မန္တလေးမြို့ပေါ်ရှိ ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်လည်ထုတ် ယူသူဟုဆိုသူ ဇနှီးမောင်နှံကို အမှုဖွင့် တိုင်ကြားထားကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၁) ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။
Wednesday, 14 January 2015
အဖိုးတန် ရတနာများနှင့် ဖန်တီးထားသည့် ဖိနပ်တစ်ရန် ချုပ်လုပ်ကာ စီရော်နယ်ဒိုကို ဂုဏ်ပြု

စီရော်နယ်ဒို၏ စပွန်ဆာ ကုမ္ပဏီများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော နီကီအားကစား အသုံး အဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချရေး လုပ်ငန်းစုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ဆုကို တတိယ အကြိမ်မြောက်အဖြစ် စီရော်နယ်ဒို ဆွတ်ခူးရရှိကြောင်း သိရှိရအပြီးတွင် ရွှေ၊ စိန်အစရှိသည့် ရတနာများနှင့် ဖန်တီးစီခြယ်ထားသည့် ဘောလုံးကန် ဖိနပ်တစ်ရန်ကို ဖန်တီးချုပ်လုပ်၍ ၎င်းတို့၏ ကစားသမားကို ဂုဏ်ပြုလိုက်ကြောင်း Nike ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
MECTel ဖုန်းများ အင်တာနက်လျှောက်လျှင် ကျပ်တစ်သောင်း ပေးဆောင်ရန် မလိုတော့
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှု ပေးနေသည့် ၃၀၊ ၃၁ နှင့် စသည့် MECTel ဖုန်း များတွင် အင်တာနက် စတင်အသုံးပြုရန် ဝန်ဆောင်ခ ကျပ် တစ်သောင်း ပေးဆောင်နေရာမှ လက်ရှိအချိန်တွင် ပေးသွင်းရန် မလိုအပ်တော့ဟု MECTel ထံမှ သိရသည်။ ယင်းကဲ့သို့ အင်တာနက် စတင်အသုံးပြုခ ကျပ် တစ်သောင်းပေးရန် မလိုခြင်းကို ဇန်န၀ါရီ ၁၅ ရက်က စတင်လိုက်ပြီ ဖြစ်သည်။
KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်

ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။
ဂျပန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၂ ဘီလီယံ သတ်မှတ်အတည်ပြု

တရုတ်နှင့် ရေပိုင်နက်နှင့် ပတ်သက်ပြီး ရေရှည်အငြင်းပွားနေရသည့် ဂျပန်နိုင်ငံက ကာကွယ်ရေး အသုံး စရိတ်အဖြစ် ယန်း ၄ ဒသမ ၉၈ ထရီယံ( အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) သုံးစွဲရန် ဂျပန်အစိုးရက အတည်ပြုလိုက်သည်။
ရင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း(၅၀၀) ကျော်ကြောင့် ပြည်သူ သုံးသိန်း နီးပါး အလုပ်အကိုင်ရရှိ
မြန်မာနိုင်ငံတွင် ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကုန်ထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း (၅၂၇) ခုမှ ပြည်သူ (၂၉၅၀၃၂) ဦးအား အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ရရှိသည်။
ဗဟိုဘဏ်၏ မူဝါဒ ပြောင်းလဲမှသာ ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်
ဗဟိုဘဏ်မှ ကြိုတင် ငွေပေးချေမှု မူဝါဒ ပြောင်းလဲ ကျင့်သုံး မှသာ ပြည်ပသို့ ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။ လက်ရှိ အခြေအနေတွင် လုပ်ငန်းရှင်များ အနေ ဖြင့် ပြည်ပသို့ ပို့ကုန်များနှင့် ပတ်သက်ပြီး ပစ္စည်း တင်ပို့မှသာ ငွေထုတ် ယူခြင်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ် နိုင်သည့် အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း ၎င်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်မှုများကို ကန့်သတ်မည်မဟုတ်ဟုဆို
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ကြိုတင် မဲဆွယ်စည်းရုံးခြင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ် ပိတ်ပင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်း အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ

ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ်က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။
အမေရိကန် CENTCOM ၏ လူမှုရေးမီဒီယာ accounts ကို IS လိုလားသည့် ဟက်ကာများကသိမ်း

အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ လူမှုရေးမီဒီယာ account များကို IS စစ်သွေးကြွတို့က ဆိုက်ဘာတိုက် ခိုက်မှုပြုလုပ်သည်။ ဇန်နဝါရီ ၁၂ရက် ၌ တိုက်ခိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP
ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော် အစည်း အဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ကို အစည်းအဝေးအပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြောသည်။
မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍ ၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ

အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထားသည့် ဘီယာများသောက်သုံးမိ သဖြင့် သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့် ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။
မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း အဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးခရိုင်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ စွန့်ခဲ့ရသူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရန် လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။
လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်

လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန် ဒေသခံ များက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။
ရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ကျွမ်းမှု ၉၁သိန်းကျော် ဆုံးရှုံး

ရေးမြို့ သီရိနန္ဒာရပ်ကွက်တွင် မီးလောင်ထားသည့် မြင်ကွင်းကို ဇန်နဝါရီ ၁၃ရက် နံနက်က တွေ့ရစဉ်။(ဓာတ်ပုံ-ကွန်းချမ်း)
မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မစားသောက်ဆိုင်မှ စတင်သည့် မီးလောင်းကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့ ကာလတန်းဖိုး ၉၁ သိန်း ကျော် ဆုံးရှုံးခဲ့သည်ဟု ရဲမြို့ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရမိ
မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရ မိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ အမှုဖွင့်ပြီး စစ်ဆေး နေတယ်။ မနေ့ ကတည်းက အမှုဖွင့် ထားတာ။ ဒီအမှုက ၂၀၁၅ အတွက် အောင်မြေသာစံရဲ့ ပထမဆုံး မူးယစ်ဆေးဝါးမှု ဖြစ်တယ် ဟု အောင်မြေသာစံ ရဲတပ်ဖွဲ့ရုံးမှ ဒုတပ်ကြပ် မျိုးဦးမှ ပြောပြသည်။
အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း

လွှတ်တော်ထဲတွင် အမျိုးသားရေးနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟုယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ်လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်းခဲ့ကြောင်း ဆရာတော် ဦးဝီရသူက တိုက်တွန်းခဲ့ ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။
တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နှင့် ဒါရိုက်တာအား အမှုဖွင့်ထား သော်လည်း စစ်ဆေးမှု မရှိသေး
ဇန်န၀ါရီလ (၁) ရက်နေ့က တော်ဝင် နှင်းဆီ Health News အထူးကု ပိုင်ရှင်နှင့် ဒါရိုက်တာအား လုပ်ငန်း လိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက်မှု၊ ခွင့်ပြုချက် မရှိဘဲ လုပ်ငန်း လိုင်စင် လွှဲပြောင်းမှု များဖြင့် အမှုဖွင့်ထား သော်လည်း (၁၀) ရက်ကျော် ကြာမြင့်ချိန် အထိ စစ်ဆေးမှု မရှိသေးကြောင်း သိရ သည်။
လမ်းဘေး ကျူးကျော်ဆိုင်များ တစ်ပတ် အတွင်း ဖယ်ရှားမည်
မုံရွာမြို့ရှိ ယာဉ်သွား ယာဉ်လာ ရှုပ်ထွေးမှု အများဆုံး ဖြစ်သည့် ဗိုလ်ချုပ် ကြေးရုပ်နှင့် ဘူတာသို့ ဆက် သွယ် ထားသည့် ဘူတာရုံ လမ်းမကြီး ပေါ်ရှိ ကျူးကျော် ဈေးဆိုင်ခန်း များအား တစ်ပတ် အတွင်း ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ထံမှ သိရသည်။
Subscribe to:
Posts (Atom)