တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူ အညီ ပေးရေးအစီအစဉ်အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ် ယူ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သံရုံးအရာရှိ တစ်ဦး က ပြောကြားသည်။တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြ များ စေလွှတ် ရန်၊ မြန်မာ
ကစားသမားများအတွက် လေ့ကျင့်ရေး ကိရိယာများနှင့် ပြိုင်ပွဲဝင်ပစ္စည်းများ
အထောက်အပံ့ ပေးရန်၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေးစနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲပိတ်ပွဲအခမ်းအနား
ကျင်းပရေးတို့တွင်အကူအညီ ပေးရေး အစီအစဉ် များလည်းပါဝင်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရ သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အားကစားနည်းပြအဖွဲ့များမှာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား အားကစားနှင့် အပြည်ပြည်ဆိုင်ရာစီးပွားရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး အတွက် အကူ အညီ ပေးရေးအစီအစဉ်များထဲမှ တစ်ခုဖြစ်ကြောင်း အားကစားဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကြာအောင်က ပြောဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမားများ အောင်မြင်မှု ရရှိနိုင်ရန်အတွက် တရုတ် နိုင်ငံက အကူ အညီ ပေးသည့် အဆင့်မြင့် အားကစားအဖွဲ့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန် မြို့တော်သို့ ရောက်ရှိလာပြီး ယင်းနည်းပြအဖွဲ့တွင် အားကစားနည်း ၁၃ မျိုး အတွက်နည်းပြ ၂၆ ဦး ပါဝင်ကာ မစ္စတာ ကျန်းကျင်စန်းမှာ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။
The Voice Weekly
ဓာတ်ပုံ - Aung Aung Tun

No comments:
Post a Comment