Friday 28 December 2012

အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု

Photo: အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု
Friday, December 28, 2012

ဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေကို အငိုက်မိ သွားစေခဲ့ပါတယ်။

ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန် ဂျပန်စတဲ့ ရန်ဖက် နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့် အယုံသွင်းထား ခဲ့တာမျိုးဖြစ်ကြာင်း အမေရိကန် စစ်တပ်နဲ့ စီအိုင်အေတို့က သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကဆိုရင် အမေရိကန်နဲ့ ဂျပန် စစ်သင်္ဘောတွေဟာ ပုံမှန်အတိုင်း သမုဒ္ဒရာ မြေ လေ ပိုင်နက်တွေကို အပြည့်အ၀ကာကွယ်ဖို့ တာဝေးထိန်း ဒုံးစနစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ကင်းလှည့်တာတွေ လုပ်ခဲ့ ပေမယ့် တကယ်တမ်း မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်
ပစ်လွှတ်လိုက်ချိန်မှာတော့ အငိုက်မိသွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိ သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပေါ်ကို ကင်းထောက်နေတဲ့ အမေရိကန် အာကာသ ဂြိုလ်တု ဖြတ်သန်းသွားချိန် အပြီးမှာမှ မြောက်ကိုရီးယားက သူ့ တာဝေးပစ် ဒုံးကျည်ကို လွှတ်ထုတ်လိုက်တာကို ပြန်လည် စစ်ဆေးတွေ့ရှိရကြောင်း အမေရိကန်ဖက်က ပြောပါတယ်။

ဒါဟာ အမေရိကန်က ဘယ်လိုစနစ်နဲ့ ဘယ်အချိန်မှာ အချက်အလက်တွေ ရအောင် မြောက်ကိုရီးယားပေါ် ထောက်လှမ်းနေတယ်ဆိုတာကို မြောက်ကိုရီးယားတို့ကလည်း သိနေပါတယ်ဆိုတဲ့အကြောင်း ပြန်ပြလိုက်တာပဲလို့ အမေရိကန် တာဝန်ရှိသူတဦးက ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့တွေ့ရှိချက်အရ -

(၁)မြောက်ကိုရီးယားဆီမှာ ၃ဆင့်ပစ် တာဝေးဒုံးကျည်ရှိနေပြီး အဲဒီပစ်စင်ဟာ အစားထိုး သုံးနိုင်မယ့် အမျိုးအစားဖြစ်ကြောင်း ။

(၂)ပြန်တွေးကြည့်တော့ အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အရင်က မသုံးပဲ သိမ်းထားခဲ့တဲ့ တာဝေးဒုံးကျည်ဟောင်းထဲက အမျိုးအစားတခုဖြစ်ပုံ
ရကြောင်း။

(၃) အခုတခေါက် ဒုံးကျည်ပစ်လွှတ်လိုက်တဲ့နေရာဟာလဲ အမေရိကန်က အရင် တခါဖူးမျှ မသိထားတဲ့ နေရာဖြစ်နေပြီး ဒုံးကျည်အစိတ်အပိုင်းတွေကို ကမန်းကတမ်း ပြန်ဆင်ပြီး ရုတ်တရက် ပစ်လွှတ်တာဖြစ်ကြောင်း။

(၄) နောက်တချက်ကတော့ အမေရိကန်ရဲ့ တွက်ချက်မှု လွဲသွားခဲ့တာလည်း ဖြစ်နိုင်ကြောင်း။ မြောက်ကိုရီးယားမှာ မိုင် ၆၀၀၀ အထိ ရောက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်ရှိနေပြီလို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိ သူတွေက အဲဒီတပတ် မတိုင်ခင်မှာ နောက်ဆုံးရသတင်းနဲ့ သတိပေးခဲ့တာ ရှိကြောင်း။ အဲဒီလို ဒုံးကျည်မျိုးဟာ အမေရိကားကို ထိမှန်အောင် ပစ်နိုင်တဲ့ လက်နက်မျိုးဖြစ်ကြောင်း။ ဒါပေမယ့် စစ်လက်နက် ကျွမ်းကျင်သူတွေက
မြောက်ကိုရိးယားမှာ ဒီလောက်ထိ မရှိနိုင်သေးဘူးလို့ တွက်ဆခဲ့ကြကြောင်း အမေရိကန် တာဝန်ရှိသူတွေက ၀န်ခံပြောဆိုပါတယ်။

မြောက်ကိုရီးယားကတော့ သူတို့ဒုံးကျည်ကို ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ ပစ်လွှတ်ခြင်းသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

A
Ref: CNN
Burma-Newseliteဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေ ကို အငိုက်မိ သွားစေခဲ့ပါတယ်။ ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန်ဂျပန်စတဲ့ ရန်ဖက်နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့်အယုံသွင်းထား ခဲ့တာ မျိုးဖြစ် ကြာင်း အမေရိကန် စစ်တပ်နဲ့ စီအိုင်အေတို့က သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကဆိုရင် အမေရိကန်နဲ့ ဂျပန် စစ်သင်္ဘောတွေဟာ ပုံမှန်အတိုင်း သမုဒ္ဒရာ မြေ လေ ပိုင်နက်တွေကို အပြည့်အ၀ကာကွယ်ဖို့ တာဝေးထိန်းဒုံးစနစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ကင်းလှည့် တာတွေလုပ်ခဲ့ပေမယ့် တကယ်တမ်း မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ပစ်လွှတ် လိုက်ချိန် မှာတော့ အငိုက်မိသွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိ သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပေါ်ကို ကင်းထောက်နေတဲ့ အမေရိကန် အာကာသ ဂြိုလ်တု ဖြတ်သန်းသွားချိန် အပြီးမှာမှ မြောက်ကိုရီးယားက သူ့ တာဝေးပစ် ဒုံးကျည်ကို လွှတ်ထုတ်လိုက်တာကို ပြန်လည် စစ်ဆေးတွေ့ ရှိရကြောင်း အမေရိကန်ဖက်က ပြောပါတယ်။

ဒါဟာ အမေရိကန်က ဘယ်လိုစနစ်နဲ့ ဘယ်အချိန်မှာ အချက်အလက်တွေ ရအောင် မြောက် ကိုရီးယားပေါ် ထောက် လှမ်းနေတယ်ဆိုတာကို မြောက်ကိုရီးယားတို့ကလည်း သိနေပါတယ်ဆိုတဲ့ အကြောင်း ပြန်ပြ လိုက်တာပဲလို့ အမေရိကန် တာဝန်ရှိသူတဦးကဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့တွေ့ရှိချက်အရ -

(၁)မြောက်ကိုရီးယားဆီမှာ ၃ဆင့်ပစ် တာဝေးဒုံးကျည်ရှိနေပြီး အဲဒီပစ်စင်ဟာ အစားထိုး သုံးနိုင်မယ့် အမျိုးအစားဖြစ်ကြောင်း ။

(၂)ပြန်တွေးကြည့်တော့ အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အရင်က မသုံးပဲ သိမ်းထားခဲ့တဲ့ တာဝေးဒုံး ကျည်ဟောင်းထဲက အမျိုးအစားတခုဖြစ်ပုံရကြောင်း။

(၃) အခုတခေါက် ဒုံးကျည်ပစ်လွှတ်လိုက်တဲ့နေရာဟာလဲ အမေရိကန်က အရင် တခါဖူးမျှ မသိ ထားတဲ့ နေရာဖြစ်နေပြီး ဒုံးကျည်အစိတ်အပိုင်းတွေကို ကမန်းကတမ်း ပြန်ဆင်ပြီး ရုတ်တရက် ပစ်လွှတ် တာဖြစ်ကြောင်း။

(၄) နောက်တချက်ကတော့ အမေရိကန်ရဲ့ တွက်ချက်မှု လွဲသွားခဲ့တာလည်း ဖြစ်နိုင်ကြောင်း။ မြောက်ကိုရီးယားမှာ မိုင် ၆၀၀၀ အထိ ရောက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် ရှိနေပြီ လို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိသူတွေက အဲဒီတပတ် မတိုင်ခင်မှာ နောက်ဆုံးရသတင်းနဲ့ သတိပေးခဲ့တာ ရှိကြောင်း။ အဲဒီလိုဒုံးကျည်မျိုးဟာ အမေရိကားကိုထိမှန်အောင် ပစ်နိုင်တဲ့ လက်နက် မျိုးဖြစ်ကြောင်း။ ဒါပေမယ့် စစ်လက်နက် ကျွမ်းကျင်သူတွေကမြောက်ကိုရိးယားမှာ ဒီလောက်ထိ မရှိနိုင်သေးဘူးလို့ တွက်ဆခဲ့ကြကြောင်း အမေရိကန် တာဝန်ရှိသူတွေက ၀န်ခံပြောဆိုပါတယ်။
မြောက်ကိုရီးယားကတော့ သူတို့ဒုံးကျည်ကို ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ ပစ်လွှတ်ခြင်းသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

A
Ref: CNN
Burma-Newselite

No comments:

Post a Comment