Friday 14 September 2012

Apple Wins Motorola In Germany

Apple ကနာမည်ကြီး နောက်ထပ် ပြိုင်ဘက်တစ်ခု ဖြစ်တဲ့ Motorola ကိုဂျာမန် တရားစီရင်ရုံးမှာ မူပိုင်ခွင့်နဲ့ တရားစွဲ ခဲ့ရာ အောင်မြင်မှု ထပ်မံရရှိလိုက် ပြန်ပါပြီ။
အခုလို Apple အနေနဲ့ ဥပဒေ တရားရုံး ကိစ္စတွေနဲ့ အရမ်း active ဖြစ်နေတာ လအနည်းငယ် ကြာနေပါပြီ။ San Jose-based တရားရုံးက Apple ကို Samsung နဲ့ ပတ်သက်ပြီး အသာစီး ပေးလိုက်ပေမယ့် US ဈေးကွက်ကနေ Samsung Smartphones တွေ ပိတ်ပင်စေချင်တဲ့ Apple ရဲ့ ဆန္ဒကို မဖြည့်ဆည်း ပေးခဲ့ပါဘူး။ ဂျာမနီက ထွက်လာတဲ့ စီရင်ချက်ဟာ Motorola Mobility အတွက် ပြင်းထန်တဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။ ဒီ အမှုထဲမှာ iOS platform ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ rubber-band type physics ပါဝင်ပါတယ်။ iOS developers တွေကတော့ rubber-band effect နဲ့ ပိုပြီး ရင်းနှီးမှု ရှိမှာပေါ့။ တခြား user တွေကို ပြောပြရမယ် ဆိုရင်တော့ rubber-banding effect ဆိုတာ table view or web view အဆုံးအထိကို အတက် အဆင်း လုပ်ပေးတဲ့ဟာကို ခေါ်တာ ဖြစ်ပါတယ်။


1

iOS ရဲ့ အကောင်းတကာ့ အကောင်းဆုံးထဲက အချက် တစ်ချက်ကတော့ လှလှပပနဲ့ Platform တစ်လျှောက်မှာ fluid animation နဲ့ လျှောလျှော ရှူရှူ သွားလာနိုင်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး US မှာ Samsung ကို အနိုင်ရခဲ့ပြီးပြီဆိုတာ လူတိုင်းသိမှာပါ။ အခု ဂျာမန်နိုင်ငံ Munich မှာ Motorola နဲ့ဆိုရင်လည်း Apple ကိုပဲ favor ပေးမှာပေါ့။ အမေရိကားက မူပိုင်ခွင့် ၃၈၁ ဟာ  European က EP2126678 မူပိုင်ခွင့်နဲ့ တူညီပါတယ်။ Motorola အတွက် သတင်းဆိုးကတော့ တရားသူကြီး Dr. Peter Guntz နဲ့ သူရဲ့ အဖွဲ့ဟာ Motorola အနေနဲ့ မူပိုင်ခွင့်ကို ထိပါးပြီး လည်ပတ် နေတဲ့ devices တွေ တော်တော်များများ ရှိတယ်လို့ သုံးသပ်မိနေပါတယ်။

၂

Apple ကတော့သူ့ရဲ့ မူပိုင်ခွင့်ကို ထိပါးတယ် ထင်တာနဲ့ ဖုန်းကုမ္မဏီများကို တရားစွဲဆိုရာ မှာတော်တော်လေး အောင်မြင်မှု ရရှိ နေပါတယ်။ အခုလောလောဆယ် Apple က အပေါ်စီးက ရှိနေတယ် ဆိုပေမယ့် အခု အသစ် ထွက်လာတဲ့ LTE-enabled iPhone 5 က LTE-based မူပိုင်ခွင့်တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ Samsung ဆီက တရားဥပဒေ ဆိုင်ရာ အာရုံစိုက်မှုကို ရရှိလာနိုင်ပါ တယ်။ စောင့်ကြည့်ကြတာပေါ့။ 

ref:mymclub

No comments:

Post a Comment