Tuesday 3 November 2015

မွန်ပြည်နယ်မဲဆန္ဒရှင်စာရင်း နောက်ဆုံးထုတ်ပြန်ချက်တွင် မဲပေးခွင့်ရှိသူ လေးသောင်းကျော်တိုးလာ

မွန်ပြည်နယ်ရှိ မဲဆ န္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တတိယအကြိမ်ထုတ် ပြန်ကြေညာရာ မဲဆန္ဒရှင်ဦးရေ လေးသောင်းကျော်တိုးလာသည် ဟု ပြည်နယ်ရွေးကောက်ပွဲကော် မရှင်ရုံးမှ သတင်းရရှိသည်။
လက်ရှိတွင် မွန်ပြည်နယ် တစ်ခုလုံးအတွက်ထုတ်ပြန်ထား သည့် မဲပေးပိုင်ခွင့်ရှိသူဦးရေစာ ရင်းမှာ ၁၅သိန်းတစ်သောင်း ကျော်ရှိပြီး ယခင်ထုတ်ပြန်သော  အခြေခံမဲစာရင်းမှာ ၁၄သိန်းခုနစ်သောင်းသာရှိသည်။
ထပ်မံတိုးလာသည့် မဲဆန္ဒ ရှင်များမှာ ပုံစံ၃(က)(မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများလက်ရှိ နေထိုင်ရာ မဲဆန္ဒနယ်တွင် မဲပေး နိုင်ရန် လျှောက်ထားသူများ)ဖြင့် လျှောက်ထားသူများဖြစ်ကြောင်း ပြည်နယ်ကော်မရှင်ရုံးမှ သိရ သည်။
‘‘မဲစာရင်း ကျန်ခဲ့တဲ့လူတွေ က တစ်သောင်းကျော်လောက်ပဲ ပြန်ပါတယ်။ ကျန်တာတော့ ပုံစံ ၃(က)တွေပါ။ ပုံစံ၃(ခ)နဲ့ မဲစာ ရင်းဖျက်လိုက်တာတွေက သုညဒသမ ၁ရာခိုင်နှုန်းရှိတယ်’’ဟု ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ဒု ညွှန်ကြားရေးမှူးဦးဟိဏ်လင်း ထက်ကပြောသည်။


ပထမဆုံးမဲဆန္ဒရှင်စာရင်း ကို ဇွန်လ ၈ရက်မှ ၂၁ရက်တွင် တစ်ကြိမ်၊ ဒုတိယမဲဆန္ဒရှင်စာ ရင်းကို အောက်တိုဘာ ၁၄ရက်မှ ၂၇ရက်တွင်တစ်ကြိမ်ကြေညာခဲ့ ပြီး ယခုကြေညာသည့် မဲဆန္ဒရှင် စာရင်းသည်နောက်ဆုံးအကြိမ် ကြေညာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရပ်ကွက်ရုံးများတွင် ကြေ ညာထားသော မဲစာရင်းများကို မဲရုံပြုလုပ်မည့် သက်ဆိုင်ရာစာ သင်ကျောင်းများ၌  နိုဝင်ဘာ ၇ ရက်တွင် ကပ်ထားမည်ဖြစ်သည်။

ထို့အပြင် ယခုမဲစာရင်းတွင် ပါဝင်သော မဲဆန္ဒရှင်အမည်နေ ရာများ၌ စာလုံးပေါင်းသတ်ပုံ မှားယွင်းပါက မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်သည်။

မော်လမြိုင်မြို့ မရမ်းကုန်း ကျေးရွာမှ ရပ်၊ကျေးကော်မရှင်အ တွင်းရေးမှူးဦးစိုးသီဟက ‘‘အခု မဲ စာရင်းထဲမှာ ကိုယ့်နာမည်ပါဖို့လို တယ်။ အရင်က မဲစာရင်းမကြည့် ထားဘဲ အခုမှလာကြည့်ပြီး စာ ရင်းထဲမှာ မပါဘူးဆိုပြီး လာပြော တော့ ကျွန်တော်တို့ဘာမှ လုပ်ပေး လို့မရတော့ဘူး။ တစ်ဦးတစ် ယောက်တည်းဖြစ်နေတော့’’ဟု ပြောသည်။

မွန်ပြည်နယ်တွင် နေထိုင် သည့် လူဦးရေစာရင်းမှာ ၂၁သိန်း ကျော်ရှိပြီး ယခုထုတ်ပြန်ထား သော မဲစာရင်းတွင် တစ်ဦးတစ် ယောက်တည်း ကျန်ရစ်ပါက ပြန် လည်ထည့်သွင်းပေးမည်မဟုတ် သော်လည်း ကျေးရွာအုပ်စု၊ မြို့ နယ်၊ ရပ်ကွက်များတွင် အစုအပြုံ လိုက်အမည်မ၀င်ပါက စာရင်း ပြန်သွင်းပေးမည်ဖြစ်ကြောင်း ပြည်နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ထို့အပြင် ဆန္ဒမဲပေးခွင့်ရှိသူ များအား နိုဝင်ဘာ ၅ရက်မှစတင် ကာ မဲဆန္ဒရှင်သက်သေခံလက် မှတ်များထုတ်ပေးမည်ဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲကာလ က မွန်ပြည်နယ်အတွင်း မဲပေးပိုင် ခွင့်ရှိသူဦးရေမှာ ၁၀သိန်းကျော် သာရှိခဲ့သည်။
7 day

No comments:

Post a Comment