Friday 24 August 2012

လာ့စ် ဘေးဂပ်စ်တွင် ရိုက်ကူးတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကိုယ်တုံးလုံး ပုံ

http://www.tmz.com/

အမေရိကန်ပြည်ထောင်စု လာ့စ် ဘေးဂပ်စ်မြို့တွင် လွန်ခဲ့တဲ့ သောကြာနေ့ (၂၀၁၂ သြဂုတ် ၁၇ ရက်နေ့) က ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကိုယ်တုံးလုံး ဓါတ်ပုံနှစ်ပုံဟာ သြဂုတ်လ ၂၁ ရက်နေ့ညပိုင်းက အင်တာနက်စာမျက်နှာတွေပေါ်ကို ပြန့်နှံ့ခဲ့ပါတယ်။ ဓါတ်ပုံများ ကို ဖော်ပြခဲ့တဲ့ အင်တာနက်စာမျက်နှာကတော့ TMZ (တီအမ်မ်ဇီး လို့ အသံထွက်ကြပါတယ်) လို့ခေါ်တဲ့ နာမည်ကြီးတွေရဲ့ ဟိုအကြောင်း ဒီအကြောင်း ရေးသား ဖော်ပြလေ့ရှိတဲ့ အင်တာနက် စာမျက်နှာ ဖြစ်ပါ တယ်။
 http://www.tmz.com/ တွင် ဖော်ပြထားတဲ့ တော်ဝင်မင်းသား ဟယ်ရီရဲ့ ကိုယ်တုံးလုံးဓါတ်ပုံနှစ်ပုံအနက် တပုံမှာ ဟယ်ရီက သူ့ခန္ဓာကိုယ် အရှေ့အလယ်ပိုင်းကို လက်ဝါးနဲ့ အုပ်ထားပြီး နောက်တပုံမှာတော့ ကိုယ်တုံးလုံးဖြစ်နေတဲ့ အမျိုးသမီးတဦးကို ဟယ်ရီက နောက်မှ ဖက်ထားတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ ဒီဓါတ်ပုံတွေ ပြန့်နှံ့တာနဲ့ ပတ်သက်လို့ သတင်းမီဒီယာလောကတွင် အလုပ်လုပ်ကိုင်နေသူတဦးက လူစိမ်းတွေနဲ့ ပြည့်နေတဲ့ အခန်းထဲ ကိုယ်တုံးလုံး ဖြစ်နိုင်တဲ့ အခြေအနေမှာ လက်ကိုင်ဖုန်းတွေကို မသိမ်းဆည်းဘဲ ထားတာဟာ ဟောလီးဝုဒ်ရဲ့ အခြေခံသဘောတရားတခုကို မလိုက်နာခြင်း ဖြစ်တယ်လို့ မြင်ပါတယ်။ အခြေအနေတခုကို တယောက်ယောက်က ဓါတ်ပုံရိုက်နိုင်ခဲ့ လို့လည်း အခုလို တကမ္ဘာလုံး သိအောင် ပြန့်နှံ့သွားခြင်း ဖြစ်ပါတယ်။ ဒီ ဓါတ်ပုံဟာ ဟယ်ရီရဲ့ ဓါတ်ပုံဖြစ်ကြောင်း ဗြိတိသျှတော်ဝင်နန်းတော်က အတည်ပြုသော်လည်း ဝေဖန်ချက် တစုံ တရာတော့ ပြောဆိုခြင်း မရှိပါဘူး။ ဟယ်ရီဟာ သူ့ရဲ့ စစ်မှုထမ်းတာဝန် မထမ်းဆောင်မီ သူငယ်ချင်းများနဲ့ အမေရိကန်ပြည်ထောင်စု လာ့စ်ဘေးဂပ်စ်မှာ အပမ်းဖြေနေစဉ် အခုလို ဓါတ်ပုံအရိုက်ခံ လိုက်ရခြင်း ဖြစ်ပါတယ်။ ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိသျှတော်ဝင်မိသားစု အကြောင်း ရေးသားတဲ့ ဗြိတိန်နိုင်ငံထုတ် Majesty Magazine အယ်ဒီတာချုပ် Ingrid Seward က “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘုရင်မကြီးကတော့ ဟယ်ရီကို ဘာမှ ပြောမှာ မဟုတ်ကြောင်း၊ သူ့အနေနဲ့ သိတ်ပြီး အလေးထားနိုင်ခြေ မရှိကြောင်း၊ သို့သော်လည်း မင်းသားဖိလစ်ကတော့ ပြုံးကောင်း ပြုံးနေနိုင်ကြောင်း၊ သတ္ထုချကြည့်ရင်တော့ သူတို့ ပျော်နေကြတာ ဖြစ်ကြောင်း။“ အမေရိကန် အေဘီစီသတင်းဌာနရဲ့ Good Morning America အစီအစဉ်ကို ပြောပြပါတယ်။ အမေရိကန်သတင်းတွေမှာ ထိုသတင်းတွေကို ဖော်ပြကြပေမယ့် ဗြိတိန်သတင်းလောကကတော့ အဲဒီသတင်းကို အစောပိုင်းတွင် ဖော်ပြခဲ့ခြင်း မရှိပါဘူး။ သို့သော်လည်း သြဂုတ် ၂၄ ရက်နေ့ထုတ် The Sun သတင်းစာမှာတော့ မျက်နှာဖုံးသတင်းအနေနဲ့ ဖော်ပြထားပါတယ်။ အသက် ၂၇ နှစ်ရှိတဲ့ တော်ဝင်မင်းသား ဟယ်ရီဟာ ရှုံးတဲ့သူက အ၀တ်ချွတ်ကြေး ဘိလိယက်ထိုးကြရင်း ကိုယ်တုံးလုံး ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ ဟယ်ရီတယောက် ဟော်တယ်ဘားခန်းထဲကို နောက်လိုက် အခြွေအရံတွေနဲ့ ရောက်လာခဲ့ပြီး မိန်းကလေးငယ်တသိုက်နဲ့ အဖွဲ့ကျကာ သူ့ရဲ့ သီးသန့်ခန်းကို လိုက်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပြီး သူ့အခန်းတွင်း၌ ပျော်ပါးနေကြရင်း ဘိလိယက်ထိုးကြ၊ အ၀တ်အစားတွေ ချွတ်ကြ၊ ဓါတ်ပုံရိုက်သူတွေက ရိုက်ကြရင်း အခုလို ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment