Friday 28 December 2012

တရားမဝင်ကျွန်း သစ်မာနှင့် အခြားသစ်များ ဖမ်းဆီး ရမိ

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်း၊ ကလေးဝ၊ အင်းတော်၊ ဝန်းသို၊ ပင်လည်ဘူးနှင့် ပုလဲမြို့နယ် များမှ သစ်တော ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မင်းကင်းမြို့နယ်တွင် နေရာ(၁၁)ခုမှ တရားမဝင် ကျွန်းသစ် ၇ ဒသမ ၃၃၃ဝ တန်၊ သစ်မာ ၈ ဒသမ ၃၁၄ဝ တန်နှင့် အခြားသစ် ၄၁ ဒသမ ၁၄ဝဝ တန်၊ အင်းတော် မြို့နယ်၌ နေရာ (၄)ခုမှ တရားမဝင်ကျွန်း ၁၉ ဒသမ ၆၄၈ဝ တန်၊ ကလေးဝ မြို့နယ်၌ နေရာ (၃)ခုမှ တရားမဝင် ကျွန်း ၂ ဒသမ ၅၇၂ဝ တန်၊ သစ်မာ ၄ ဒသမ ၂၉၂ဝ တန်၊ ဝန်းသို မြို့နယ်၌ တရားမဝင် ကျွန်း ခွဲသား သုည ဒသမ ၃၄ဝ၉ တန်နှင့်အတူ အင်ဂျင်တစ်လုံး၊ လွှဝိုင်းတစ်ခုနှင့် ဆက်စပ် ပစ္စည်း ငါးမျိုး၊ပင်လည်ဘူး မြို့နယ်၌ အခြားသစ် ၃ ဒသမ ဝဝ၂ တန်၊ ပုလဲ မြို့နယ်၌ သစ်မာ သုည ဒသမ ၅၃၇၆ တန်၊ အခြားသစ် သုည ဒသမ ၄၈၈ တန် စုစုပေါင်း ၈၇ ဒသမ ၅၆၇၅ တန် တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ဒီဇင်ဘာ ၁၈ ရက်က ကသာ၊ ဝန်းသို၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်နှင့် ခင်ဦး မြို့နယ်များမှ သစ်တော ဝန်ထမ်းများသည် ဝန်းသိုမြို့နယ်၌ နငဲအပတော အနီး နေရာ နှစ်ခုမှ တရားမဝင် ကျွန်းခွဲသား/တိုင် ၄ ဒသမ ၉၇ဝ၆ တန်၊ ကလေးဝမြို့နယ် မဟာမြိုင် ကြိုးဝိုင်း အတွင်း နေရာနှစ်ခုမှ ကျွန်းခွဲသား ၂ ဒသမ ၆၁၃၆ တန်၊ ပျဉ်းကတိုး ခွဲသား ၁ ဒသမ ၃၈၈၆ တန်၊ မော်လိုက်မြို့နယ် မော်ကူး ကြိုးဝိုင်း အတွင်းမှ ကျွန်းသစ် ၁ ဒသမ ဝ၄၂ တန်၊ ပျဉ်းကတိုးသစ် ၄ ဒသမ ၂၃၈ဝ တန်၊ မင်းကင်းမြို့နယ် ဝက်ပုတ် ချောင်းဘေးမှ သစ်မာ ၃ ဒသမ ၆၄၅၄ တန်၊ အခြားသစ် ၆ ဒသမ ၁၅၄၄တန်နှင့် ကသာမြို့နယ် ရေပုတ် ရွာမှ တမလန်းဓားရွေ သုည ဒသမ ၅၂၈၄ တန်တို့ကို ပိုင်ရှင်မဲ့ အသီးသီး သိမ်းဆည်း ရမိခဲ့ပြီး ကသာမြို့နယ် ကျွဲခြံ ရွာနှင့် ဝင်္ဂရရွာ ကြားတွင် တရားခံ ငါးဦးနှင့် အတူ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၂၁၉၉ တန်ကို ဖမ်းဆီး ရမိပြီး သစ်တော ဥပဒေပုဒ်မ ၃၃(က)၁ အရ လည်းကောင်း၊ ခင်ဦးမြို့နယ် မြကန်သာ ရပ်ကွက်၌ အင်ခွဲသား ၁ ဒသမ ၁၃၉ တန်နှင့်အတူ တရားခံ တစ်ဦးအား ဖမ်းဆီးရမိပြီး သစ် တောဥပဒေပုဒ်မ ၃၃(က) ၂ အရ လည်းကောင်း အရေးယူ ထားကြောင်း သိရသည်။ 

No comments:

Post a Comment