မကွေးတိုင်းဒေသကြီး
မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်းပိုင်
ရဲစခန်း အနောက်မြောက် ဘက် ၁၇ မိုင်ခန့် အကွာ ယာကြီးတောအုပ်စုကွင်းပေါင်းကျေး ရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့သည်။
ဖြစ်စဉ်မှာ ၁၁.၉.၂၀၁၂ နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်သွားရဲစခန်းပိုင် ယာကြီးတော အုပ်စုကွင်းပေါင်းကျေး ရွာတွင် ဓားခုတ်မှုဖြစ်ပွားနေကြောင်း သတင်းအရ ဆက်သွားရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းထွန်းအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ အရပ်သို့သွားရောက် စုံစမ်းစစ်ဆေး ရာ ယာကြီးတောအုပ်စုကွင်းပေါင်းကျေး ရွာနေ
ဦးအောင်ဝင်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ၊ ကျေးရွာလယ်သမားများ
နှင့်အတူ ရွာတောင်ဘက် ရှိကန်ကြီးကန်ဆည်ကျိုးပေါက်မည်ကို
စိုးရိမ်သဖြင့် သွားရောက်ကြည့်ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်
ညီဖြစ်သူမောင် နိုင် နှင့် ဇနီးဖြစ်သူ မသိန်းကြည်တို့
စကားများရန်ဖြစ်သံကြားရ၍ ဇနီးဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ
မောင်နိုင်မှ သားဆဲ ၊ မယားဆဲ ဆဲဆိုသဖြင့် စကားများခြင်းဖြစ်ကြောင်းပြောပြပြီး ညီဖြစ်သူ မောင်နိုင်အား ဆက်
လက်မေးမြန်းရာ မောင်နိုင်မှ
ဖရုံခင်းနွားဝင်စားကြောင်း နှင့် အိမ်ဝိုင်းကို ရောင်းမည် ပြောသံကြားရ၍
စကားများခြင်းဖြစ်ကြောင်းပြောပြ သိရပြီး အခြေအနေတင်းမာလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင်အား
သွားရောက်ခ်ါပြီး ပြန်လာစဉ် ဇနီးဖြစ်သူ မသိန်းကြည်မှာ နေအိမ်အ၀င်ပေါက်
အောက်တွင် ၀ဲနားရွက်အောက် ၊ မေးစေ့ နောက်စေ့အထိ ၈ လက်မခန့် အနက ၁ လက်မခန့်
ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိပြီးသေဆုံးနေသည်ကိုတွေ့ ရှိရသည်ဆို၏။
ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ဦးအောင်ဝင်းမှ ၎င်း၏ ဇနီးဖြစ်သူအား
ဓားဖြင့်ခုတ်သတ်သူ၎င်း၏ ညီမောင်နိုင် ၄၂ နှစ် (ဘ) ဦးထွန်းတင်ယာကြီးတောအုပ်စု
ကွင်းပေါင်းကျေးရွာနေသူအား ဥပဒေ နှင့် အညီ အရေးယူပေးပါရန်
တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆက်သွား ရဲစခန်း(ပ)၁၄၀/ ၂၀၁၂
ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး
အမှုစစ်ရဲအုပ်စခန်းမှူးထွန်းထွန်းအောင်မှ အခင်းဖြစ်နေရာအား
မြေပုံကြမ်းရေးဆွဲခြင်း ၊ ဓာတ်ပုံ မှတ်တမ်းရိုက်ကူးခြင်း ရဲလုပ်ငန်းများ
ကုန်စဉ်အောင် စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ရဲလုပ်ငန်းပြီးပြတ်ပါက
အမှုအားခိုင်မာစွာတည်ဆောက်၍ သက်ဆိုင်ရာတရားရုံးသို့
အမြန်တရားစွဲတင်ပို့နိုင်ရန်စီစ ဉ်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။
ref:hot news
ref:hot news
No comments:
Post a Comment