Friday 28 December 2012

သစ်တော ဦးစီးဌာန ဘိနယ်ရုံးအား လက်ပစ် ဗုံးများဖြင့် ပစ်ခတ် တစ်ဦးဒဏ်ရာရ ကားတစ်စီး နှင့် ဆိုင်ကယ် တစ်စီး ပျက်စီး

ရှမ်းပြည်နယ် သိန်းနီမြို့ရှိ သစ်တော ဦးစီးဌာန ဘိနယ်ရုံးအား ယနေ့ နံနက် ၂ နာရီ ခန့်တွင် လူတစ်ဦးက လက်ပစ် ဗုံးများဖြင့် ပစ်ခတ်သဖြင့် ၎င်းရုံးတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိပြီး
ဗင်ကား တစ်စီးနှင့် ဆိုင်ကယ် တစ်စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သစ်တော ဦးစီးဌာန ဘိနယ်ရုံး၌ ညအိပ်တာဝန် ထမ်းဆောင်သည့် တောအုပ် ဦးလှမင်းဦးသည် ယနေ့ နံနက် ၂ နာရီခန့်တွင် ရုံးအပြင်သို့ ခေတ္တ ထွက်ရာမှ ပြန်ဝင်လာစဉ် ရုံးရှေ့မှ လူတစ်ဦးက လက်ပစ်ဗုံး တစ်လုံးဖြင့် ရုံးအတွင်းသို့ လည်းကောင်း၊ ကျန်လက်ပစ်ဗုံး တစ်လုံးဖြင့် ကားဂိုဒေါင်အတွင်းသို့ လည်းကောင်း ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် ဦးလှမင်းဦး၏ ယာဘက် ခြေသလုံးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရုံးအတွင်းရှိ အမ်ဘိုအမျိုးအစား ဆိုင်ကယ်နှင့် ဂိုဒေါင်အတွင်းရှိ တိုယိုတာကိုရိုလာ ဗင်ကားတို့တွင် ဗုံးစများ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဗုံးပေါက် ကွဲမှု ဖြစ်စဉ်အား အဖြစ်မှန် သိရှိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်း ရရှိသည်။
From..မြ၀တီ

No comments:

Post a Comment