Thursday 16 August 2012

ဆီးရီးယားတွင် အစိုးရတပ်က ဗုံးကြဲတိုက်ခိုက်

ဆီးရီးယားတွင် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားသည့် မြို့တစ်မြို့ကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူ(၂၀)ထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ ဆီးရီးယား အစိုးရ လေတပ်မှ တိုက်လေယာဉ်များသည် ဗုဒ္ဓဟူးနေ့က အာဇက်မြို့ကို နှစ်ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၂၀) သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် အမြောက်အမြား ဒဏ်ရာရခဲ့သလို အချို့သော ကလေးငယ်များသည် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ 






ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အနည်းဆုံး လူ(၂၃)ဦး သေ ဆုံးခဲ့ကြောင်း ပြောကြားသွားသည်။ လေယာဉ်များ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူပေါင်း(၂၀၀)မျှ ဒဏ်ရာများ ရရှိခဲ့သည်။ APသတင်းဌာနက အနည်းဆုံး လူ(၉)ဦး၏ အလောင်းများကို မြို့အတွင်း   တွေ့မြင်ခဲ့ရပြီး ကလေးတစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ဗုံးကြဲမှုများ ပြီးဆုံးသွားချိန်တွင် လူငယ်အဖွဲ့ တစ်ခုသည် ပျက်စီးပြိုကျနေသည့် နေအိမ်တစ်ခုတွင် အပျက်အစီးများအောက် ပိတ်မိနေသူ တစ်ဦးကို တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ထိုသူအား ကယ်ထုတ်လာချိန်တွင် ယင်းသည် အသက်ရှင်နေဆဲ ဖြစ်သည်။  





"ဘုရားသခင်သည် ကြီးမြတ်တော်မူသည်"ဟု လူငယ်များက အော်ဟစ်ကြွေးကြော်ရင်း ထိုသူအား ပိမိနေသည့် အပျက်အစီးများကို ဖယ်ထုတ်ပေးခဲ့သည်။ ထို့နောက် ၎င်းကို စောင်ဖြင့် ထုပ်ယူကာ ဆေးရုံသို့ ပို့ပေးခဲ့ရသည်။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို အာဇက်မြို့ နေရာအနှံ့တွင် တွေ့မြင်နိုင်ကြောင်း မျက်မြင်များက ဆိုသည်။ ဆီးရီးယား အစိုးရသည် ပြည်တွင်းစစ်အတွင်း လေတပ်ကို တွင်တွင်ကျယ်ကျယ် ပြောင်ပြောင်တင်း
အသုံးချနေပြီး ယင်းကို ကုလသမ္မဂက ကြားဝင်ဟန့်တားရန် ပျက်ကွက်နေဆဲဖြစ်သည်။


ref:planet





 

No comments:

Post a Comment