ဒီဇင်ဘာလဆန်းပိုင်းက နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ်အထူးစီးပွား ရေး ဇုန်သို့လာရောက်ကြည့်ရှုပြီး သည့်နောက်ပိုင်းဒေသတွင်းရှိအိမ် ခြံမြေအရောင်း အ၀ယ်ဈေးကွက်များပြန် လှုပ်လာကြောင်း သိရသည်။
ထားဝယ်မြို့နယ်အထွက် ကမျောကင်းလမ်းမညာဘက်ခြမ်း မှ မြေကွက် များအရောင်း အ၀ယ် ပြန်လိုက် လာကြောင်း၊ ထားဝယ် တိုးချဲ့မြို့ သစ်မြေကွက်များမှာ ပေ ၄၀x ၆၀၊ ပေ ၄၀x ၈၀၊ ပေ ၆၀x ၈၀ များဖြစ်ပြီး ဂရန်မြေကွက် နှင့် စလစ်မြေကွက်ဟူ၍ နှစ်မျိုး ရှိကြောင်း၊ ၎င်းမြေကွက်များမှ ၁၉၉၀ ခုနှစ်နောက်ပိုင်း လူနေထိုင် ရန်ချထားပေးပြီး ၂၀၁၀ ခုနှစ်တွင်ရေနက်ဆိပ်ကမ်းပြုလုပ်မည်ဆို သည့်သတင်းများကြောင့် လိုက်လံ ၀ယ်ယူမှုများရှိလာကြောင်း ၂၀၁၁ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်ဆန်း ပိုင်းလောက်မှ စပြီးမြေဈေး များထိုး တက်လာကြောင်း၊ ယခုဒီဇင်ဘာ လဆန်းပိုင်းမှစ၍ မြေဈေးတွေ ပြန်လှုပ် လာကြောင်း ၊ ဈေးနှုန်းတွေ ထပ်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအချို့ထံက သိရသည်။
The Hot News
No comments:
Post a Comment