နော်ဝေနိုင်ငံတွင် လူ ၇၇ ဦးသေဆုံးခဲ့ရသော
အစိုးရအဆောက်အအုံများကို ပစ်မှတ်ထားကာ ကားဗုံးခွဲတိုက်ခိုက်ခြင်းနှင့်
လူအများအပြားအား ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့သူ အန်းဒရက်စ်
ဘရီဗစ်ခ် (Andres Breivik) အား တရားရုံးက ထောင်ဒဏ် ၂၁ နှစ် ယနေ့ (သြဂုတ်
၂၄) ချမှတ် လိုက်သည်။
နော်ဝေတရားရုံးက ဘရီဗစ်ခ်အား
စိတ်ပုံမှန်ရှိသူတစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့ပြီး ၎င်းအား စိတ်ရောဂါကုဆေးရုံတွင်
ထားရှိမည်မဟုတ်ဘဲ အကျဉ်းထောင်သို့သာ ပို့ဆောင်မည် ဖြစ်သည်။
လက်ယာစွန်းဝါဒီ တစ်ဦးဖြစ်သူ ဘရီဗစ်ခ်သည် ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂
ရက်တွင် နော်ဝေနိုင် ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာအနီးတွင်
ကားဗုံးဖောက်ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya)
ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား
ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။

No comments:
Post a Comment