Thursday 4 February 2016

မကွေးတိုင်းရှိ မြို့နယ်အချို့ စည်ပင်ကော်မတီ ပြန်လည်ရွေးကောက်ရန် စီစဉ်

မကွေးတိုင်းအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးကော် မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အတွက် အရပ်သား နှစ်ဦးနှင့် တတ်သိပညာရှင်နှစ်ဦး စုစုပေါင်း လေးဦးပါဝင်မည့် စည်ပင်ကော်မ တီဖွဲ့စည်းရန် မြို့နယ်အဆင့် ရွေး ချယ်ရေးကော်မတီများ စတင်ဖွဲ့ စည်းနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘တိုင်းစည်ပင်သာယာရေး ဥပဒေမှာကိုက ကော်မတီရဲ့သက် တမ်းဟာ လွှတ်တော်သက်တမ်း နှင့်အညီလို့ ပြထားပါတယ်။ ဒါ ကြောင့် အရင် ကော်မတီဟာ ဇန်န၀ါရီလမှာ သက်တမ်းကုန်ပြီ မို့ ပြန်လည်ရွေးချယ်ဖို့ဆောင်ရွက် ရတာပါ’’ ဟု အောင်လံမြို့နယ် စည်ပင်သာယာရေးကော်မတီအ မှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးမောင်မောင်အေးက ပြောသည်။

စည်ပင်ကော်မတီအတွက် ဥက္ကဋ္ဌတစ်ဦး၊ အဖွဲ့ဝင်လေးဦး၊ စီးပွားရေးလုပ်ငန်းရှင်များထဲမှ အ ဖွဲ့ဝင် တစ်ဦးနှင့် တတ်သိပညာ ရှင်များမှ အဖွဲ့ဝင်တစ်ဦး၊ စုစု ပေါင်းလေးဦးရွေးချယ်ရမည်ဖြစ် သည်။ ထိုသို့ရွေးချယ်နိုင်ရန် မြို့ နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအ ဖြစ်ပါဝင်သော ဌာနဆိုင်ရာ ဦးစီး အရာရှိငါးဦးဖြင့် မြို့နယ်အဆင့် ရွေးချယ်ရေးကော်တီကို ဖွဲ့စည်း ထားပြီး တိုင်းနှင့်ခရိုင်အဆင့်အုပ် ချုပ်ရေးမှူးများထံသို့ တင်ပြထား ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက အ ဆိုပါမြို့နယ်အဆင့် စည်ပင်သာ ယာရေးကော်မတီ ရွေးချယ်ပေး ရေးအဖွဲ့ကို အတည်ပြုပြီးပါက စည်ပင်သာယာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ရပ်ကျေး အဆင့်ဆင့်မှ ကော်မတီဝင်လောင်း များကိုရွေးချယ်ရမည်ဖြစ်သည်။ ယင်းသို့ ရွေးချယ်ရေးအတွက် ရပ် ကွက်အလိုက် ရပ်ကွက်အုပ်ချုပ် ရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ရပ်မိရပ်ဖလေးဦးဖြင့် ရပ်ကျေး ကြီးကြပ်ရေးအဖွဲ့များကိုလည်း ဆက်လက်ဖွဲ့စည်းမည်ဟု ဆို သည်။

ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ ၀င်များကိုမူ ရပ်ကျေးအုပ်ချုပ်ရေး မှူးက ရပ်ကွက်အတွင်းနေထိုင် ပြီး အများကြည်ညိုလေးစားခြင်းခံ ရသူ ရပ်မိရပ်ဖဆယ်ဦးစာရင်းပြုစု ကာ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဖြစ်ပြီး ၎င်းတို့အနက် မှ လေးဦးအား ရပ်ကျေးအုပ်ချုပ် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အတွက် အဖွဲ့ဝင်အဖြစ် မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ်ခန့် ထားပေးမည်ဖြစ်ကြောင်း အောင် လံမြို့နယ်မှ ရပ်ကျေး အုပ်ချုပ် ရေးမှူးတစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီး စည် ပင်သာယာရေးအဖွဲ့ဥပဒေအရ မြို့နယ်စည်ပင်ကော်မတီဝင်ရွေး ချယ်ခြင်းဆိုင်ရာ နည်းလမ်းများ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြဋ္ဌာန်းပေးရခြင်းဖြစ်သည်။ အ ဆိုပါပြဋ္ဌာန်းချက်များအရ စည် ပင်ကော်မတီ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ ၀င်တစ်ဦးကိုမူ ရပ်ကျေးများက တက်ရောက်လာသော ကိုယ်စား လှယ်လောင်းကိုးဦးထဲမှ အချင်း ချင်းမဲပေး စနစ်ဖြင့် ရွေးချယ်ရ မည်ဖြစ်ပြီး မဲအများဆုံး ရရှိသူအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယ မဲအများဆုံး ရရှိသူအား အဖွဲ့ဝင်အဖြစ်လည်းကောင်းရွေး ချယ်မည်ဖြစ်သည်။

မကွေးတိုင်း အတွင်းရှိ သရက်မြို့နယ်နှင့် အောင်လံမြို့ နယ်များတွင် စည်ပင်သာယာရေး ကော်မတီဝင်ရွေးချယ်နိုင်ရန် မြို့ နယ်ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်း ခဲ့ပြီး ပေါက်မြို့နယ်ကမူ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုပင် ရွေးချယ်ပြီးဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။

7Day Daily

No comments:

Post a Comment