အမေရိကန် နိုင်ငံမှာ ကောက်ခံခဲ့တဲ့
စာရင်း ဇယားများ အရ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ရေတွက်ထားတဲ့ ၃ လပတ်စစ်တမ်းမှာ စမတ်ဖုန်း စုစုပေါင်း ရောင်းအား၌ Apple ရဲ့ iPhone က 53.3% အထိ
ရှိခဲ့ကြောင်း သိရသည်။Apple ရဲ့ အောင်ပွဲမှာ အဓိကကျခဲ့တာ ကတော့
၎င်းရဲ့ ထုတ်ကုန်အသစ် iPhone 5 ပါပဲ။ အောက်တိုဘာမှာ စတင်ရောင်းချခဲ့တဲ့ iPhone
5 ကြောင့် အမေရိကန် စမတ်ဖုန်းဈေး ကွက် မှာ နောက်ဆုံး ၃ လအတွင်း
ရောင်းချမှုရဲ့ တစ် ဝက်ကျော်ကျော်ကို Apple မှ ရရှိခဲ့ပါတယ်။
ကျူပါတီနိုးအခြေစိုက် ကုမ္ပဏီအတွက် ဒါဟာ
ပထမဆုံး အကြိမ် ဈေးကွက်ရှယ်ယာ 50% ကျော် ရရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က
အလားတူအချိန်ထက် 17.5% ဈေး
ကွက်ဝေ စုပိုမိုရရှိခဲ့တာကို တွေ့ရပါတယ်။ iPhone
5 ရဲ့ အောင်မြင်မှုကြောင့် ရောင်းအကောင်းဆုံး ချန်ပီယံဟောင်းဖြစ်တဲ့
Android စမတ် ဖုန်းတွေကို အမေရိ ကန် ဈေး ကွက်မှာ နောက်ဆုံး ၃ လပတ် စာရင်း၌
ဒုတိယအနေရာသို့ ကျဆင်းသွားစေခဲ့ပါတယ်။
ဥရောပမှာတော့ ဈေးကွက်ရလဒ်ဟာ
အနည်းငယ်ကွာခြားခဲ့ပြီး နောက်ဆုံးထွက် iPhone ရဲ့ အရှိန်အဝါဟာ Android ရဲ့
ဖွံ့ဖြိုးမှုကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ Google ရဲ့ မိုဘိုင်း OS ဟာ
ယခုနှစ်မှာ ဥရောပဈေးကွက်ရှယ်ယာ 61% အထိ ရရှိခဲ့ပြီး လွန်ခဲ့တဲ့ နှစ်က 5.1%
သာ ရှိပါတယ်။
iOS က ဥရောပမှာ ဒုတိယလူကြိုက်အများဆုံး
မိုဘိုင်းပလက်ဖောင်းဖြစ်ကာ 25.3% ဈေးကွက်ရှယ်ယာ ရရှိပြီး လွန်ခဲ့တဲ့နှစ်ထက်
2% ခန့်သာ ပိုမို လာပါ တယ်။ မိုက်ကရိုဆော့ဖ်ရဲ့ ဝင်းဒိုးဖုန်းဟာလဲ
ဖွံ့ဖြိုးမှု မြင်နေရပြီး ဈေးကွက်ရှယ်ယာ 4.7% အထိ ရရှိလျက် ရှိပါတယ်။
ကွာခြားမှု အများဆုံးကတော့ စပိန်နိုင်ငံ
စမတ်ဖုန်းဈေးကွက်ဖြစ်ပြီး စမတ်ဖုန်းသုံးစွဲသူ စုစုပေါင်းရဲ့ 84.1% ဟာ
Android စမတ်ဖုန်းကို ကိုင်ဆောင်ကြပါ တယ်။ အခြား ဥရောပနိုင်ငံများနဲ့
သြတတြေးလျတို့မှာတော့ ကွာခြားမှု အလွန်မမြင့်မားဘဲ Android နဲ့ iOS တို့ကဘဲ
စိုးမိုးနေပါတယ်။
တရုတ်နိုင်ငံ ဈေးကွက်မှာတော့ Android ဟာ
72.2% အထိ ဈေးကွက်ဝေစု ရရှိထားပြီး iOS ကတော့ 19.2% ဖြင့် နောက်မှ
လိုက်နေပါတယ်။ ဘရာ ဇီးဈေးကွက်ဟာ အထူးခြားဆုံးဖြစ်ကာ Android က
နံပါတ် တစ်နေရာမှာ ဦးဆောင်နေပေမယ့် ဒုတိယနေရာမှာ Symbian မှ ရပ်တည်နေပါတယ်။
Ref : Yoyarlay
No comments:
Post a Comment