
အစိုးရအဖွဲ့ ၏ တောင်းဆိုချက်အတိုင်း လူမှုကွန်ယက်ဝက်ဘ်ဆိုက်များဖြစ်ကြသော
Facebook၊ Twitter နှင့် Google တို့ က “လှုံ့ဆော်” စာသားများကို ဖယ်
ရှားပေးခဲ့သည်။
အိန္ဒိယအစိုးရအဖွဲ့ ၏ တောင်းဆိုချက်များအတိုင်း
လုပ်ဆောင်ပေးခဲ့သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ပေးမှုသည် Facebook ၏
ယခင်ရှိပြီးသား ဥပဒေချိုးဖောက်သူများကို
ပိတ်ပင်မူပြု လုပ်ခြင်းမျိုးသာဖြစ်ကြောင်း Facebook ကသတင်းထုတ်ပြန်သွားသည်။
အကြမ်းဖက်ခြိမ်းခြောက်စာအများစုသည် ပါကစ္စတန်နိုင်ငံမှ အဓိက ထွတ်ပေါ်လာခြင်းသာဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့ က စွပ်စွဲပြောဆိုထားသည်။
လူမျိုးရေးမငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်သည့် အင်တာနက် ဝက်ဘ်ဆိုဒ် ၂၄၅
ခုကို ပိတ်ပင် လိုက်ကြောင်း အိန္ဒိယ ဆယ်သွယ်ရေးဝန်ကြီး
ချန်ဒရာရှိခါးကထုတ်ဖော်ပြောကြားသွားသည်။
သို့ သော်လည်း ယင်းကဲ့သို
့သော ဝက်ဘ်ဆိုဒ်ပိတ်ပင်မူများမှတစ်ဆင့် အလွန်အကျွံ ဆင်ဆာပြုလုပ် မူများသို
့ရောက် ရှိသွားနိုင်ကြောင်း India Express သတင်းစာက သတိပေးရေးသားသည်။
No comments:
Post a Comment