Thursday 16 August 2012

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းလိုက်သည် ပင်တဂွန်စစ်ဌာနချုပ်

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၈ ရက်နေ့က ၀န်ကြီးချုပ်ယင်လပ် ဦးစီးပြီး ၀န်ကြီးဌာန ၁၇ ခုမှ အဆင့်မြင့် အရာရှိကြီးများပါဝင် သော ဒုတိယမြောက်ပင်တဂွန်စစ် ဌာနချုပ်(Pentagon Command Center) ကိုဖွဲ့စည်း လိုက်သည်။ (အမေရိကန်စစ်ဌာနချုပ်မှ ပင်တဂွန် ဖြစ်သဖြင့် အမေရိကန်စစ်ဌာနချုပ် ကို နမူနာယူပြီး ထိုင်းနို င်ငံ အနေဖြင့် ပင်တဂွန် ၂ ဟု အမည်ပေးထား ပုံပေါ်သည်။ စာရေးသူ)



ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူဆလင်ဘာသာဝင်အချို့နှင့် ဒေသ ခံထိုင်း ပြည်သူ များ အကြားဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်လေ့ လာပြီး နိုင်နိုင်နင်း နင်းကိုင် တွယ်ဖြေရှင်းရန်ဖြစ်သည် ဟုဆိုသည်။ 

ဝန်ကြီးချုပ်ယင် လပ်က “နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာများကို အဓိက တာဝန်ယူဆောင် ရွက်နေကြသည့် အရာရှိကြီးအကြားထိုင်းနိုင်ငံတောင် ပိုင်းတွင်ဖြစ်ပေါ်နေသည့် အခြေ အနေများကို မျက်ခြေ မပြတ်စောင့် ကြည့်လေ့လာပြီး ပေါင်းစပ်ညှိနှိုင်း ခြင်း၊ ဆက်စပ်ဆောင်ရွက်ခြင်း များကို တိုးမြှင့်ဆောင်ရွက် သွား မည်”ဟု ပြောကြားသည်။ ဆက်လက်၍သူက မိမိတို့ အစိုးရ အဖွဲ့အနေဖြင့်လည်း ထိုင်းနိုင်ငံ တောင်ပိုင်းပဋိက္ခများပြေလည် ရေးအတွက် အတိုက်အခံဒီမိုက ရက်ပါတီအပါအ၀င်မည်သည့်နိုင်ငံ ရေးပါတီများနှင့် မဆိုပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။

ယခင်ပြည်တွင်းလုံခြုံရေးစစ် ဌာနချုပ် (Internal Security Operation Command) အကြီးအကဲ ဗိုလ်ချုပ်ကြီးပါးလော့ပင်မနီတင်ပြ သည့် ထိုင်းတောင်ပိုင်းတွင် ဆူပူ အကြမ်းဖက်နေသူများကို ပြင်းပြင်း ထန်ထန်နှိပ် ကွပ်ရန် အဆိုကို ၀န်ကြီးချုပ်ယင်လပ်ကလက် မခံပဲ၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်နေသည့် အရေးအခင်းများမှာ ထိလွယ်၊ ရှလွယ်သဖြင့် သိမ်သိမ် မွေ့မွေ့ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ပင်တဂွန် (၂) စစ်ဌာနချုပ်အနေ ဖြင့် နိုင်ငံတော်အစိုးရ၏ မဟာဗျူ ဟာရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် ၎င်းတို့၏ဘ၀ လုံခြုံမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ပင်တဂွန် (၂) စစ်ဌာနချုပ် ကို ဒုတိယ၀န်ကြီးချုပ်ယူသာဆပ် ဆာဆီပရာဖာနှင့် ဒုတိယ၀န်ကြီး ချုပ်များ အမှတ် (၄) တပ်တော် မှူး (4th Army Commander) ဒုတိယဗိုလ်ချုပ်ကြီးဥဒုန်ချိုင်းထမ္မာ သရောက်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာ၊ လက်ရှိအမျိုးသား လုံခြုံရေး   ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဝီချန်း ပိုတက်ဖော်ဆရီ၊ ရဲချုပ်အဒူဆန် ဆီကော၊ ထိုင်းတောင်ပိုင်းအုပ်ချုပ် ရေးမှူးသာ ၀ီဆော့ဆောင်းအပါ အ၀င်ဝန်ကြီးဌာန ၁၇ ခုမှ အရာ ရှိကြီးများပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

ပင်တဂွန် (၂) စစ်ဌာနချုပ် ကို ပြည်တွင်းလုံခြုံရေးစစ်ဌာနချုပ် (ISOC) အနီး ဖွင့်လှစ်ထားရှိမည် ဖြစ်ပြီး စစ်ဆင်ရေးနှင့် မဟာဗျူ ဟာမှူးအဖြစ်ဒုတိယ၀န်ကြီးချုပ်ယူ သာဆပ်ဆာဆီပရာဖာက ကြီးကြပ် ကွပ်ကဲ သွားမည် ဟုဆိုသည်။

လောလောဆယ်မှာ မူဆလင် ဘာသာဝင်တို့၏ ရာမာဒန် ((Ramadan) ) ဥပုသ်ကာလ တိုးမြှင့် ဆောင်ရွက်လာ ဖွယ်ရှိသဖြင့် သြဂုတ်လ ၁၉ ရက်နေ့ထိကို ထိုင်း နိုင်ငံတောင်ပိုင်းတွင် သြဂုတ်လ ၁၉ရက်နေ့ ထိအရေးပေါ်ကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ref:hotnewsjournal

No comments:

Post a Comment