Friday 28 December 2012

ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် တရုတ် နိုင်ငံမှ ရေခဲမြို့တော်ကြီး


ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် တရုတ် နိုင်ငံမှ ရေခဲမြို့တော်ကြီး

တရုတ် နိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ ရှိသော ဟာဘင် ရေခဲ ပွဲတော်ကြီးအား  ဆက်လက် ကျင်းပခဲ့ရာ  ကမ္ဘာ လှည့် ခရီးသွားများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ ဆောင်းရာသီ၌ ကျင်းပလေ့ ရှိသော အဆိုပါ ပွဲတော်အား ယခုနှစ်တွင် ''ရေခဲမြို့တော်''ဟု တင်စား ခေါ်ဝေါ်ခဲ့ပြီး ဧရာမ ရေခဲပန်းပု ရုပ်တုများ က မြင်ရသူ တိုင်းကို အံ့သြ မှင်တက် စေခဲ့သည်။ ယခုနှစ် ရေခဲ ပွဲတော်တွင် ကမ္ဘာကျော် စစ်သူကြီး နပိုလီ ယံ ဘိုနာပတ်၏ ရုပ်တုကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ၏ အထင်ကရ အီဖယ် မျှော်စင်ကို လည်းကောင်း၊ ဆွစ်ဇာလန် နိုင်ငံမှ တောင်ပေါ် သစ်သား အိမ် များနှင့် အခြား အနုပညာ လက်ရာ များစွာကို ပြင် သစ် နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်း ဌာနက အသေးစိတ် ထွင်းထုခဲ့သည်။

 ရေခဲ ရုပ်တုများ ထွင်းထုရာ တွင် ရေခဲ ကုဗမီတာ ၃ဝဝဝဝ ကျော်ကို အသုံး ပြု ခဲ့သည်။ ရေခဲ ရုပ်တုများ၏ အမြင့်မှာ ပေ ၁ဝဝ မှ ပေ ၆ဝဝ အထိရှိသည်။ ထို့ပြင် အဆိုပါ ရေခဲ ရုပ်တုများ ကို ပိုမို အသက်ဝင် စေအောင်  ခမ်းနား ထည်ဝါသော နီယွန် မီးရောင်စုံဖြင့်  အလှဆင်ထား သည်ကို တွေ့ရသည်။ ရေခဲ ပွဲတော်အား ၁၉၆၂ ခုနှစ်၌ ကျောင်း လင် ပန်းခြံတွင် ပထမဆုံး အကြိမ် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အလှဆုံး ရေခဲရုပ်တု ပြိုင်ပွဲကို ကျင်းပ လာ ခဲ့ခြင်း ဖြစ်ေ ကြာင်း  သိရသည်။  

ထို့နောက်ပိုင်းတွင် ကမ္ဘာ အရပ်ရပ်မှ ပန်းပု ပညာရှင်များက စိတ်ဝင်စား လာခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ရေခဲ ပွဲတော်ကို ပါဝင် ဆင်နွှဲလာ ခဲ့ကြောင်း သိရသည်။

ဟာဘင် ရေခဲ ပွဲတော်အား ရုရှား နယ်စပ် အရှေ့ဘက် မိုင် ၄ဝဝ အကွာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်မြို့ရှိ Sun ကျွန်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်း ပလျက် ရှိသည်။ ဟာဘင်မြို့သည် အာတိတ်ဒေသ ရာသီဥတု အခြေအနေ ဖြစ်သောကြောင့် အပူချိန်မှာ အနုတ် ၁၆ ဒသမ ၈ အထိ ကျဆင်း တတ် ပြီး ဆောင်းရာသီတွင် ရေခဲထု များနှင့် နှင်းထုများ ပေါများသဖြင့် ရေခဲပွဲတော် ကျင်းပကောင်းသည့် မြို့တစ်မြို့ ဖြစ်ကြောင်း သိရ သည်။

http://www.myawady.net.mm/allnews/global/item/3017-2012-12-28-09-54-42တရုတ် နိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ ရှိသော ဟာဘင် ရေခဲ ပွဲတော်  ကြီးအား ဆက်လက်ကျင်းပခဲ့ရာ ကမ္ဘာ လှည့် ခရီးသွားများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ ဆောင်းရာသီ၌ ကျင်းပလေ့ရှိသော အဆိုပါ ပွဲတော်အား ယခုနှစ်တွင် ''ရေခဲမြို့တော်''ဟု တင်စား ခေါ်ဝေါ် ခဲ့ပြီး ဧရာမ ရေခဲပန်းပုရုပ်တုများ က မြင်ရသူတိုင်းကို အံ့သြ မှင် တက် စေခဲ့သည်။ ယခုနှစ် ရေခဲပွဲတော်တွင် ကမ္ဘာကျော်စစ်သူကြီး နပိုလီယံဘိုနာပတ်၏ ရုပ်တုကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံ၏အထင်ကရ အီဖယ် မျှော်စင်ကို လည်းကောင်း ၊ ဆွစ်ဇာလန်နိုင်ငံမှ တောင်ပေါ်သစ်သား အိမ်များနှင့် အခြားအနုပညာလက်ရာ များစွာ ကို ပြင်သစ် နိုင်ငံ၏ယဉ်ကျေးမှုနှင့် သမိုင်းဌာနက အသေးစိတ်ထွင်းထုခဲ့သည်။

ရေခဲရုပ်တုများထွင်းထုရာတွင် ရေခဲကုဗမီတာ ၃ဝဝဝဝ ကျော်ကို အသုံး ပြုခဲ့သည်။ ရေခဲရုပ်တုများ၏ အမြင့်မှာ ပေ ၁ဝဝ မှ ပေ ၆ဝဝ အထိရှိသည်။ ထို့ပြင်အဆိုပါ ရေခဲရုပ်တုများကို ပိုမိုအသက်ဝင် စေအောင် ခမ်းနားထည်ဝါသော နီယွန်မီးရောင်စုံဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။ ရေခဲပွဲတော်အား ၁၉၆၂ ခုနှစ်၌ ကျောင်းလင်ပန်းခြံတွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အလှဆုံး ရေခဲ ရုပ်တု ပြိုင်ပွဲကိုကျင်းပလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက်ပိုင်းတွင် ကမ္ဘာအရပ်ရပ်မှ ပန်းပုပညာရှင်များက စိတ်ဝင်စားလာခဲ့ပြီး နှစ်စဉ်နှစ်တိုင်းရေခဲ ပွဲတော်ကို ပါဝင်ဆင်နွှဲလာခဲ့ကြောင်း သိရသည်။

ဟာဘင် ရေခဲပွဲတော်အား ရုရှားနယ်စပ် အရှေ့ဘက်မိုင် ၄ဝဝ အကွာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟာဘင်မြို့ရှိ Sun ကျွန်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသည်။ ဟာဘင်မြို့သည် အာတိတ်ဒေသ ရာသီဥတုအခြေအနေ ဖြစ်သောကြောင့် အပူချိန်မှာအနုတ် ၁၆ ဒသမ ၈ အထိ ကျဆင်းတတ် ပြီး ဆောင်းရာသီတွင် ရေခဲထုများနှင့် နှင်းထုများ ပေါများသဖြင့် ရေခဲပွဲတော် ကျင်းပကောင်းသည့် မြို့ တစ်မြို့  ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment