သြဂုတ်လ ၁၆ ရက် - မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီ NRL data များအရ အပူပိုင်းမုန်တိုင်း KAI-TAK(14W) အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း
ဖြစ်လာပြီး လမ်းကြောင်းမှာလည်း တောင်ဘက်သို့ အနည်းငယ်ရွေ့သွားသဖြင့်
တရုတ်ပြည်တောင်ပိုင်း ဟောင်ကောင်မကာအို တို့အပြင် ဟိုင်နန်ကျွန်းနှင့်
ဗီယက်နန်နိုင်ငံ မြောက်ပိုင်းတို့လည်း မုန်တိုင်းဒဏ်ခံရဘွယ်ရှိနေပါသည်။
တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် ဟောင်ကောင် အရှေ့တောင်ဘက် မိုင် ၂၉၀
ခန့်၊ ဖိလစ်ပိုင်နိုင် Baguio City ၏ အနောက်မြောက်ဘက် ၂၁၅ မိုင်ခန့် အကွာ
တောင်တရုတ်ပင်လယ်တွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့
ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် ဟောင်ကောင် အရှေ့တောင်ဘက် မိုင် ၂၉၀ ခန့်၊ ဖိလစ်ပိုင်နိုင် Baguio City ၏ အနောက်မြောက်ဘက် ၂၁၅ မိုင်ခန့် အကွာ တောင်တရုတ်ပင်လယ်တွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
No comments:
Post a Comment