ပေ ၆ဝ အရှည်ရှိ ဧရာမ ဝေလငါးကြီး တစ်ကောင်သည် နယူးယောက် မြို့တွင် ဒီဇင်ဘာ
၂၆ရက် နံနက်ပိုင်းက သောင်တင်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ဝေလငါးကြီးအား
ဆက်လက်အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများ က ကြိုးပမ်းခဲ့သော်လည်း
အသက်ရှင်ရန် အခွင့် အရေး အလွန်နည်းပါးသည်ကို တွေ့ရသည်။
နာမကျန်း
ဖြစ်နေသော အဆိုပါ finback ဝေလငါးသည် blue whale အမျိုးအစား ဝေလငါး
ကြီးများ၏ ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောရိုးဆူးတောင် ပါရှိသော ရေနေသတ္တဝါအမျိုးအစား ဖြစ်ကြောင်း၊ ၄င်း သည် Breezy Point ကမ်းခြေအနီးတွင် သောင်တင်
ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် သူများက ဆိုသည်။
ရဲများနှင့် မီးသတ်သမားများသည် ၄င်းအားအသက်ရှင် နိုင်ရန်အတွက်
ရေများနှင့်ဂရုတစိုက် ဖျန်းပေး ခဲ့သော်လည်း ၄င်းသည် ပိန်ချုံးချည့်နဲ့လွန်းသဖြင့် အသက်ရှင်ရန်မသေချာကြောင်း NOAA ငါးဖမ်း လုပ်ငန်းမှ
ကျွမ်းကျင်သူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။
အရွယ်ရောက်ပြီး finback ဝေလငါး များသည် ၈၈ ပေအရှည်ထိ ကြီးထွားလေ့ရှိပြီး
အလေးချိန်အားဖြင့် တန်ချိန် ၇ဝ ခန့်လေးလံ၍ သက်တမ်း ၁ဝဝနှစ် အထိ အသက်ရှင်
နိုင်ကြောင်း သိရသည်။
ပေ ၆ဝ အရှည်ရှိ ဧရာမ ဝေလငါးကြီး တစ်ကောင်သည် နယူးယောက် မြို့တွင် ဒီဇင်ဘာ
၂၆ရက် နံနက်ပိုင်းက သောင်တင်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ဝေလငါးကြီးအား
ဆက်လက်အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများ က ကြိုးပမ်းခဲ့သော်လည်း
အသက်ရှင်ရန် အခွင့် အရေး အလွန်နည်းပါးသည်ကို တွေ့ရသည်။
နာမကျန်း ဖြစ်နေသော အဆိုပါ finback ဝေလငါးသည် blue whale အမျိုးအစား ဝေလငါး ကြီးများ၏ ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောရိုးဆူးတောင် ပါရှိသော ရေနေသတ္တဝါအမျိုးအစား ဖြစ်ကြောင်း၊ ၄င်း သည် Breezy Point ကမ်းခြေအနီးတွင် သောင်တင် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် သူများက ဆိုသည်။
ရဲများနှင့် မီးသတ်သမားများသည် ၄င်းအားအသက်ရှင် နိုင်ရန်အတွက် ရေများနှင့်ဂရုတစိုက် ဖျန်းပေး ခဲ့သော်လည်း ၄င်းသည် ပိန်ချုံးချည့်နဲ့လွန်းသဖြင့် အသက်ရှင်ရန်မသေချာကြောင်း NOAA ငါးဖမ်း လုပ်ငန်းမှ ကျွမ်းကျင်သူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။
အရွယ်ရောက်ပြီး finback ဝေလငါး များသည် ၈၈ ပေအရှည်ထိ ကြီးထွားလေ့ရှိပြီး အလေးချိန်အားဖြင့် တန်ချိန် ၇ဝ ခန့်လေးလံ၍ သက်တမ်း ၁ဝဝနှစ် အထိ အသက်ရှင် နိုင်ကြောင်း သိရသည်။

No comments:
Post a Comment