Thursday 16 August 2012

ဆီးရီးယား သမ္မတရာထူးမှ နုတ်ထွက်ရန် သဘောတူပြီ ဖြစ်ကြောင်း ရုရှားဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်သည် လူပေါင်း ၂ဝဝဝဝ ကျော် သေဆုံးခဲ့သည့် ၁၈ လကြာ နိုင်ငံရေး မတည်ငြိမ်မှုများကို အဆုံး သတ်ရန် အတွက် ရာထူးမှ နုတ်ထွက် ပေးရန် သဘောတူ ခဲ့သည်ဟု  ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက  ပြောကြား ခဲ့ကြောင်း သိရသည်။
 

သမ္မတ အာဆတ်ကို ထောက်ပံ့ပေး သည်ဟု စွပ်စွဲခံ ရသည့် ရုရှား နိုင်ငံအနေဖြင့် ၎င်း ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ် စေလို ကြောင်းနှင့် ဆီးရီးယား အစိုးရအား သံတမန်ရေးအရ ဖြေရှင်းမှုတွင် ပူးပေါင်းပါဝင်စေလို ကြောင်း အဆိုပါ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြော ကြား ခဲ့သည်။

ယခု အချိန်တွင် အတိုက် အခံများ အနေဖြင့် အပစ်အခတ် ရပ်စဲရန်အရေး ကြီးကြောင်း၊ သို့မှသာ ဖြစ်လုဆဲ ပြည် တွင်းစစ်ကို   အဆုံးသတ် သွားမည်ဖြစ် ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
 
ref:myawaddy

No comments:

Post a Comment