Friday 24 August 2012

ထိုင်းပညာရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ



(ဓာတ်ပုံများ - INEB)

ထိုင်းနိုင်ငံရဲ့ လူမှုရေး၊ စာပေ၊ လူ့အခွင့်အရေး နယ်ပယ်မှာ သြဇာကြီးမားတဲ့ Sulak Sivaraksa ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မကြာသေးမီက မြန်မာပြည်သွားရောက်လည်ပတ်ခဲ့ပါတယ်။
နိုင်ငံတကာဗုဒ္ဓဘာသာဝင်များကွန်ရက် - International Network of Engaged Buddhists (INEB) ကိုယ်စားလှယ်အဖွဲ့ပါ။

Sulak Sivaraksa က စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားထုတ်ဝေခဲ့ပြီးပြီလို့ သိရပါတယ်။ ပြောရဲဆို ရဲ ဝေဖန်ရဲသူဖြစ်တဲ့ Sulak Sivaraksa က လာမယ့်နှစ်ဆိုရင် အသက် ၈၀ ပြည့်ပါပြီ။

သူတို့ အဖွဲ့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။

INEB ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်

ကချင်ဒေသ လွှတ်တော်အမတ်များနဲ့လည်း သူတို့ တွေ့ဆုံခဲ့ပါတယ်။

No comments:

Post a Comment