Thursday 16 August 2012

လေလှိုင်းပေါ်က အသားထဲက " လောက် " အမျိုးသား သစ္စာဖောက်များ

VOA က ကိုသန်းလွင်ထွန်း သတင်းသမား သိက္ခာမဲ့တာကိုတော့ သိပြီးသားပဲ။ ဒါပေမယ့် ဒီလောက် မျက်နှာပြောင်မယ်လို့တော့ မထင်မိဘူး။

သမ္မတဦးသိန်းစိန် ကိုမေးတဲ့ မေးခွန်းတစ်ခုကို အောက်မှာ လေ့လာကြည့်ပါ။


"မေး။ ။ ဒေသတွင်းကအခြေနေနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေရဲ့ဖော်ပြ မှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသားရေး
စိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကအကြောင်းပြုပြီးတော်တော်လေးပြင်းပြင်းထန် ထန် ဖော်ပြ တာတွေတွေ့ ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်အရေးကို အခြေ ခံပြီး ဖော်ပြတယ်ဆိုတော့နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်က ကျူးကျော်လာ
တဲ့သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သမ္မတကြီး အနေနဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို တစ်စုံတရာများ စိတ်အနှောက်ယှက်ဖြစ်ခဲ့တာတွေ ရှိခဲ့လားခင်ဗျ။"


လူ့အခွင့်အရေးကို အခြေခံပြီး ရိုဟင်ဂျာတွေဖက်က ဖော်ပြခဲ့တယ်ဆိုတော့ "ရခိုင်တွေက လူမဟုတ်ဘဲ တိရစ္ဆာန်တွေ" ကျနေတာပဲ။

တစ်ခုပဲ ထောက်ပြပါမယ်။ သန်းလွင်ထွန်း ကိုယ်တိုင် အင်တာဗျူးလုပ်ခဲ့တာ ဝါကာအူဒင်ပါ။ ဘယ် သတင်းဌာနကများ ရိုဟင်ဂျာကိစ္စ ပြဿနာတက်နေတဲ့အချိန်မှာ ရခိုင်လူကြီးတစ်ဦးကို အင်တာဗျူးတာ လုပ်ဖူးပါသလဲ။ အထူးသဖြင့် သန်းလွင်ထွန်းရဲ့ ဗွီအိုအေ ပေါ့။

--------------------

လူအုပ်ထဲကို ရဲက သေနတ်နဲ့ပစ်တယ်လို့ အင်္ဂလိပ်ပိုင်း သတင်းမှာရေးပြီး ဗမာပိုင်းမှာ မဖော်ပြခဲ့သော သတင်း၊ အဲ့ဒီသတင်းမှာ ဆန္ဒပြနေတဲ့ ရိုဟင်ဂျာလို့ရေးထားပြီး ဆူးလေက ဆန္ဒပြ မွတ်စလင်တွေပုံကို ထည့်သုံးထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ လုပ်ရပ်က လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ပြီး လူ့အခွင့် အရေးအတွက် သတင်းသမားကျင့်ဝတ်ကို ချိုးဖောက်လိုက်တာတဲ့လား။

ဘီဘီစီဆိုတဲ့ သတင်းဌာနဆိုရင် ၇ခိုင်အရေးအခင်း ဓါတ်ပုံတွေမှာ ဝါးချွန်တွေကိုင်နေတဲ့ ရခိုင်လူမျိုးပုံတွေကို "ရည်ရွယ်ချက်ရှိရှိ" ဖော်ပြထားပြီး ငေးမောငိုင်ရီနေတဲ့ ရခိုင်သက်ကြီးရွယ်အိုတွေရဲ့ ပုံတွေကို မဖော်ပြခဲ့တာ မီးဟုန်းဟုန်းတောက်နေပြီး လက်သီးလက်မောင်းတန်း အကြမ်းဖက်ပြနေတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ ဓါတ်ပုံတွေ ကို "လုံးဝ" မဖော်ပြခဲ့တာ သတင်းသမားကျင့်ဝတ်တဲ့လား။ လူ့အခွင့်အရေး ရှုထောင့်က ကြည့်တာတဲ့လား။

ဒီဗွီဘီဆိုရင် ပြောမနေပါနဲ့တော့။ နိုင်ငံတစ်ခုရဲ့ ဥပဒေအရာဖြစ်တဲ့ကိစ္စရပ်ကို အေးချမ်းနိုင်ဆိုတဲ့ လူက ရိုဟင်ဂျာတွေဟာ နိုင်ငံသား ဖြစ်သင့်ကြောင်း ပြင်းပြင်းထန်ထန်ယုံကြည်ပါတယ် ဆိုပြီး ဗြောင်ပြော တဲ့အဆင့်ရောက်လာရပြီ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အဓိကရုန်း တစ်ခုပဲ လို့ ရေးတဲ့ ဒီဗွီဘီ၊ မင်းကိုနိုင်ကို အဓိကရုန်းလှုံ့ဆော်သူ အကြမ်းဖက်သမားလို ပုံဖော်တဲ့ ဒီဗွီဘီက ရော လူ့အခွင့်အေ ရး ရှုထောင့် ကနေ ရေးပြလိုက်တာတဲ့လား။

ပရော်ဖက်ရှင်နယ်လ်ဆိုတာ ပရို ပီသရတယ်။ ပရိုတွေ လိုက်နာရမှာက Professional Ethics ပဲ။ မင်းတို့ သတင်းသမားမဟုတ်ဘဲ သောမတ်စ်ကန်တားနားရဲ့ နောက်လိုက်တွေဆို တစ်မျိုးနားလည်ပေးလိုက်မယ် သန်းလွင်ထွန်း၊ အေးချမ်းနိုင်နဲ့ အောင်ဇော်တို့ အဖွဲ့တွေရေ။ ခင်ဗျားတို့ဟာ သတင်းသမားတွေဆို။ သတင်း ဆိုတာ အမှန်အတိုင်း အပိုအလိုမရှိ အတိအကျ ရေးနိုင်မှ သတင်းတန်ဖိုး စစ်မှန်တယ်။ နှမ်းဖြူးတာတွေ၊ ဇာချဲ့တာတွေ ကိုယ်ထင်ရာ ရမ်းတုတ်တာတွေ ထည့်ရေးလို့မရပါဘူး။

သတင်းသမားရှုထောင့်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှုထောင့်မတူပါဘူး။ သတင်းသမားဟာ ပရော်ဖက်ရှင်နယ်လ်ဖြစ်တယ်။ သူ့စည်းကမ်းရှိတယ်။ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီးဖော်ပြ လိုက်တယ် ဆိုကတည်းက Very contradictory ပါပဲ။ ဒီစကားဟာ သူတို့ ဇာတ်ရုပ်ကို ဖော်ပြလိုက်တာပါပဲ။ သူတို့ အစိုးရနဲ့ တည့်ရင် အစိုးရကောင်းကြောင်း ပေါ်လစီချမှတ်ပြီး ဖော်ပြပေးမယ်။ အစိုးရနဲ့ မတည့်ရင် ဘာလုပ်လုပ်မကောင်းဘူးဆိုတဲ့ ပေါ်လစီနဲ့ ရေးမယ်ဆိုတဲ့ သဘောပါပဲ။

တစ်ကယ့််တစ်ကယ် သတင်းသမားတွေအလုပ်က ကောင်းကောင်း၊ မကောင်းကောင်း "အရှိကို အရှိ အတိုင်း" ရေးရမှာ မဟုတ်လား။ ဒီချုပ်မို့ ပိုပိုသာသာလေး ဖေးမ ပေးပြီး ကြံ့ဖွံ့မို့ ခပ်ဖိဖိရေးမယ်ဆိုတာမျိုးတွေ လုပ်သင့်ပါ့မလား။

ပြည်ပမီဒီယာတွေဆီက လူတွေဆီမှာ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ် လုံးဝမရှိတာက ထပ်မံပေါ်လွင်လာတယ်လို့ပဲ ဆိုပါရစေတော့။

ref: Ko Myo Set's FB

No comments:

Post a Comment