Thursday 16 August 2012

စာရေးဆရာ နန္ဒသိန်းဇံကွယ်လွန်

ဒဿနစာရေးဆရာလို့လူအများကတင်စားခေါ်ဝေါ်ကြတဲ့ စာရေးဆရာ နန္ဒာသိန်းဇံဟာ ဩဂုတ်လ ၁၄ ရက် နေ့၊ ည  ၇ နာရီမှာ သူ့ချစ်တဲ့စာပေ၊ ပရိသတ်နဲ့ မိသားစုကို မစွန့်ခွာခင်
နောက်ဆုံး   အချိန် ဆေးရုံမှာ နေခဲ့ရ စဉ်မှာတောင် သူ့ရဲ့ဒဿနတွေကို ဖြန့်ဝေရင်း
လောကအ တွက် တစ် ထောင့်တစ်နေရာ ကနေ အကျိုးပြုသွားခဲ့ပါတယ်။

"လူငယ်တွေရဲ့ အနာဂတ် အတွက် သူတဖွဖွ အမြဲပြောတတ်တဲ့ 'ခွက် တစ်ခု ထဲမှာ ရေအပြည့်ရှိရင် အဲဒီရေ ကို မဖိတ်အောင် ကိုင်တွယ်ရမယ်' ဆိုတဲ့စကားကို ဆေးရုံပေါ်မှာတောင် ဝေဒနာခံစားနေရ တဲ့ကြားထဲက တာဝန်ကျ ဆရာမလေးကို ပြောပြသွားခဲ့သေးတယ်"လို့ ချစ်ခင်လေးစား ရတဲ့ခင်ပွန်းသည်ဆုံးရှုံးရလို့ ဖြေမ ဆည်နိုင်ဖြစ်နေတဲ့ ဆရာ့ဇနီးဖြစ်သူ ဒေါ်ခင်မာမာက မျက်ရည်တွေကြားထဲပဲ ပြောပြပါတယ်။

ရပ်ကျပ်ရောဂါကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ၁၀ ရက်ကြာ ဆေးဝါးကုသမှုခံယူခဲ့ပြီး
သေဆုံး ချိန်မှာ အသက် ၆၅ နှစ်သာ ရှိသေး တာမို့ နေမယ်ဆို အချိန်အများကြီးထပ်နေလို့ ရသေးတဲ့ အရွယ်လို့ ဆိုရပါမယ်။ ဒါပေ မယ့် သေခြင်းတရားရဲ့စီရင်ချက်ကို ဘယ်သူမှ မလွန်ဆန်နိုင်တဲ့အခါ ကျန်ခဲ့ သူတွေမှာ သူ့ကိုအမြဲအမှတ်ရနေကြဦး မှာပါ။ ဇာတိပေါင်းတည်မြို့ရဲ့ ဘတ်စကက်ဘော လက်ရွေးစင် တစ် ဦး ဖြစ် ခဲ့တဲ့ ဆရာ ဟာ ဆေးလိပ်ကို တက္ကသိုလ်ကျောင်း သားဘ၀မှာ စသောက်ခဲ့ပြီး အဆုတ်မှာ လေ အိတ်လေးတွေပါးလာကာ လေ အိတ်ပေါက်သွားတာမို့ ၁၉၉၉ ခုနှစ်တုန်း က ဆေးရုံတက် ခဲ့ရပြီး ဆေး လိပ် ဖြတ်ခဲ့ ပါတယ်။ အဲဒီကတည်းက ကျန်းမာရေး ကောင်းလာခဲ့ပြီး ခုတစ်ကြိမ်ဆေးရုံ တက်ရပေမယ့်လည်း ခုလိုအခြေ အနေ ထိဖြစ်သွား လိမ့်လို့ မထင်မိဘူးလို့ ဆရာ့ ဇနီးက ဆိုပါတယ်။ ခုလိုသာ အသွားမစော ခဲ့ဘူး ဆိုရင် စာတွေအများကြီး ဆက်ရေးနေဦးမယ့် ဆရာဟာ လူငယ်တွေအတွက်သာမက၊ အ သက်အ ရွယ်မျိုး စုံ စာဖတ်ပရိသတ် တွေအတွက် အတွေးအခေါ်စာပေအပြင်ဘာသာရေးဆိုင်ရာ အတွေးအမြင် ရှုထောင့်နဲ့ ကလေးတွေ အတွက် ယဉ်ကျေးလိမ္မာစာအုပ်တွေကို ရေးသား ဦးမှာ ယုံမှားစရာမရှိပါဘူး။

ဆရာရေးသားခဲ့တဲ့စာအုပ်တွေထဲက'ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း'မှာစာဖတ်ပရိသတ်တွေ
ကြားမှာ လူကြိုက်များလှပြီး 'နန္ဒာသိန်းဇံ' ရယ်လို့ ဆရာ့ကို လူသိများစေခဲ့တဲ့စာအုပ်ကတော
၁၉၇၅ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုစုခဲ့တဲ့ 'ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ' စာအုပ်ပဲ ဖြစ်ပါတယ်။ "ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာစာအုပ် က ဆရာ့ရဲ့ Master piece လို့ပြောရ မယ်ထင် တယ်။ အဲဒီစာအုပ်တွေကို မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုစုရင်း အသက် ၂၀ ကျော်အရွယ်မှာ ရေးသား နိုင်တယ်။ သူရေးခဲ့တဲ့ စာ အုပ်ပေါင်း ခန့်မှန်းခြေ ၂၀ ကျော်လောက်တော့ ရှိမယ်"လို့ ဇနီးဖြစ်သူ ဒေါ်ခင်မာမာက ပြောပါတယ်။

တစ်သက်တာစာပေဆု၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်နဲ့ ဆရာဝန် တင်ရွှေဆုတွေရရှိခဲ့တဲ့ ဆရာနန္ဒာ သိန်းဇံဟာ ဒဿနိကဌာန မှာ ပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေရင်း ၁၉၉၈ ခုနှစ် ကမှ အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။ ဆရာရဲ့နောက်ဆုံးထွက်ရှိခဲ့တဲ့ လုံး ချင်းစာအုပ်မှာ ဆရာဝန်တင်ရွှေစာပေ ဆုရ 'နောင်တ ကင်း ရာသို့' စာအုပ်ဖြစ် ပြီး၊နာမည်မပေးရသေးတဲ့ရေးလက်စ စာမူတွေ၊ ဂျာနယ်တွေအတွက်၊
အချော သပ်နေတဲ့စာမူတွေ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ Perfect မဂ္ဂဇင်းနဲ့ Eternal Light မဂ္ဂဇင်းတွေ မှာ ဆောင်းပါးများရေးသား ခဲ့ပြီး Eternal Light မဂ္ဂဇင်းမှာ ရေး သားခဲ့တဲ့ 'ဘ၀ဒဿနအမြင်' ဆောင်းပါး ကတော့ ဆရာရေးသားခဲ့ တဲ့နောက်ဆုံး ဆောင်းပါးပဲဖြစ်ပါတယ်။

"သူက Philosopher လည်းဖြစ် တယ်ဆိုတော့ တွေးခေါ်နေတတ်တာ များတယ်။ သူများကိုလည်း အရမ်း အားနာတတ်တော့ သူများ ကို ဒုက္ခမပေး တတ်ဘဲ သူ့ဟာသူ ငြိမ်းငြိမ်းချမ်းချမ်း လေးပဲ စာဖတ်နေတတ်တယ်။ စာပေ ကို အင်မတန်ချစ်မြတ်နိုးပြီး သူအသက် ရှင်နေသရွေ့ စာပေ နဲ့ပဲ နေသွား ချင်တဲ့ ဆန္ဒ သူ့မှာရှိတယ်"လို့ စာရေးဆရာ မဖြစ်ခင်ကတည်းက ပါရမီဖြည့်ဖက် အနေနဲ့ နှစ်ပေါင်း ၄၀ တိတိအနီးကပ် နေခဲ့ရတဲ့ဆရာ့ဇနီးက ပြောပြပါတယ်။

"ဇနီးတစ်ယောက်အနေနဲ့ လေးစား ခဲ့ရတဲ့သူပါ၊ သက်ရှိထင်ရှားရှိနေစဉ်မှာ သူလုပ်ခဲ့တဲ့
ကောင်း မှု ကုသိုလ်တွေ ကြောင့် သူမရှိတော့ ပေမယ့် သူ့နာမည် ကတော့ တိုင်းပြည်အတွက် ရှိနေဦး မှာ ဖြစ်တဲ့ အတွက် အန်တီလည်း အဲဒီ အတွက် ဆက်လက်ရှင်သန်နေမှာပါ" လို့လည်း ဆိုပါတယ်။

ဒဿနပိုင်းဆရာ အတွေးအခေါ် တွေကို အများဆုံးရေးသားခဲ့တဲ့ ဆရာဟာ ၀ိပဿနာတရားကို အားထုတ်လေ့ ရှိတဲ့အပြင် ဓမ္မစကြာ ကိုလည်း နှစ်နှစ် ခြိုက်ခြိုက်ရွတ်လေ့ရှိပြီး ကျန်းမာရေး
ကောင်းစဉ် တုန်းက ကိုအံ့ကြီးသီချင်း တွေဆိုရတာကို သဘောကျပါတယ်။ အင်္ဂလိပ် ဘာသာ စကား လေ့လာ တာ ၀ါသနာကြီးပြီး ဒီနှစ်ပိုင်းမှာ Diplomatic School မှာလည်း တစ်ပတ် တစ်ရက် အင်္ဂလိပ်စာ သင်ကြားနေတာ လပိုင်းပဲရှိပါသေးတယ်လို့သိရပါတယ်။ ခုလို ရုတ်တရက်ကြီးထွက်ခွာသွားခဲ့ တာမို့ သူ့ကို ချစ်တဲ့သူတွေမှာ မိသားစုနဲ့ ထပ်တူ နှမြောတသဖြစ်ပြီး ၀မ်းနည်း ကြေကွဲကြရပါတယ်။

ဆရာနဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလို ညီအစ်ကိုလို ရင်းနှီးတဲ့ စာရေးဆရာ ချစ်ဦးညိုက "ငယ်ပါသေး တယ်။ အများကြီး နေသင့် သေးတယ်။အလွန်နှမြောစရာကောင်းပါတယ်။ စာပေဟောပြော တာ၊ ရေးသား တာတွေ အများကြီးလုပ်နိုင်ပါသေးတယ်။ သူကလည်း အများကြီးလုပ်ချင်သေးတဲ့ ဆန္ဒတွေအ များကြီးရှိ တယ်" လို့ ၀မ်းနည်းစကားဆိုပါတယ်။

"ဒဿနိကဗေဒ ဘာသာရပ်ကို အတူတူတက် ခဲ့ကြတယ်။ သူက ကိုယ့်ထက် အတန်းလည်းကြီးတယ်။ အသက် လည်း ကြီးတယ်။ ဒါပေမယ့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိခဲ့တယ်။ ကျောင်းတုန်း ကတည်းက သူက သီးခြားနေတတ် တယ်။ တွေးနေတတ်ပြီးတော့ သူတွေးတာတွေကို ပြန်ရေးတတ်တယ်။ ဆရာ ဖြစ်ပြန်တော့ လည်း စာသင်တဲ့နေရာမှာလည်း ကောင်းတယ်။ "ဆရာကကျောင်းကနေ ထွက်လာခဲ့ ပေမယ့် သူက ပါမော က္ခဖြစ်တဲ့အ ထိ သင်ကြားခဲ့တယ်။ စာပေဟောပြောပွဲ တွေလည်း အတူသွားခဲ့ဖူးတယ်။ သူနေ တဲ့ ပေါင်း တည်ကိုလည်း လိုက်သွားဖူးတယ်။

စာပေဟောပြောပွဲတွေမှာဆို လည်း ထိထိမိမိ၊ တည်တည်ငြိမ်ငြိမ်၊ လေးလေးနက်နက်နဲ့
ပြောတတ်တယ်။ ခုလိုဆုံးသွားတဲ့အတွက် အရမ်းနှမြော စရာကောင်းတယ်။ သူရေးခဲ့တဲ့စာတွေ အကြောင်း ကတော့ အားလုံးသိပြီးသား မို့ မပြောတော့ပါဘူး။ ဆရာကတော့ သူ့အတွက် 'ဪ... ရှင်နည်းရာ အဂ္ဂ လူထွက်သွားလေခြင်း' လို့ပဲ မြည်တမ်း လိုက်ချင်တယ်"လို့ဆိုပါတယ်။
----------------------------------------------------------------
ဆရာနန္ဒာသိန်းဇံရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၁၈ ရက် (ကြာသပတေး)နေ့ ရေဝေးသုသ၁န်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

ref:http://bransaing.multiply.com

No comments:

Post a Comment