Friday 14 September 2012

ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည် တစ်သိန်းကျော် တစ်နှစ်အတွင်းပြန်ဖွယ်ရှိ

ဘန်ကောက်၊ စက်တင်ဘာ - ၁၄

မြန်မာနှင့်ထိုင်းအစိုးရတို့အကြားဆွေးနွေးညှိုနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့်သည် တစ်နှစ်အတွင်းမြန်မာနိုင်ငံသို့ပြန်ဖွယ်ရှိကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီNSC၏ပြောကြားချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောစစ်ဘေးဒုက္ခကြောင့် ရှမ်းနှင့်ကရင်တိုင်းရင်းသားများသည် ထိုင်းနိုင်ငံ နယ်စပ်တလျောက်တွင် စခန်းချနေထိုင်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လာရန်မျော်လင့်ချက်များရှိလာခဲ့သည်။

ထိုင်းနိုင်ငံနယ်စပ်တွင်ရောက်ရှိနေသောမြန်မာဒုက္ခသည်များ တစ်နှစ်အတွင်းပြန်လာနိုင်ရန် မြေမြှုပ်မိုင်း များရှင်းလင်းခြင်း၊နေရာထိုင်ခင်းများပြင်ဆင်ခြင်း၊အခြေခံဆောက်အဦိများတည်ဆောက်ခြင်းတို့ကို   မြန်မာအစိုးရကပြုလုပ်လျက်ရှိကြောင်း ထိုင်းအမျိုးသာလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှုး Wichean Potephosree ကိုကိုးကား၍ NSC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွန်ခဲ့သောသီတင်းပတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မြို့တော်နေပြည်တော်သို့သွားရောက်၍ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထိုင်းနိုင်ငံရှိမြန်မာဒုက္ခသည်များပြန်လာနိုင်ရန် အလုပ်အကိုင်များဖန်တီးပေးခြင်း၊လုပ်ငန်းခွင်ဝင်နိုင်ရန်လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်ဟု ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအထွေထွေ အတွင်းရေးမှုး Wichean Postphosree ကပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ပြန်လာသောဒုက္ခသည်များအတွက် အလုပ်အကိုင်ရရှိစေရန် မြန်မာနိုင်ငံတွင် ထိုင်းစက်ရုံများတည်ဆောက်ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရကလိုလားလျက်ရှိကြောင်းကိုလည်း NSC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
ref:7daynews

No comments:

Post a Comment