Friday 24 August 2012

တရုတ်နိုင်ငံအတွက် Mi-171 E ဘက်စုံသုံး ရဟတ်ယာဉ်များ ရုရှားတည်ဆောက်မည်

(မော်စကို  သြဂုတ်  ၂၃)
ရုရှားနှင့် တရုတ် နိုင်ငံတို့ အကြား မကြာသေးမီက ချုပ်ဆို ခဲ့သည့် စာချုပ် အရ ရုရှား ရဟတ်ယာဉ် ထုတ်လုပ်ရေး စက်ရုံကြီး တစ်ခုဖြစ်သည့် Ulan ude စက်ရုံသည် တရုတ်နိုင်ငံ အတွက် Mi-171 E ဘက်စုံသုံး ရဟတ်ယာဉ် များကို  တည်ဆောက် သွားမည်ဖြစ် ကြောင်း သိရသည်။
ရုရှားနှင့် တရုတ် နိုင်ငံ တို့သည် ယခုနှစ်  ဇူလိုင်လက  Mi-171 E ရဟတ်ယာဉ် များ ရောင်းဝယ်ရေးဆိုင်ရာ သဘောတူ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြ သည်။
Mi-171 E ရဟတ် ယာဉ် တစ်စင်း အတွက် ကုန်ကျ စရိတ်သည် ခန့်မှန်းခြေ အားဖြင့် အမေရိကန် ဒေါ်လာ ၁ဝ သန်း မှ ၁၂ သန်း အထိ ရှိကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။
Mi-171 E သည် Mi-8 ပို့ဆောင်ရေး ရဟတ်ယာဉ် ပုံစံကို အဆင့်မြှင့်ထား သည့် ရဟတ် ယာဉ်ဖြစ်ပြီး အရပ်ဘက် နှင့် စစ်ဘက် ဆိုင်ရာ များတွင် အသုံးပြု နိုင်သည်။
Mi-171 E သည် အရှေ့ အလယ်ပိုင်း နှင့်  အာရှ နိုင်ငံ များတွင် စစ်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အထူး ထုတ်လုပ် ထားကြောင်း  သိရ သည်။ 

No comments:

Post a Comment