေ တိုက်ခိုက်မှုတွေ ဆူပူသောင်းကြမ်းပြီး မတည်ငြိမ်မှုတွေ ဖြစ်စေခဲ့တာ မဟုတ်ပါလား။

ဒီတော့ အမေရိကန် ယဉ်ကျေးမှုး စံတန်ဘိုးတွေနှင့် အရှေ.အလယ်ပိုင်းက မူဆလင် ကမ္ဘာရဲ့ စံ တန်ဘိုးတွေ ထိပ်တိုက် တွေ.နေတာလို. ဆိုရင်လည်း မှားမည် မထင်။ အမေရီကန်အနေဖြင့် တခြားနိုင်ငံက လူမျိုးရေး ဘာသာရေး ပြသာနာတွေ ဖြစ်တိုင်း အတူ ငြိမ်းချမ်းစွာ နေထိုင်ဖို. ညှိနှိုင်းအဖြေရှာဖို.   တွေ.ဆုံ   ဆွေးနွေးခြင်းနည်းဖြင့် အဖြေရယူဖို. စည်းရုံးပြောဆို သြ၀ါဒတွေ ပေးနေသော်လည်း တကယ် သူ.အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်တာ အတိုက်အခိုက် ခံရတဲ့အခါ ရွေးချယ်တဲ့ နည်းလမ်းကတော့ စစ်တပ်နှင့် လုံခြုံရေးတပ်တွေ သုံးပြီး ဖြေရှင်းဖို. Justtice must be done ဆိုတဲ့ ပြောဆိုချက်တွေနဲ. လက်တွေ. တုံ.ပြန်တာကိုလည်း သတိထားရမည် ဖြစ်ပါသည်။

ဘယ်သူ မှားတယ် မှန်တယ် ပြောဖို. ခက်ပေမယ့် ကိုယ့်ဟာနဲ.ကိုယ်တော့ မှန်တယ်လို. ယူဆမှုတွေကြောင့် ထိပ်တိုက်မှုတွေ ဆက်ပြီး ရှိနေ ဖြစ်နေမှာပါ။ အကြမ်းဖက်မှုတွေကို လူတွေ မကြိုက်ပါ။ သို.သော် အကြမ်းဖက်မှုတွေ ခံရတဲ့အခါ စစ်တပ်သုံး လက်နက်အားကိုး ရတဲ့ အင်အားသုံး ဖြေရှင်းရမည်ဆိုတဲ့ အယူအဆတွေဟာ အခုအထိ ရှေ.ဆုံးမှာ ရှိနေဆဲ မဟုတ်ပါလား။

ဒါကြောင့်လည်း အမေရိကန် ရေတပ်က စစ်သင်္ဘောတွေနဲ. လစ်ဗျားကို ချီတက်နေတာ ဒီသဘော တရားပါ။

No comments:

Post a Comment