Friday 24 August 2012

ချယ်ရီကိုးလ် နောက်တစ်ကြိမ် အသည်းကွဲမည်ကို မိခင်ဖြစ်သူစိုးရိမ်

cheryl cole
(ချယ်ရီကိုးလ်နှင့် သူမ၏မိခင်)
ချယ်ရီကိုးလ်၏ မိခင်ဖြစ်သူက သူမ၏ သမီးအနေဖြင့် နောက်တစ်ကြိမ် အသည်းကွဲရမည်ကို စိုးရိမ်လျှက် ရှိနေကြောင်း သိရှိရသည်။ ခင်ပွန်းဟောင်း အက်ရှ်လေကိုးလ်နှင့် ကွာရှင်းစဉ်က အလွန်စိတ်ထိခိုက် ခံစားခဲ့ရသော အဆိုတော်မလေးသည် ယခုအခါ သူမကို အကူ အညီ ပေးခဲ့သူ အကသမား ထရီဟော်လိုဝေးနှင့် ချစ်သူများ ဖြစ်လာ ခဲ့သည်။

အသက်(၂၉)နှစ်ရှိ ချယ်ရီ၏ မိခင်ဖြစ်သော ဂျိုအန်ကာလက်ဂန်က သူမ၏ သမီးသည် ထရီနှင့် ပတ်သက်ပြီး နောက်တစ်ကြိမ် ထိခိုက် ကြေကွဲရမည်ကို စိုးရိမ်ကြောင်း မိတ်ဆွေ သူငယ်ချင်းများထံ ဖွင့်ဟခဲ့သည်။ အသက်(၅၃)နှစ်ရှိ ဂျိုအန်သည် သမီးဖြစ်သူက မကြာသေးမီက ပြုလုပ်သော မိသားစု တွေ့ဆုံပွဲကို မတက်ရောက်ခြင်း အပေါ်တွင်လည်း စိတ်ပျက်လျှက် ရှိသည်။ ချယ်ရီသည် ထရီအတွက် အချိန်ပေးနေရသဖြင့် ဂျိုအန်၊ အစ်ကိုဖြစ်သူ ဂယ်ရီတို့ကို လာရောက် မတွေ့ဆုံနိုင်ခဲ့ပေ။
"အစောပိုင်း နေ့တွေမှာတော့ ထရီက ချယ်ရီအတွက် (၁၀၀)ရာခိုင်နှုန်း အဆင်ပြေနေတာပါပဲ။ သူက ကြည့်ကောင်းသလို ချယ်ရီ့ကိုလည်း သဘောကျပုံ ရတယ်။ ဒါပေမဲ့ ဂျိုအန်က တစ်နေ့နေ့မှာ ထရီဟာ ချယ်ရီ့ကို ထိခိုက်သွားအောင် လုပ်မှာကို စိုးရိမ်နေတယ်"ဟု ချယ်ရီ့မိသားစုနှင့် ရင်းနှီးသူ တစ်ဦးက ပြောကြားခဲ့သည်။ ချယ်ရီသည် ချယ်လ်ဆီးအသင်းမှ ဘောလုံးသမား အက်ရှ်လေနှင့် (၂၀၁၀)ပြည့်နှစ်က ကွာရှင်းခဲ့သည်။ သူမသည် မတ်လက ထရီနှင့် စတင်တွေ့ဆုံခဲ့ပြီးနောက် ကွာရှင်းမှုအပြီး ဒုတိယမြောက် ချစ်သူသစ်အဖြစ် အတည်တကျ တွဲလာခဲ့သည်။
ချယ်ရီသည် အမေရိကန် အကသမား ဒါရက်ဟော့ဂ်ျနှင့် တွဲခဲ့သေးသော် လည်း ရေရှည်တွင် အဆင်မပြေခဲ့ချေ။ ချယ်ရီ၏ သူငယ်ချင်း တစ်ဦးက "ချယ်ရီတွဲတဲ့ ဘယ်အမျိုးသားမဆို သူ့အမေရဲ့ စမ်းသပ်အကဲခတ်မှုကို ခံရတာချည်းပဲ။ ဂျိုအန်က ချယ်ရီ့အတွက် အလေးအနက် ကာကွယ်ပေး ချင်တဲ့ သဘောမျိုး ရှိနေတယ်။ ထရီကတော့ ဂျိုအန် လက်ခံလာနိုင်တဲ့ အခြေအနေရောက်အောင် တော်တော် ကြိုးစားရမယ် ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။ ချယ်ရီသည် လက်ရှိတွင် အယ်လ်ဘမ်သစ်အ တွက် လုံးပမ်းနေပြီး လော့စ်အန်ဂျလိစ်တွင် နေထိုင်လျှက်ရှိသည်။

No comments:

Post a Comment