Friday 28 December 2012

ငွေကျပ် သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Photo: ငွေကျပ် သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ 
ဖမ်းဆီးရမိ
Friday, 28 December 2012

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မူးယစ်(အထူး) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၄ ရက် နံနက်က နောင်ချိုမြို့ မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ် ဆေးဝါး နှိမ်နင်းရေး တာဝန် ထမ်းဆောင် နေစဉ် မူဆယ်မှ မန္တလေးသို့ ဆင်းမည့် တိုယိုတာ ဆလွန်း ယာဉ်အမှတ် ၂ဃ/.... အား ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် စောသာ ၄၅ နှစ် (ဘ) ဦးကျော်မြ (ယာဉ်မောင်း) မင်းဂံရပ် စစ်တွေမြို့၊ သာထွန်း ၅၂ နှစ် (ဘ) ဦးသိန်းမောင် မေယုလမ်း
ဘောလုံး ကွင်းရပ် စစ်တွေမြို့နှင့် သောင်းရွှေ ၄၁ နှစ် (ဘ) ဦးမောင်ထွန်းစိန် မေယု လမ်းသွယ် ရဲနွယ်စုရပ် စစ်တွေမြို့ နေသူ သုံးဦး တို့ကို တွေ့ရှိ ပြီး ယာဉ်နောက်ခန်း ထိုင်ခုံ အနောက်ရှိ ဒက်ရှ်ဘုတ်အတွင်း သိုဝှက် ယူဆောင် လာသော အထုပ် ၄ဝ အတွင်း မှWYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း အပြား ၄ဝဝဝဝဝ (အလေးချိန် ၃၆ ကီလို) ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ အား တွေ့ရှိရသဖြင့် တရားခံများကို
နောင်ချိုရဲစခန်း မှ မယ (ပ) ၂ဝ၁၂ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူ ထား ကြောင်း သိရသည်။

မြ၀တီ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မူးယစ်(အထူး) တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၂၄ ရက် နံနက်က နောင်ချိုမြို့ မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ်ဆေးဝါး နှိမ်နင်းရေး တာဝန်ထမ်းဆောင်နေစဉ် မူဆယ်မှ မန္တလေးသို့ဆင်းမည့် တိုယိုတာ ဆလွန်းယာဉ်အမှတ် ၂ဃ/.... အား ရှာဖွေ စစ်ဆေးရာယာဉ်ပေါ်တွင် စောသာ ၄၅ နှစ် (ဘ) ဦးကျော်မြ (ယာဉ်မောင်း) မင်းဂံရပ် စစ်တွေမြို့၊ သာထွန်း ၅၂ နှစ် (ဘ) ဦးသိန်းမောင် မေယုလမ်းဘောလုံးကွင်းရပ် စစ်တွေမြို့နှင့် သောင်းရွှေ ၄၁ နှစ် (ဘ) ဦးမောင်ထွန်းစိန် မေယုလမ်းသွယ် ရဲနွယ်စုရပ် စစ်တွေမြို့ နေသူသုံးဦးတို့ကို တွေ့ရှိ ပြီး ယာဉ်နောက်ခန်း ထိုင်ခုံ အနောက်ရှိ ဒက်ရှ်ဘုတ်အတွင်း သိုဝှက် ယူဆောင်လာသောအထုပ် ၄ဝ အတွင်း မှWYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းအပြား ၄ဝဝဝဝဝ (အလေးချိန် ၃၆ ကီလို) ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ အား တွေ့ရှိရသဖြင့် တရားခံများကိုနောင်ချိုရဲစခန်း မှ မယ (ပ) ၂ဝ၁၂ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူ ထား ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment