မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Monday, 23 March 2015
နိုင်ငံကူးလက်မှတ် ကိစ္စကြောင့် ရှေ့နေနှစ်ဦး ပြည်ပ ခရီးစဉ်ပျက်
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo:Kyaw Zaw Win/RFA
နိုင်ငံကူးလက်မှတ် ကြန့်ကြာနေတဲ့အတွက် လူ့အခွင့် အရေးရှေ့နေနှစ်ဦး ရဲ့ ပြည်ပခရီးစဉ်တွေ ပျက်ပြားသွား ရကြောင်း သိရပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းမည် မဟုတ်ဟုဆို
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဗကသကျောင်းသား ခေါင်းဆောင်ကော်မတီဝင်များ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံရပြီးနောက် ထွက်ပေါ်နေသည့် သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းတော့မည် ဆိုသော သတင်းများကို ငြင်းဆိုလိုက်ပြီး သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း အဆိုပါ ကော်မတီဝင်များက The Voice သို့ ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဧပြီ ၁ရက်မှ မေ ၁ရက်ထိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည် တင် ယာဉ်များ၌ Telematics စနစ်တပ်ဆင် ကာလ သတ်မှတ်လျာထားပြီး ထိုကာလ အတွင်း Telematics စနစ် တပ်ဆင်ထားခြင်း မရှိသည့် ခရီးသည် တင် ယာဉ် များ ကို ဖြတ်သန်းခွင့်ပြုတော့ မည်မဟုတ်ဟုဆို
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သွားလာမောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်များ အနေဖြင့် Telematics စနစ်တပ်ဆင် သွား လာရ မည်ဖြစ်ကာ ယင်းစနစ် တပ်ဆင်ကာလအဖြစ် ဧပြီ ၁ရက်မှ စတင် မည်ဖြစ်ပြီး မေ ၁ရက် အထိ တပ်ဆင် ခွင့်လျာထားပေးကာ ယင်း စနစ်တပ် ဆင်ထားခြင်းမရှိသည့်ခရီး သည်တင်ယာဉ်များကို ဖြတ်သန်း သွားလာခွင့်ပြု မည် မဟုတ်ကြောင်း ရန် ကုန်-မန္တလေးအမြန်လမ်းပြုပြင် ထိန်း သိမ်းရေး အဖွဲ့မှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
တပ်မတော် (ရေ) မာန်အောင်ကျွန်း အနောက်ဘက်တွင် စစ်ရေးလေ့ကျင့်မည်
Combined Fleet Exercise ပြုလုပ်မည့် လေ့ကျင့်ခန်းဧရိယာပြပုံ (FB/Myanmar NAVY)
တပ်မတော် (ရေ) က မာန်အောင်ကျွန်းအနောက်ဘက် ပင်လယ်ရေပြင်တွင် မတ်လ တတိယပတ်မှစ၍ စစ်ရေးလေ့ ကျင့်မှုများဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
သင်္ကြန်ကာလတွင် အစိုးရအပေါ် အကြည်ညိုပျက်စေရန် ရန်ပြုမူလျှင် အရေးယူမည်ဟုဆို
မုံရွာမြို့တွင် မဟာသင်္ကြန်ကာလ ရေကစားနေကြစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
သင်္ကြန်ပွဲတော်ကာလ အတွင်း နိုင်ငံတော်အစိုးရအပေါ် ဂုဏ်သိက္ခာပျက်ပြားစေ၍ အ ကြည်ညိုပျက်စေမည့် တိုက်ရိုက် ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေပြော ဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆို ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းပြု လုပ်ပါက သက်ဆိုင်ရာတည်ဆဲဥ ပဒေများအရ ထိရောက်စွာအရေး ယူမည်ဖြစ်ကြောင်းမုံရွာမြို့နယ်စီ မံခန့်ခွဲမှု ကော်မတီက ထုတ်ပြန် ကြေညာလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆက်ကြေးကောက်ခြင်းသည် KIA အဖွဲ့၏ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုလား?
ကချင်ပြည်နယ် အင်တော်ကြီးဒေသနှင့် တနိုင်းမြို့နယ်များတွင် တူးဖော်နေသော ရွှေမှော်များ၌ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)မှ ကောက်ခံနေသော ဆက်ကြေးငွေ ပမာဏမှာ နှစ်စဉ်သိန်းထောင်ချီ ရနေ ကြောင်း ယင်းရွှေမှော်လုပ်သားများထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဝန်ကြီးများရုံးဟောင်းဝင်းအတွင်း မွေးနေ့ပွဲကျင်းပခြင်းကို လူမှုကွန်ရက်တွင် ဝေဖန်နေ
ရန်ကုန်− မြန်မာ့လွတ်လပ်ရေး သမိုင်း၏ အထင်ကရ အမွေအနှစ် အဆောက်အအုံဖြစ်သော ၀န်ကြီးများ ရုံးဟောင်းဝင်းအတွင်း မတ် လ ၂၁ ရက် ညက မွေးနေ့ပါတီ ပွဲတစ်ခုကျင်းပခဲ့ပြီး အနုပညာရှင် အချို့နှင့် အာဏာရှင်ဟောင်း ဦး နေ၀င်း၏မြေး အေးနေ၀င်းတို့ တက်ရောက်ခဲ့ကြပုံများ လူမှုကွန် ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး မျှဝေသူနှင့်ဝေဖန်သူ အများအပြားရှိနေသည်။
ဆက်လက်ဖတ်ရှုပါရန် »
ညှိနှိုင်းရန် အနည်းငယ်ကျန်နေ၍ အပစ်ရပ်ဆွေးနွေးပွဲ မတ်လ၃၀ရက်သို့ ရွှေ့ဆိုင်း
အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ကြားကာလအစီအစဉ် နှင့် စကားလုံးအသုံးအနှုန်းအချို့ ညှိနှိုင်းရန် ကျန်ရှိနေခြင်းကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲကို မတ်လ ၃၀ရက် တွင် ပြန်လည်ဆွေးနွေးရန် ရက် ရွှေ့ဆိုင်းလိုက် ကြောင်း သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
မွန်ပြည်နယ်သို့ ယခုလ ၂၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားသည့် ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းမွန်ပြည်နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင် ဆောင်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ငြိမ်းချမ်းရေးဆွေးနွေးစဉ် အစိုးရတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်
ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အစိုးရတပ်နှင့် ကေအိုင်အေ တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရဘက် ကတိုက်လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေ မှ သ တင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
လိင်အသားပေးပြင်းထန်သည့် ပုံများနှင့်အမုန်းစကား ရေးသားမှုများကို ဖေ့စ်ဘွတ်ခ်က ထိရောက်စွာ တားမြစ်မည်
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရင်သားနှင့် လိင်အင်္ဂါများကို အ ပြည့်အစုံဖော်ပြထားသည့် ပုံများ နှင့် အမုန်းစကား ပြောကြား သည့် စာများကို စတင်၍ ပိတ်ပင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း တို့၏ အသုံးပြုမှုများ လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းများတွင် ထပ်မံထည့်သွင်းလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ရန်ကုန်မြို့ လမ်းသွယ်တွင် စောင့်ကြည့်ကင်မရာတပ်ဆင်မှုကြောင့် စည်းကမ်း မဲ့မှုလျော့ကျ
လမ်းမတော်မြို့နယ် (၅)ရပ်ကွက် (၁၂)လမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအကြား)အတွင်း မတ် ၁၃ ရက်မှစ၍ စောင့်ကြည့် ကင်မရာတပ်ဆင်ထားကြောင်း ဗီနိုင်းအနီများဖြင့် အသိပေး ထားသည် ကို တွေ့ရသည်။ လမ်းအတွင်း ယခင် တွေ့မြင်ရတတ်သော စည်းကမ်းမဲ့ ချထားသော အမှိုက်ထုပ်ကြီးများ မမြင်တွေ့ရတော့ပါဟု လမ်းအတွင်း သင်တန်းတက်ရန် လာရောက်သည့် သင်တန်းသူ မကြည်ကြည်က ဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြို့ပတ်ရထားစင်းလုံးငှားပြီး နိုင်ငံခြားသားများအား မြန်မာ့ရိုးရာ အနုပညာဖြင့်ဖျော်ဖြေ
ရထားပေါ်တွင် နိုင်ငံခြားသားများကို ရုပ်သေးပညာရှင်က ဖျော်ဖြေနေစဉ် (ဓာတ်ပုံ − ထွေးဦးမြန်မာ ဖေ့စ်ဘွတ်ခ်)
မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အနုပညာများ ကို ဗြိတိန်နိုင်ငံသားများနှင့် နိုင်ငံ တကာမှ နိုင်ငံခြားသားများလေ့ လာနိုင်စေရန် ဗြိတိန်သံရုံးက ဦးစီး၍ မြို့ပတ်ရထားတစ်စီး စင်းလုံးငှားကာ အနုပညာသရုပ် ဖော်ပြကွက်များဖြင့်ဖျော်ဖြေမှု များပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
တောင်ကိုရီးယားတွေ ဝါဒမဖြန့်ဖို့ မြောက်ကိုရီးယားသတိပေး
The Interview DVD ရုပ်ရှင်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို လွှတ်တင်မယ်ဆိုရင် ဒီမိုးပျံပူဖောင်း တွေကို ပစ်ချပစ်မယ်လို့ မြောက် ကိုရီးယားစစ်ဘက်က ခြိမ်းခြောက် ပြောဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
Sunday, 22 March 2015
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်း အပြီး သတ်ဆွေးနွေးနိုင်ရန် ဆွေးနွေးပွဲ ခေတ္တရပ်နား
(၇)ကြိမ်မြောက် ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းအား ဆဋ္ဌမမြောက်နေ့ ဆွေးနွေး အပြီး အပြီးသတ်ဆွေးနွေးနိုင်ရန် အတွက် ဆွေးနွေးပွဲခေတ္တ ရပ်နား ကာ မတ်လ (၃၀)ရက်နေ့ တွင် သတ္တမမြောက်နေ့အဖြစ် ဆက်လက် ကျင်းပမည် ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
စုံစမ်းရေး ကော်မရှင်ရဲ့ ဖိတ်ခေါ်မှု အဖမ်းခံကျောင်းသားများ ငြင်းပယ်
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ် ထားတဲ့ သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် Photo: Thiha Tun, Kyaw Lwin Oo/RFA
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အကြမ်းဖက်မှုမှာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ငါး ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သုံးဦး စုစုပေါင်း ရှစ် ဦးက စုံစမ်းစစ်ဆေးရေး ကော် မရှင်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
KIA အဖွဲ့မှ လုံခြုံရေးပြုလုပ်ပေးနေသော သစ်မှောင်ခိုယာဉ်တန်းအား တပ်မတော်မှ တိုက်လေယာဉ်များဖြင့် လိုက်လံတားဆီးလျက်ရှိ
KIA အဖွဲ့မှ လုံခြုံရေးအစောင့်အရှောက်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ ထွက်ခွာနေသည့် သစ်မှောင်ခိုယာဉ် အစီး၂၀၀ ခန့်အား တပ်မတော်လေမှ တိုက်လေယာဉ်များဖြင့် လိုက်လံပစ်ခတ်တားဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
PNLO နဲ့ RCSS နယ်မြေ ပြဿနာတွေ ဖြေရှင်းဖို့ သီးသန့်ကိုယ်စားလှယ် ထားမယ်
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်နဲ့ ကဒူးကြီး ဒေသအတွင်းမှာရှိတဲ့ PNLO နဲ့ RCSS/SSA တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် ဆက်သွယ်ညှိနှိုင်းရေး ကိုယ်စားလှယ် တွေကို သီးသန့် ထားရှိမှာဖြစ်တယ်လို့ RCSS/SSA မှ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
နှလုံးသားထဲကတဆတ်ဆတ်နာသည်
၂၀၁၅ခုနှစ် မတ်လ၃ရက်နေ့တွင် ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်မှ ဦးဇော်ရိန် နှင့် သားဖြစ် သူအဋ္ဌမတန်းကျောင်း သားမောင်အောင်ပန်းတို့အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဖေဖြစ်သူကိုပြန်လွှတ်ကာ ၁၅ နှစ်အရွယ်သာ ရှိသေးသော သားဖြစ် သူအား ကချင်လွတ်မြောက်ရေး တပ်မတော်အတွက် လူသစ်အဖြစ်ဖမ်းဆီးထားရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဗွီဒီယို ထုတ်လုပ် ဖြန့်ချိသူများ အစည်းအဝေး ဒုတိယအကြိမ် ဆွေးနွေးမှု အောင်မြင်
ဗွီဒီယို ထုတ်လုပ် ဖြန့်ချိသူများ အစည်းအဝေးပွဲတွင် ဗွီဒီယို အခြေခံအဖွဲ့ ပြန်လည် ဖွဲ့စည်းရန် ဒုတိယ အကြိမ် ဆွေးနွေးခဲ့ပြီး ယင်းအစည်းအဝေးကို ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ ရုပ်ရှင် အစည်းအရုံး ဗဟိုတွင် မတ် ၂ဝ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)