Friday 24 August 2012

အာကာသ တွင်းနက်များကို စူးစမ်းပြီး ဂြိုဟ်သားများ ရှိ၊ မရှိကို တရုတ် လေ့လာမည်


တရုတ်နိုင်ငံ အနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်တွင် အာကာသကို စူးစမ်း လေ့လာမည့် အစီအစဉ် တစ်ရပ်ကို လုပ်ဆေင်တော့မည် ဖြစ်ကာ အာကာသ တွင်းနက်များ ၊ dark matter ဟု ခေါ်သည့် အရာများနှင် အခြား ကမ္ဘာများတွင် သက်ရှိများ ရှိ ၊ မရှိတို့ကို လေ့လာသွားမည် ဖြစ်ကြောင်း နိုင်ငံ အတွင်းရှိ ထိပ်တန်း သိပ္ပံ သုတေသနပြုနေသူ တစ်ဦး၏ အပြောကို theregister သတင်းတွင် ဖော်ပြသည်။

တစ်ချိန်က တရုတ် နိုင်ငံ၏ အာကာသ ဗေဒ အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သူနှင့် တရုတ်သိပ္ပံ အကယ်ဒမီမှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Su Dingqiang ၏ အပြောအရ ယင်းသို့လေ့လာမည့် အစီအစဉ်များကို နိုင်ငံတကာ အာကာ သိပ္ပံ အဖွဲ့ ၏ ၂၈ ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲအတွင်း ဒေသခံ မီဒီယာများ သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။ အလားတူပင် အထူး ပြုလုပ်ထားသည့် X-ray မှန်ပြောင်းဖြင့် လာမည့် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း Ziyuan II ဂြိုဟ်တုကို အသုံးချကာ ကမ္ဘာပတ်လမ်းကြောင်းသို့ ပို့ဆောင်ပြီး စောင့်ကြည့်စေ မည် ဖြစ်သည်ဟု ပြောခဲ့သည် လက်ရှိတွင် အဆိုပါ မှန်ပြောင်းမှာ တည်ဆောက်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment