Thursday 16 August 2012

စိုးရိမ်ဖွယ် ပုသိမ် မြစ်ရေကြီးမှု အခြေအနေ

င၀န်မြစ်ရေသည်စိုးရိမ်ရေအမှတ်ထက်၃ပေခန့်ကျော်လွန်နေသောကြောင့်အိမ်များမှာခေါင်မြုပ်သည်ထိပင် ဆိုး ရွားနေပြီးပြင်းထန်သောရေစီးကြောင့်ရေဘေးဒုက္ခသည်စခန်း၂၀သို့ ရောက်ရှိလာသူ၃၀၀၀ေ ကျာ် ရှိနေပြီ ဖြစ်ကြောင်း၊
အဆိုပါ ဒုက္ခသည်စခန်းတွင်သက်ကြီးရွယ်အိုနှင့်ကလေးများပိုမိုများပြားပြီး အများအပြားနာ မကျန်းဖြစ်နေကြောင်း။

ပုသိမ်ထက်ပိုမိုဆိုးရွားသည်မှာကန်ကြီးဒေါင့်မြို့ဖြစ်နေပြိးဈေးများနှင့်၂ထပ်အိမ်များဧ။်အောက်ထပ် ထိပါနစ်မြုပ်သွားပြီဖြစ်ကြောင်း။

ထို့ပြင်ကန်ကြီးဒေါင့်မြို့နယ်တွင်းရှိကြိမ်ချောင်းတာမှရွေးေ၇တံခါး(အမြင့်ပေ၂၀)မှာစိမ့်အက်ပြီးစိုး ရိမ်ဖွယ်အခြေနေသို့ရောက်၇ှိနေသဖြင့်သဲအိတ်၅၀၀၀ခန့်ဖြင့်အမြန်ဆုံးပြန်လည်ဖာထေးနေ/အမြင့်ပေ၂၀ခန့်ရှိသောတာပေသိုကျော်ရန်၂ပေခန့်သာလိုတော့ကြောင်း။

တာကျိုးပေါက်ခဲ့လျင်တာအောက်ဘက်ရှိကျေးရွာအုပ်စု၈၀နှင့်စိုက်ပျိုးပြီးလယ်ဧက၂သောင်းကျော်နစ်မြုပ် ဖွယ်ရှိကြောင်း
 
သိရှိရပါသည်။ 




No comments:

Post a Comment