Thursday, 16 August 2012

တပ်မတော်ရှိ တပ်ရင်း တပ်ဖွဲ့အသီးသီး တွင်ကလေး စစ်သား စု ဆောင်း ထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေး ဗိုလ်များ က ခံဝန်လက်မှတ်ရေး ထိုးထားရ

တပ်မတော်ရှိ တပ်ရင်း တပ်ဖွဲ့အသီးသီးတွင်ကလေး စစ်သားစု ဆောင်းထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေးဗိုလ်များ ကခံဝန်လက်မှတ်ရေးထိုးထားရကြောင်း ILO မှတာဝန်ရှိသူ တစ်ဦး ကပြော ကြား သည်။

''တကယ်လို့တပ်ရင်း တပ်ဖွဲ့တွေမှာ အသက် မပြည့်သေးတဲ့ကလေး စစ်သားတွေရှိရင် လည်း ပြန် လွှတ်   ပေးဖို့။ ကလေးစစ်သား စု ဆောင်းထားခြင်း မရှိဖို့နဲ့ကလေးစစ် သားအသုံးပြုမှု တွေရှိရင် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မနဲ့အရေးယူမယ်ဆိုတဲ့ကိစ္စတွေကိုတပ်မတော် ကာကွယ် ရေးဦးစီး ချုပ်က ညွှန်ကြားထား တာ တွေ  လည်း    ရှိပါတယ်။ ''ဟုအဆိုပါတာဝန်ရှိသူက ဆက် လက်ပြော သည်။

အရွယ်မရောက်သေး သူကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှကာ ကွယ်ရန်အတွက် လက်မှတ်ရေး ထိုးရာတွင် တပ်မတော်နှင့် သာလက်မှတ် ရေးထိုးနိုင်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်း များနှင့် သဘော တူ လက်မှတ်ရေး ထိုးရန်ကျန်ခဲ့ ကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပက်သက်၍ ကာကွယ် ရေးဝန်ကြီးဌာန ကညွှန်ကြားချက် ထုတ် ပြန်ရာတွင် လက်နက်ကိုင် တပ်ဖွဲ့များ တွင်ပါဝင်ရန် အသက်၁၈နှစ်ပြည့် ရမည်ဟုပါရှိပြီး ၁၉၉၃ခုနှစ် ကလေး သူငယ်ဥပဒေ အရ ကလေး သူငယ်ကို အသက်၁၆ နှစ်မပြည့်သေးသူ၊လူငယ်ကို အသက်၁၈နှစ် မပြည့်သေးသူ ဟု အဓိပ္ပာယ် ဖော်ပြထား ကြောင်း သိရသည်။

ကုလသမဂအတွင်းရေးမှုးချုပ် ၏ကလေးသူငယ်နှင့်လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူး ကိုယ်စား လှယ် မစ္စရာ ဒီကာကုမာရ ကလည်းတပ်မတော်နှင့် လက် မှတ်ရေးထိုးပြီးသောကြောင့် ကလေး စစ်သား ၅၂၅ ယောက် တွင် အယောက်၄၀၀ ကိုနေရပ်ပြန်ပို့တော့ မည်ဖြစ်ကြောင်း မီဒီယာများ အားပြောကြား ခဲ့ သည်ဟု သိရ သည်။

အရွယ်မရောက်သေးသူ ကလေးသူ ငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ် ရေးဆိုင်ရာလုပ်ငန်း အစီအစဉ် ကိုမြန်မာ အစိုးရနှင့် ကုလသမဂ္ဂ တို့ဇွန်၂၇ ရက်က ကုသမဂ္ဂ ညှိုနှိုင်းရေးမှုး၊ ယူနီဆက်မြန်မာ ဌာနေ ကိုယ်စား လှယ် နှင့်တပ်မ တော်မှတာဝန်ရှသူများကနေပြည်တော် တွင်လက်မှတ်ရေး ထိုးခဲ့ကြ ကြောင်း သိရ သည်။
 
ref:YPI

No comments:

Post a Comment