လွန်ခဲ့တဲ့
၂၀၀၈ ခုနှစ်က မြန်မာအလုပ်သမား ၅၀ ကျော် အလုံပိတ်အအေးခန်း ကားအတွင်း
သေဆုံး ရမှုမှာ တာဝန်ရှိတဲ့ထိုင်းနိုင်ငံ သား ၄ ဦးကို တရားရုံးက ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့  ဒီကနေ့  ထုတ် ဘန်ကောက်ပို
့စ်ထိုင်းသတင်းစာမှာဖော်ပြပါတယ် ။
၂၀၀၈ ခုနှစ် ဧပြီလက ထိုင်းလူကုန်ကူးသူတွေက မြန်မာ အလုပ်သမား ၁၂၀ ကျော်ကို
အအေးခန်းကားနဲ့ ထည့်ပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ
နိုင်ငံတောင်ပိုင်း ဖန်ငနဲ့ ဖူးခတ်ဒေသတွေကို တရားမ၀င် ပို့ ဆောင်ရာမှာ
မြန်မာအလုပ်သမား ၅၄ ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံးသွားခဲ့ရတာပါ။
ဒီအမှုနဲ့ ပတ်သက်ပြီး ကားမောင်းသူကို အရင်ကတည်းက ထောင်ဒဏ် ၆
နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။ မနေ့ ကတော့ ကားပိုင်ရှင်အပါအ၀င် ၄ ဦးကို
ထိုင်းနိုင်ငံတွင်း အလုပ်သမားတွေခိုးသွင်းမှု၊ လူတွေသေဆုံး ရအောင်
လျစ်လှူရှူထားမှု စတဲ့ရာဇ ၀တ်မှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ၉ နှစ် ၆ နှစ်နဲ့ 
၃ နှစ်ဆီ အသီးသီး ချမှတ်လိုက်တာပါ။ ပစ်ဒဏ်ချခံ ထားရသူတွေကတော့
အယူခံဝင်မယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့
မြန်မာအလုပ်သမားတွေကတော့ အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၁၇ ဦးတို
့ဖြစ်ပြီး အများစုဟာ ဆယ်ကျော်သက်တွေနဲ့  အသက် ၂၀ လောက် အရွယ်
လူငယ်လူတွဖြစ်ကြပါတယ်။
၂၀၀၈ ခုနှစ် ဧပြီလက ထိုင်းလူကုန်ကူးသူတွေက မြန်မာ အလုပ်သမား ၁၂၀ ကျော်ကို အအေးခန်းကားနဲ့ ထည့်ပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ နိုင်ငံတောင်ပိုင်း ဖန်ငနဲ့ ဖူးခတ်ဒေသတွေကို တရားမ၀င် ပို့ ဆောင်ရာမှာ မြန်မာအလုပ်သမား ၅၄ ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံးသွားခဲ့ရတာပါ။
ဒီအမှုနဲ့ ပတ်သက်ပြီး ကားမောင်းသူကို အရင်ကတည်းက ထောင်ဒဏ် ၆ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။ မနေ့ ကတော့ ကားပိုင်ရှင်အပါအ၀င် ၄ ဦးကို ထိုင်းနိုင်ငံတွင်း အလုပ်သမားတွေခိုးသွင်းမှု၊ လူတွေသေဆုံး ရအောင် လျစ်လှူရှူထားမှု စတဲ့ရာဇ ၀တ်မှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ၉ နှစ် ၆ နှစ်နဲ့  ၃ နှစ်ဆီ အသီးသီး ချမှတ်လိုက်တာပါ။ ပစ်ဒဏ်ချခံ ထားရသူတွေကတော့ အယူခံဝင်မယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေကတော့ အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၁၇ ဦးတို့ ဖြစ်ပြီး အများစုဟာ ဆယ်ကျော်သက်တွေနဲ့  အသက် ၂၀ လောက် အရွယ် လူငယ်လူတွဖြစ်ကြပါတယ်။
No comments:
Post a Comment