Thursday 16 August 2012

မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုများကို ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရန် သမ္မတညွှန်ကြား

ပြည်သူများနှင့်ထိတွေ့ဖြေရှင်းရသည့်အထဲတွင် မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုများသည် ပြသနာရှုပ်ထွေးသည့်အတွ   က်ပြည်နယ်၊တိုင်းအစိုးရများအနေနှင့်ပြည်ထောင်စုအစိုးရ၏သဘောထားမှတ်ချက်မပါဘဲတိုက်ရိုက်စီမံခန့်ခွဲမှု မပြုလုပ် ရန်နှင့်ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ရယူသွားရန်လိုအပ်ကြောင်းနိုင်ငံတော် သမ္မတဦး သိန်းစိန်က နေပြည်တော်တွင် သြ ဂုတ်လ၁၅ရက်နံနက်ကပြုလုပ်သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နိုင်ငံတော်က ဖွဲ့စည်းေ ပးထားေ သာ မြေ ၊အဆောက်အအုံများမှ တစ်ပါး ကျန်ဝန်ကြီးဌာနအစီအစဉ်ရှိနေ သည့် မြေနှင့်အဆောက်အအုံများကို တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များက စီမံကိန်းကော်မရှင်သို့တင်ပြထား သည့်မြို့ ပြစီမံကိ န်းနှင့် အညီ ဆောင်ရွက်နိုင်ရန် အစိုးရ အဖွဲ့အ စည်းအဝေး သို့တင်ပြ လွှဲပြောင်းသွား ရမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။

အောက်ခြေမြို့နယ် အချို့တွင် မြို့နယ်အုပ်ချုပ်ရေးအာ ဏာပိုင်အဖွဲ့ အစည်းများက သူ့နည်းသူ့ဟန်ဖြင့် ရင်းနှီးမြုပ်နှံမှုများ ကို နေရာ ချပေးခြင်း ဘာသာရေးအဆောက်အအုံတိုးချဲ့မှုများကိုမသိရှိခြင်း၊ အချို့ဓာတ်ဆီဆိုင်နေရာများကို ယင်းတို့သဘော အတိုင်း နေရာ ချထားခြင်းကြောင့် ပြည်သူ များနှင့် ပြသ နာဖြစ်ပွားခြင်း စသည့်ပြ သနာများကြုံတွေ့နေရကြောင်းလည်း သမ္မတကအစည်းအဝေး နိဂုံးချုပ် မိန့်ခွန်း တွင် ရည်ညွှန်းပြောဆိုသွားသည်။

ထို့အပြင် မြန်မာနိုင်ငံကိုလာရောက်ရင်းမြုပ်နှံကြမည့်သူများအတွက်အခြားနိုင်ငံများကဲ့သို့ အဆ င်ပြေချောေ မွ့ခြင်း မရှိသည့်ကိစ္စမှာမြေနေရာ ရရှိရေးကြန့်ကြာနေသောကြောင့် ဖြစ်ကြောင်းလည်း သမ္မတ က ပြော ဆိုခဲ့ သည်။

ထို့ကြောင့် နိုင်ငံတော် အနေနှင့် မြေယာခွဲဝေ အသုံးချမှု စိစစ်ရေးဆောင် ရွက်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု့ စီမံကိန်းများတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ အရေးကြီး သည့်အ တွက် ဥပဒေလုပ်ထုံးလုပ်နည်းများ အမြန်ရေးဆွဲပြဌာန်းနိုင်ရန် လည်းစီ စဉ်နေကြောင်း သမ္မတ ကပြောကြားခဲ့သည်။
 
ref:7daynews

No comments:

Post a Comment