Friday 24 August 2012

မြို့တော်သစ် တည်ဆောက်ရေး စီမံကိန်းကို အများပိုင် ကုမ္ပဏီလီမိတက် ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်


နိုင်ငံသား စီးပွားရေးလုပ်ငန်း အများပိုင် ကုမ္ပဏီလီမိတက် အသေးစားချေးငွေလုပ်ငန်းနှင့် မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းရန် အစုရှယ်ယာ အဆိုပြုလွှာများ ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဗဟန်းမြို့နယ် ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့် ဆရာစံပလာဇာရှိ သမဝါယမဘဏ်လီမိတက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်မှစ၍ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့သော်လည်း အများပိုင်ကုမ္ပဏီ အနည်းစုသာ ရှိခဲ့ကြောင်း ယနေ့ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများသည် အနာဂတ်တွင် အရင်းအနှီးဈေးကွက် (Capital Market) ပေါ်ပေါက်လာစေရန် ဦးတည်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့် အချိန်ကာလဖြစ်ကြောင်း။ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် ဒုတိယအဆင့် နိုင်ငံတော်စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ဒေသန္တရဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများအား အကောင်အထည်ဖော် ရာတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရန် ဆိုသည့် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်ကို ထင်ဟပ်ပေါ်လွင်စေမည် ဖြစ်ကြောင်း၊ မြို့တော်သစ် တည်ဆောက်ရေး စီမံကိန်းကို အများပိုင် ကုမ္ပဏီလီမိ တက် ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်စေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုရရှိကာ နိုင်ငံစီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကိုလည်း အများပိုင်ကုမ္ပဏီ လီမိတက်အဖြစ် ဖွဲ့စည်းတည်ထောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့် အတွက် ကျေး လက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲမှုများ အထိုက် အလျောက် လျော့ကျသွား မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် သမဝါယမဘဏ် လီမိတက်နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီများ အုပ်စု၏ ဥက္ကဋ္ဌ ဦးခင်မောင်အေးက မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်နှင့် ပတ်သက်၍ လည်းကောင်း၊ ကောင်းမြန်မာအောင် ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက နိုင်ငံသား စီးပွားရေးလုပ်ငန်း အများပိုင် ကုမ္ပဏီလီမိတက် အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်း ပြောကြားကြ သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြပြီး လုပ်ငန်းရှင်အချို့က အစုရှယ်ယာ အဆိုပြုလွှာများကို ပေးအပ်ကာ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျေးဇူတင်စကား ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment