Thursday 16 August 2012

UNHCR ရုံးရှေ့တွင် ဆန္ဒပြသူများ တရားစွဲခံရမှု တရားလို သက်သေများကို စတင် စစ်ဆေး


ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒ ဖော်ထုတ် ခဲ့သူများ အနက် ၄ဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲထားပြီး သြဂုတ်လ ၁၆ရက်နေ့တွင် တရားလို သက်သေကို စတင် စစ်ဆေးခဲ့ကြောင်း တရားစွဲဆို ခံထားရသူ တစ်ဦးဖြစ်သော ဦးဝင်းခန့်က ပြောကြားသည်။

ဆန္ဒ ဖော်ထုတ်သူ လေးဦး ဖြစ်သော ဦးအောင်နိုင်ထွန်း၊ ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ကို စမ်းချောင်းမြို့ နယ် တရားရုံး၌ သြဂုတ်လ ၁၃ရက်နေ့တွင် စတင် တရားစွဲဆိုခဲ့ပြီး သြဂုတ်လ ၁၆ရက် နေ့တွင် တရားလို သက်သေ တစ်ဦး ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် ခွင့်ပြုချက် မရရှိပဲ ဆန္ဒ ဖော်ထုတ်ခဲ့သဖြင့် တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို တရားဝင် လျှောက်ထား ခဲ့သော်လည်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ခွင့်ပြုချက် မပေးခဲ့၍ ယင်းသို့ ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်သူများထံမှ သိရှိရသည်။


ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေး လိုသူများသည်အနည်းဆုံးငါးရက်ကြိုတင်လျှောက်ထားရမည်ဆိုသော်လည်းလးရက်သာကြိုတင် လျှောက်    ထား ခဲ့သဖြင့် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း UNHCR ရုံးရှေ့တွင် ဆန္ဒ ဖော် ထုတ်မှု ဖြစ်ပွါးေ သာ နေ့ တွင် စမ်းေ ချာင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။


UNHCR ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ် လေးဦးကို တရားစွဲဆို ထားသည်မှာ မှန်ကန်သော်လည်း မည်သည့် ပုဒ်မဖြင့် တရား စွဲဆိုထားသည်ကို မသိကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းကို သြဂုတ်လ ၁၃ ရက်နေ့နှင့် ၁၆ရက်နေ့တို့က The Voice Weekly ၏ ဆက်သွယ် မေးမြန်းချက်ကို ယင်းရဲတပ်ဖွဲ့ စခန်းကို ပြန်လည်ဖြေကြားသည်။


နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီး ပြောကြားသော ရိုဟင်ဂျာများနှင့် အတူ ယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွက် ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
 
 
ref:thevoiceweekly

No comments:

Post a Comment