Tuesday, 14 October 2014

လွတ်ငြိမ်းခွင့် ပါလာသူများကို လူဆိုးစာရင်းသွင်းပြီး သေဆုံးချိန်အထိ စောင့်ကြည့်သွားမည်

လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် အကျဉ်းထောင်မှ လွတ် မြောက်လာသူများအား ထောင် ကြွေးကျန်လူဆိုးစာရင်းသွင်းထား ပြီး သေဆုံးသည့်အချိန်အထိ ရဲ တပ်ဖွဲ့က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေး က ပြောသည်။
နိုင်ငံတော်သမ္မတက ပြစ် ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ပေးသဖြင့် အကျဉ်းထောင်များမှ လွတ်မြောက်လာသူများကို ပြစ် ဒဏ်ကြွေးကျန်ရှိနေသူများအဖြစ် သတ်မှတ်ပြီး ပြင်ပတွင် ကောင်း မွန်စွာ နေထိုင်ကြမည်ဆိုသော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပိုဒ် (၁)ကို ကတိပြုလက် မှတ်ရေးထိုးထားကြရသည်။

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် အစီအစဉ် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်

အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန် ရာထူးများကို ယခုအစိုးရ သက်တမ်း အတွင်း ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထားရန် ဝန်ကြီးဌာနများသို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

ကားမူဝါဒပြောင်းပြီး သုံးရက်အတွင်း အခွန်ငွေကျပ် ဘီလီယံ ၉၀၀ ကျော် ရရှိ

မြန်မာနိုင်ငံတွင် ကား တင်သွင်းမှုမူဝါဒ ပြောင်းလဲအပြီး သုံးနှစ်အတွင်း အခွန်ငွေကျပ်ဘီ လီယံ ၉၀၀ ကျော်ရရှိထားပြီဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးဝင်းမြင့်က ပြောကြားသည်။

ခိုတောင်ကျွန်း လူသတ်မှုစုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

ခိုတောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား မှားယွင်း အရေးယူမှုမရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးတာဝန်ရှိသူများနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နာမည်ကြီး ထိုင်းရှေ့နေ အမှုလိုက်ပေးမည်

Photo: မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နာမည်ကြီး ထိုင်းရှေ့နေ အမှုလိုက်ပေးမည်
Tuesday, October 14, 2014

ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သံသယ တရားခံမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် ရှေ့နေအကူအညီပေးရန် ထိုင်းရှေ့နေများကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံလိုက်သည်။

ထိုင်းရှေ့နေများကောင်စီ၏ ဆုံးဖြတ်ချက်အရ မြန်မာရွှေ့ ပြောင်းအလုပ်သမားဘက်မှ နာ မည်ကြီးထိုင်းရှေ့နေက အမှုလိုက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကော့စမွီ ခရိုင် တရားရုံးသို့တင်သွင်းပြီး အမှုဖြစ် စဉ် အမှုမှတ်တမ်းများ၊ စုံစမ်းစစ် ဆေးမှုများကို တရားရုံးတွင်အမှု စစ်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် အဖမ်းခံထားရ သည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သူ ဝင်းနှင့်ဇော်ကို လက် ရှိတွင် ကော့စမွီအကျဉ်းထောင် တွင်ထိန်းသိမ်းထားသည်။ ၎င်းတို့ သည် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှုတို့ကိုကျူးလွန်ခဲ့သူများဖြစ်၍ အပြစ်ဒဏ်ကျခံရတော့မည်ဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုထား သည်။

တစ်ချိန်တည်းမှာပင် လူ့ အခွင့်အရေး လှုပ်ရှားသည့်ကွန် ရက်တစ်ခုဖြစ်သော Cross-Cul tural Foundation (CrCF)က လည်း ထင်ပေါ်ကျော်ကြားသည့် ထိုင်းရှေ့နေ Nakhon Chomph− uchat ကို သံသယတရားခံမြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးဘက်မှ ရှေ့နေလိုက်ပေးရန်တောင်းဆို ထားမှုရှိသည်။

ဝင်းနှင့်ဇော်အပေါ် ရဲတပ်ဖွဲ့ ၏စစ်မေးပုံ၊ ဆက်ဆံပုံအပေါ် လူ့ အခွင့်အရေးအဖွဲ့အများအပြား က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားနေကြသည်။   ထို့အတွက် အမှုသည်များဖြစ်သူ ဝင်းနှင့်ဇော်တို့၏ အခြေအနေကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေ Mr.Nakhon က ပြောကြား ထားသည်။

သံသယတရားခံ နှစ်ဦး အပြစ် ဝန်ခံဖြောင့်ချက်ပေးစေရန် ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းမှုပြုခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Amnesty Inter-national က တင်ပြထားမှုလည်းရှိနေသည်။

သံသယတရားခံများကို ရှေ့ နေမပါဝင်ဘဲ အကြိမ်ပေါင်းများ စွာမေးခွန်းမေးမြန်းမှုပြုခဲ့သည်ဟု နာမည်ကျော်ထိုင်းရှေ့နေကဆို သည်။ သံသယ တရားခံများက ရှေ့နေငှားရန် ငြင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောနေခဲ့ကြောင်း လည်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။ ဤအမှုတွင်ပါဝင် ရန် ဆုံးဖြတ်လျှင် ရှေ့နေများ ကောင်စီနှင့်အတူ ၎င်းနှင့်အတူအဖွဲ့က လက်တွဲဆောင်ရွက်သွား မည်ဟု Mr.Nakhon က ပြော ကြောင်း အောက်တိုဘာ ၁၃ အစောပိုင်းတွင် ဘန်ကောက်ပို့စ် ကဖော်ပြထားသည်။ တစ်ဖက် တွင်လည်း ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့၏စုံစမ်းစစ်ဆေးမှုသည် တရား မျှတမှုရှိကြောင်း စွဲစွဲမြဲမြဲ ပြော ကြားနေပြီး ဖြောင့်ချက်ပေး ဝန်ခံရန် သံသယ တရားခံများကို နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော အစီရင်ခံစာများကို ငြင်းပယ်ခဲ့သည်။

ဤအမှုအတွက် မြန်မာသံရုံး မှဖွဲ့စည်းလိုက်သည့် အထူးအဖွဲ့ က သံသယတရားခံနှစ်ဦးကို အင်တာဗျူးရန် ရှေ့နေတစ်ဦးကို ခန့်အပ်ထားမှုရှိသည်။ သို့သော် အမှုတရားရုံးတွင် စစ်ဆေးခြင်း အဆင့်သို့ရောက်သည့်အခါ ၎င်းကအကူအညီပေးမည်၊ မပေး မည်ကိုမူ မသိရှိရသေးပေ။

7Day DAILY 

အမှုသရုပ်ပြနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး (reuters)
အမှုသရုပ်ပြနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး (reuters)
ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သံသယ တရားခံမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး အတွက် ရှေ့နေအကူအညီပေးရန် ထိုင်းရှေ့နေများကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံ လိုက်သည်။

ရဲဘက်စခန်းရှိ အကျဉ်းသားများ သေဆုံးရခြင်းမှာ အစာရေစာမလုံလောက်ခြင်းနှင့် ဆေးဝါးကုသခွင့်မရခြင်းကြောင့်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော

ရဲဘက်စခန်းများ တွင် အကျဉ်းသားများ သေဆုံးရ ခြင်းမှာ အစာရေစာ မလုံလောက် မှု၊ ရေချိုးရန် အခက် အခဲဖြစ်မှု၊ ဆေးဝါးကုသခွင့်မရမှုတို့ကြောင့်  မဟုတ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော် ကျော်ထွန်း ကပြောသည်။

ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို

Photo: ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို
Tuesday, October 14, 2014

အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဘန်အက်ဖလက်နှင့် အဆိုတော် ဂျနီဖာလိုပက်ဇ်တို့ သည် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အထိ စေ့စပ်ပြီး အတူနေထိုင်ခဲ့ကြသူ များဖြစ်သည်။ ဂျနီဖာလိုပက်ဇ် သည် ဘန်အက်ဖလက်နှင့်မင်္ဂလာ ပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ယင်း မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သူဖြစ်သည်။

ဂျနီဖာလိုပက်ဇ်က ရည်း စားဟောင်းဘန်အက်ဖလက် ပါဝင်သရုပ်ဆောင်ထားသည့် Gone Girl ဇာတ်ကားကြည့်နေ ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။ ဂျေလိုက ၎င်း၏ ရည်းစားဟောင်းများနှင့် ကောင်း မွန်သော ဆက်ဆံရေးရှိသည်ဟု လည်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဘန်အက်ဖလက် အဓိက ပါဝင်သရုပ်ဆောင်ထားသော Gone Girl လျှို့ဝှက်သည်းဖိုဇာတ် ကားသည် သီတင်းနှစ်ပတ်ဆက် တိုက်ကြည့်ရှုသူအများဆုံးရုပ်ရှင် ဇာတ်ကားဖြစ်နေသည်။

Ref: US Magazine 
7Day DAILY
အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင် သရုပ်ဆောင် ထားသည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန်ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွား ရောက် အားပေးခဲ့သည်။

Monday, 13 October 2014

သွားရင်းလာရင်း အ၀တ်အစား၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အခါ ဒီနည်းလေးတွေက အရေးပါ

Photo: သွားရင်းလာရင်း အ၀တ်အစား၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အခါ ဒီနည်းလေးတွေက အရေးပါ
Monday, October13, 2014

တစ်ခါတစ်လေ သွားရင်းလာရင်းနဲ့ ကိုယ်ဝတ်ဆင်လာတဲ့ အင်္ကျံ၊ ဖိနပ်၊ ဘရာ စတာတွေက အဆင်မပြေဖြစ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁။ဖိနပ်ကို တစ်ခုခုနဲ့ ခြစ်မိသွားလို့ အရာထင်သွားတဲ့အခါ

သွားရမယ့်နေရာက သာမန်မဟုတ်ဘူး။ ဒင်နာပါတီ၊ ပွဲတစ်ခုခုဖြစ်နေတယ် ဆိုရင် ဖိနပ်မှာ သွားရင်းလာရင်း တစ်ခုခုနဲ့ခြစ်မိလို့ အရာထင်သွားတဲ့အခါ စိတ်ကသိကအောက် ဖြစ်ရမှာအမှန်ပါပဲ။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် ဖိနပ်မှာထင်နေတဲ့ အစင်း၊ အရာကို ပိတ်စတစ်ခုခုနဲ့ ပွတ်တိုက်ရပါလိမ့်မယ်။ ပိတ်စသားပေါ်မူတည်ပြီး သင့်ဖိနပ်ဟာ အသစ်တစ်ရံလိုတောင် ဖြစ်သွားနိုင်ပါသေးတယ်။ လည်သာလိုမျိုးအသားဆိုရင် သွားတိုက်ဆေးနဲ့ နည်းနည်းလေး တိုက်လိုက်ရုံပါပဲ။ နည်းနည်းကြမ်းတဲ့အသားမျိုးဆိုရင် ခဲဖျက်လေးကို အသုံးပြုပြီး အမှတ်၊ အစင်းကို ဖျက်ပစ်နိုင်ပါတယ်။ canvas လိုအသားမျိုးဆိုရင်တော့ မုန့်ဖုတ်ဆိုဒါနည်းနည်းလေး သုံးပေးလိုက်ပေါ့။ ၀ါနေတာတွေတောင် ပျောက်သွားဦးမှာပါ။

၂။ဘောင်းဘီ၊ ဖိနပ်မှာ ပီကေကပ်သွားတဲ့အခါ

လမ်းလျှောက်ရင်း ပီကေတွေ ဖိနပ်မှာ ကပ်သွားတဲ့အခါ၊ ဒါမှမဟုတ် ဘောင်းဘီမှာ ပီကေတွေ ကပ်နေတဲ့အခါမျိုးတွေမှာ ဒါကို ပြန်ခွာဖို့အခက် အခဲရှိတယ်ဆိုရင် ခုနကပ်နေတဲ့ပီကေပေါ်မှာ ရေခဲတုံးလေးတွေ နည်းနည်းပွတ်ပေးလိုက်ပါ။ ဒါဆို ပီကေက ပျော့မနေတော့ပဲ မာလာပြီး ခွာရလွယ်ကူသွားပါပြီ။

၃။အသားကပ်ဘောင်းဘီအပါးကို တစ်ခုခုနဲ့ ငြိမိတဲ့အခါ

ပါးလွှာတဲ့ အသားကပ်ဘောင်းဘီကို တစ်ခုခုနဲ့ငြိမိသွားရင် အားလုံးဆက် တိုက်ပြဲရိသွားဖို့သာရှိပါတယ်။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် သင့်မှာရှိတဲ့ အရောင်မပါတဲ့ လက်သည်း polish လိုဟာမျိုးကို သုတ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

၎။သင့်အ၀တ်အစားမှာ ကြောင်မွှေး၊ ခွေးမွှေးစတာတွေ ကပ်နေတဲ့အခါ

သင်ဝတ်မယ့် အင်္ကျံ၊ ဘောင်းဘီစတာတွေမှာ ကြောင်မွှေး၊ ခွေးမွှေးတွေ ကပ်နေတာမို့ ခါရတာ အကုန်အစင်မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင် လက်နဲ့ခါနေမယ့်အစား တိပ်ခပ်ကြီးကြီးကို လက်မှာ ပတ်လိုက်ပြီး အဲ့ဒါနဲ့ ခါလိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်ပြီးစီးသွားပါလိမ့်မယ်။

၅။ဘရာစီယာကြိုးကို လူမမြင်စေချင်တဲ့အခါ

တစ်ခါတစ်လေ ကိုယ်ဝတ်ထားတဲ့ ဘရာစီယာကြိုးဟာ ၀တ်ထားတဲ့အင်္ကျံနဲ့ မလိုက်ဖက်တာပဲဖြစ်ဖြစ်၊ ကြိုးကိုမပေါ်စေချင်တာပဲဖြစ်ဖြစ် ဘယ်လိုလုပ်ရမလဲ အာရုံစားနေရင် တွယ်ချိတ်၊ ဒါမှမဟုတ် စက္ကူတွေဘာတွေ တွဲချိတ်လေ့ရှိတဲ့ ချိတ်မျိုးနဲ့ ကျောဘက်က ဘရာနှစ်ခုကို ဆွဲယူပြီး ကျောလယ်မှာ ချိတ်ထား လိုက်ပါ။ ဒါဆိုစွတ်ကျယ်လို ဟာမျိုးဝတ်ရင်တောင် သူ့ဟာနဲ့သူ အလယ်မှာ ပျောက်နေမှာပါ။

Ref:cosmopolitan.com
Trend Myanmar
တစ်ခါတစ်လေ သွားရင်းလာရင်းနဲ့ ကိုယ်ဝတ်ဆင်လာတဲ့ အင်္ကျံ၊ ဖိနပ်၊ ဘရာ စတာတွေက အဆင် မပြေဖြစ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့တို့သုံးပွင့်ဆိုင်တွေ့ဆုံမည်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန် သံရုံး၊ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီး တန်း အရာရှိတစ်ဦးကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်

Photo: မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်
Monday, October13, 2014

ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွားရောက်မည့် မိဘဆွေမျိုးများ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လုံခြုံ ရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနှင့် မြန်မာအာဏာပိုင်များထံ အကူအညီ တောင်းခံထားကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံများဟု ထိုင်းရဲက စွပ်စွဲကာ ထိန်းသိမ်းခံထားရသည့် မြန်မာနှစ်ဦး၏ မိသားစုဝင်များသည် ရခိုင်ပြည်နယ်မှ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ ၎င်းတို့၏သားများထံ သွားရောက်တွေ့ဆုံရန်ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့အတွက် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းသွားရန်စီစဉ်နေကြောင်း လိုက်ပါကူညီသူများကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့မသွား ရောက်မီ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ငှားရမ်းထားသော ထိုင်းရှေ့နေနှစ်ဦးက မြန်မာလုပ်သား နှစ်ဦး၏ မိဘများကို ခေါ်ဆောင်ရန် အကြံပြုသောကြောင့် ခေါ်ဆောင်ခြင်းဖြစ်သည်။

‘‘ထိုင်းရှေ့နေတွေကို အမှုအပ်ရင် မိသားစုဝင်တွေရဲ့ သဘောတူညီချက်ယူရမှာရယ်။ အခုလို ပူဆွေးသောကရောက်နေတဲ့အချိန်မှာ လူသားတွေအနေနဲ့ မိသားစုဝင်တွေကို တွေ့ချင်မှာ ဖြစ်တယ်။ သူတို့မိသားစုတွေ အချင်းချင်းဆိုရင်ပိုပြီး ယုံယုံကြည်ကြည်နဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင်တယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပိုရနိုင်တယ်။ အဲဒါကြောင့် ဒီကိုလာဖို့ ခေါ်လိုက်တာပါ။ ကျွန်တော်တို့ ရှေ့နေတွေ ကလည်း ခေါ်ခိုင်းနေပါတယ်။ နောက်သူတို့ရောက်လာရင် အမှု တစ်စုံတစ်ရာ ထူးခြားမှုရှိနိုင်တယ် လို့ ရှေ့နေကပြောတယ်’’ဟု မြန် မာသံရုံးအထူးအဖွဲ့မှ ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ရန်ကုန်မြို့တွင် ပတ်စပို့၊ ဗီဇာများပြုလုပ်၍ ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

‘‘ခရီးစရိတ်တွေကိုတော့ အလှူခံရဦးမယ်။ ကျောက်ဖြူမြို့ က သူဌေးတစ်ယောက်က လော လောဆယ် ဆယ်သိန်းလှူထား တယ်။ ဟိုက အဖွဲ့နဲ့ တိုင်ပင်ရဦး မှာပါ။ ကလေးတွေရဲ့ မိဘတွေကို ဦးထူးချစ်က လာခေါ်မယ်ပြော တယ်’’ဟု မြန်မာလုပ်သားနှစ်ဦး ၏ မိသားစုဝင်များအား ခေါ်ဆောင်ရန် စီစဉ်ပေးနေသော မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်လင်းဦးကပြောသည်။

‘‘သားကိုတွေ့ချင်နေတယ်။ ကျွန်တော့်သား ပြစ်မှုမကျူးလွန်လောက်ဘူးဆိုတာ ယုံတယ်။ ဒီကအဖွဲ့တွေ ကူညီပေးတာကိုလည်း ကျေးဇူးအများကြီးတင်တယ်။ အစိုးရကို ကျွန်တော့်သားကိစ္စ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သား ကိုဝင်းဇော်ထွန်း၏ ဖခင်ဦးထွန်းထွန်းထိုက်က ပြောသည်။

ထိန်းသိမ်းခံမြန်မာလုပ်သားများ၏ မိဘများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတရုံးက နေ့ချင်းပြီး  ဆောင်ရွက်နိုင်ရန် ကူညီပေးမည်ဟု နှုတ်ကတိရထားကြောင်း၊ မိဘများအား ထိုင်းနိုင်ငံရှိ ၎င်းတို့ သားများနှင့် တွေ့ဆုံရေးအတွက် ရက်ပိုင်းအတွင်း အသေးစိတ် အစီအစဉ်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

ထို့အပြင် ထိန်းသိမ်းခံမြန်မာ လုပ်သားများ၏ မိဘများအား ပြည်ဝင်ခွင့်ရရှိရန်အကူအညီပေးမည်ဟု မြန်မာနိုင်ငံအခြေစိုက် ထိုင်းသံရုံးဘက်မှ ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

‘‘ကလေးတွေရဲ့ မိဘတွေက သွားဖို့၊ လာဖို့ ငွေကြေးအခက်အခဲရှိကြတယ်။ တစ်ယောက်မိဘတွေဆိုရင် ကျောက်ဖြူကနေ ၁၂ မိုင်လောက်ဝေးတဲ့ မိချောင်းရေသောက်ဆိုတဲ့ရွာက။ ရန်ကုန်လာဖို့တောင် နာရီပိုင်းအတွင်းစီစဉ်ကြရတာ။ ကျောက်ဖြူနဲ့ ရန်ကုန်က ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေရယ်၊ တခြားစေတနာရှင် တွေရယ် အကူအညီပေးပြီး စီစဉ် ရတာ’’ဟု ကျောက်ဖြူလူမှုကွန် ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းနိုင်ကပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် ကိုဝင်းဇော်ထွန်း၏ ဖခင်ကမူ ၎င်း၏ သားသည် မတရားဖမ်းဆီးခံထားရ ခြင်းဖြစ်ပြီး မိသားစုများ အမြန်ဆုံးပြန်လည်တွေ့ဆုံရေးအတွက် ကြိုးစားနေကြောင်း ပြောကြားခဲ့ သည်။

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို လူသတ်တရားခံဟု ထိုင်းရဲက ပြောသော်လည်း ထိုင်း ပြည်သူများအပါအ၀င် မယုံမကြည်ဖြစ်သူများ တစ်နေ့တခြား များပြားလာသည့် လိပ်ကျွန်းလူသတ်မှုကို စုံစမ်းရန် မြန်မာအစိုးရက မြန်မာသံရုံးဒုတိယကောင်စစ်ဝန်ခေါင်းဆောင်သည့်အဖွဲ့ဝင် ကိုးဦးပါ မြန်မာစုံစမ်းရေးအဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ အစိုးရထံ အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာဘက်ကလည်း ပြည် ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ရန် ပြင်ဆင်လျက်ရှိ သည်။

မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် နှစ်ရက်တာ လာရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအား ယင်းလူသတ်မှုနှင့် ပတ်သက်၍ အဖြစ်မှန်စုံစမ်းပေးရန်  မြန်မာအစိုးရခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ဖိအားပေးတောင်းဆိုခဲ့ကြသည်။

7Day DAILY 

ထိုင်းသို့ သွားရောက်ရန် ရန်ကုန်သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ထိုင်းသို့ သွားရောက်ရန် ရန်ကုန်သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွားရောက်မည့် မိဘဆွေမျိုးများ၏ ထိုင်းနိုင်ငံခရီးစဉ် အတွင်း လုံခြုံရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနှင့် မြန်မာအာဏာပိုင်များထံ အကူအညီ တောင်းခံထားကြောင်း သတင်းရရှိသည်။

ဟောင်ကောင်ဒီမိုကရေစီတောင်းဆိုမှုကြောင့် အစိုးရရပ်တည်ချက် မပြောင်းဟုဆို

Photo: ဟောင်ကောင်ဒီမိုကရေစီတောင်းဆိုမှုကြောင့် အစိုးရရပ်တည်ချက် မပြောင်းဟုဆို
Monday, October13, 2014

ဟောင်ကောင်မှာ ဆန္ဒပြတောင်းဆိုမှုတွေ ဘယ်လိုပဲ လုပ်ပေမယ့်လည်း တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲဖို့ လုံးဝမရှိနိုင်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်မြင်သံကြားအမေးအဖြေခန်းမှာ အုပ်ချုပ်ရေးမှူး စီဝိုင်လျန် (C.Y Leung) က အခုလို ပြောကြားလိုက်ပြီး သူလည်း နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

hong kongစခန်းချ ဆန္ဒပြပွဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ အတိအကျပြောဆိုခြင်း မရှိပဲ တရက်မှာ ဒီဆန္ဒပြပွဲတွေကို ရှင်းကို ရှင်းရမယ်လို့ ပြောဆိုပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင် လျန်က “ဟောင်ကောင်ရဲတွေရဲ့ ကျွမ်းကျင်မှု၊ သူတို့တွေရဲ့ စနစ်တကျ လေ့ကျင့်ထားမှုတွေနဲ့ အကောင်းဆုံး ဖြေရှင်းသွားနိုင်မယ်လို့လည်း ယုံကြည်တယ်။ သူအနေနဲ့ နုတ်ထွက်လည်း အခြေအနေက တိုးတက် ပြောင်းလဲမှာ မဟုတ်တဲ့အတွက် ရာထူးကနေ နုတ်ထွက်မှာလည်း မဟုတ်ဘူး” လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီနေ့မနက်မှာတော့ ဟောင်ကောင်ရဲတွေ ဆန္ဒပြ သူတွေ ချထားတဲ့ အရံအတားတွေကို စတင်ဖယ်ရှားနေတာ တွေ့ရပါတယ်။

အစိုးရအဆောက်အဦတွေ အများဆုံးရှိတဲ့ မြို့လယ်မှာ ဆန္ဒပြသူတွေက ဆန္ဒပြ စခန်းချထားပြီး ရဲတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြတာကိုလည်း တွေ့မြင်ရ ပါတယ်။

ဒီဗွီဘီ
ဟောင်ကောင်မှာ ဆန္ဒပြတောင်းဆိုမှုတွေ ဘယ်လိုပဲ လုပ်ပေမယ့်လည်း တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲဖို့ လုံးဝမရှိနိုင်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး က ပြောဆိုပါတယ်။

IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး

Photo: IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး
Monday, October13, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြုခွင့် ပေးရန် တူရကီ အစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်က အဆိုပါ သဘောတူညီမှုကို ကြေညာခဲ့ပြီး တူရကီ၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဝမ်းသာမိကြောင်း ဆိုသည်။ တူရကီသည် နိုင်ငံတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်းကို အမေရိကန် လေယာဉ်များအတွက် အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များသည် ယခုအခါ တူရကီနှင့် ဆီးရီးယား နယ်စပ်အနီးထိ ချဉ်းကပ်လာနေပြီဖြစ်ရာ နယ်စပ်တစ်လျှောက်တွင် တူရကီ တင့်ကားများ ဖြန့်ကျက် စောင့်ကြည့်နေရသည်။

NBC အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် ရိုက်စ်က “တူရကီက လေတပ် အခြေစိုက်စခန်း အသုံးပြုဖို့ လက်ခံခဲ့ပါတယ်။ ဒီအတောအတွင်း ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တချို့ကို အမေရိကန်က လေ့ကျင့်ပေးသွားမှာ ဖြစ်သလို အီရတ်၊ ဆီးရီးယားတို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်သွားပါမယ်။ တူရကီရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အလေးအနက် ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက IS တပ်ဖွဲ့များသည် တူရကီနှင့် နယ်စပ်ရှိ ဆီးရီးယားပိုင် ကိုဘာနီမြို့ထိ ထိုးဖောက်ရောက်ရှိလာရာ အဆိုပါ အခြေအနေသည် တူရကီအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာသည်။ တူရကီ အစိုးရသည် မိမိတို့ ပိုင်နက်ကို ကာကွယ်ထားသော်လည်း IS အဖွဲ့ကို မြေပြင်ထိုးစစ်တစ်ရပ် ဆင်နွှဲမည့် ဖြစ်နိုင်ခြေ အားလုံးကို ငြင်းဆိုထားသည်။ ထို့အပြင် တူရကီဘက်မှ ကာ့ဒ်အနွယ်များကို နယ်စပ်ဖြတ်ကျော်ကာ ကိုဘာနီရှိ ကာ့ဒ်ခုခံရေး သမားများနှင့် သွားရောက် ပူးပေါင်း တိုက်ပွဲဝင်ခွင့်ကိုလည်း တားဆီးထားကြောင်း သိရသည်။

Ref: BBC
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြုခွင့် ပေးရန် တူရကီ အစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်

Photo: ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်
Monday, October13, 2014

ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတ ဦးသိန်းစိန်ကို  ကျေးဇူးတင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပဲခူး-စစ်တောင်း တူးမြောင်းနှင့် ဆက်စပ်နေသည့် ရေနုတ်မြောင်းများ၊ ချောင်းများအား ဆက်လက်တူးဖော်ပေးရန် နှင့် တူးမြောင်းကို ယခုနှစ်ဆန်းတွင် ဖော်ပေးခဲ့သည့်အတွက် သမ္မတကို ကျေးဇူးတင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စုမှ ရွာသားတစ်ထောင်ကျော်က ဆန္ဒဖော်ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

  ‘‘နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ’’၊  ‘‘နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး  အောင်ရေရရှိအောင် ဆောင်ရွက်ပေးသော နိုင်ငံတော်အစိုးရအား ကျေးဇူး တင်ပါသည်’’၊ ‘‘ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်ပြင်ပေးသော လယ် ဆည်ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင်ပါသည်’’ဟု ရေးသားထားသော ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍  လှည့်လည်ခဲ့ခြင်း ဖြစ်သည်။

‘‘ဆန္ဒထုတ်ဖော်တာက နှစ်ခုပေါ့။ တစ်ခုက ပဲခူး-စစ်တောင်း တူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြုပြင်ပေးတဲ့ သမ္မတကြီးကို  ကျေးဇူးတင်ကြောင်းရယ်၊ နောက်တစ်ခုက ဒီတူးမြောင်းနဲ့ ဆက်စပ်နေတဲ့  ရေနုတ်မြောင်းတွေကို ဆက်ပြီးတူးပေးဖို့ပါ’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဦးမြင့်သိန်းက ပြောသည်။

 သနပ်ပင်မြို့နယ် မင်းရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာနှင့် ဆက်စပ်နေပြီး ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းများ၊ ချောင်းလက် တက်များကို  ထပ်မံတူးဖော်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ကျေးလက်လမ်းနှင့် တံတားများ ပြုပြင် ပေးရန်လည်း  တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စု ကျွန်းကြီးရွာသား ဦးဟန်မြင့်ကပြောသည်။

‘‘မိုးတွင်းလယ်တွေ မိုးများလို့ရေမြုပ်လည်း ရေနုတ်မြောင်းတွေ ကောင်းသွားရင် ရေဆင်းမြန်တော့ စပါးမသေဘူး။ ရေနုတ်မြောင်းတွေ မကောင်းရင် ရေအိုင်ပြီးတော့ စပါးသေတယ်’’ဟု ၎င်းကပြောသည်။

ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်တူးဖော်ပေးပြီး တာပေါင်လမ်း  ခင်းပေးခဲ့သည့်အတွက်ယင်းတူးမြောင်း  တစ်လျှောက်ရှိ ကျေးရွာသားများ  အဆင်ပြေခဲ့ကြောင်း၊ ရွာအတွင်းရှိလမ်းနှင့် တံတားတို့ကိုလည်း ယင်းကဲ့သို့ ပြုပြင်ပေးစေလို၍ ယခုကဲ့သို့ ဆန္ဒထုတ် ဖော် ရာတွင်ပါဝင်ခဲ့ကြောင်း မင်းရွာကျေးရွာအုပ်စု ကျူချောင်းရွာသားတစ်ဦးက ရှင်းပြသည်။

   ‘‘တူးမြောင်းတူးပေးတဲ့သမ္မတကိုလည်း  ကျေးဇူးတင်တယ်။ ထပ်ပြီးတော့ ကျန်တာလေးတွေလုပ်ပေးဖို့လည်း တောင်းဆိုတာပါ’’ဟု ၎င်းက ပြောသည်။

ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ကို ဆက်သွယ်ထားသော ၃၇ မိုင် ၇ ဖာလုံရှည် သည့် ပဲခူး-စစ် တောင်းတူးမြောင်းကို အင်္ဂလိပ် အစိုးရလက်ထက် ၁၈၇၈ ခုနှစ် တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ၂၀၁၄ ဖေဖော်ဝါရီမှစတင်ကာ အဆင့်မြှင့်ပြုပြင်ခဲ့ပြီး ၂၀၁၄ မေလ ၂၅ရက်တွင် တူးမြောင်းပြန်လည်တူးဖော်ခြင်း၊ တာပေါင်ဖို့ခြင်း၊ တာပေါင်ပေါ် တွင် ၂၄ ပေအကျယ်ရှိ ဂ၀ံလမ်းခင်းခြင်းတို့  ပြီးစီးခဲ့ကြောင်း ဆည်မြောင်း ဦးစီးဌာနမှ သတင်းရရှိသည်။

 ဆန္ဒတူညီသည့် တောင်သူများက  သမ္မတကို ကျေးဇူးတင် ကြောင်း  ထုတ်ဖော်လိုခြင်းနှင့် ဒေသဖွံ့ဖြိုးရန် ဆက်လက်တောင်း ဆိုလို၍ ဖြစ်ကြောင်း၊ ဦးဆောင်သူ ဦးမြင့်သိန်းက ဆိုသည်။

‘‘ခွင့်ပြုမိန့်တောင်းတည်းကက ဘယ်ပါတီနဲ့မှ ပတ်သက်ခြင်းမရှိဘူးဆိုပြီး တင်ပြပြီးတောင်းတာ။ ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်သလို NLD နဲ့လည်းမပတ်သက်ဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှ  မပတ်သက်ဘူး။ တောင်သူတွေရယ် ဒေသခံပြည်သူအချို့ရယ်ပဲပါတာ’’ဟု ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။ 

7Day DAILY 

သနပ်ပင်မြို့နယ် မင်းရွာကျေးရွာသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဥသာမင်း)
သနပ်ပင်မြို့နယ် မင်းရွာကျေးရွာသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဥသာမင်း)
ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတ ဦးသိန်းစိန်ကို  ကျေးဇူး တင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဥက္ကလာပတွင် ဓာတ်ကြိုးပြတ်ကျရာမှ မိသားစုသုံးဦး ဓာတ်လိုက်

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သုမာလာ ၅ လမ်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီခန့်က ရပ်ထားသည့် ဆိုက်ကားအပေါ် ဓာတ်ကြိုးပြတ်ကျရာမှ လေးနှစ်ခန့်အရွယ် ကလေးငယ် အပါအဝင် မိသားစုသုံးဦး ဓာတ်လိုက်ကြောင်း မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

Twitter ဝန်ထမ်းများကို ISIS အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့

Photo: Twitter ဝန်ထမ်းများကို ISIS အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့
Monday, October13, 2014 

Twitter ၏ ဝန်ထမ်းများသည် ISIS အဖွဲ့ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒစ်ခ်ကိုစတိုလိုက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ကိုစတိုလိုသည် Vanity Fair New Establishment အစည်းအဝေးတွင် Aspen အဖွဲ့အစည်းမှ ဝေါလ်တာ အိုင်ဇက်ဆန်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ စစ်သွေးကြွအဖွဲ့ ISIS အပေါ် ကုမ္ပဏီ၏ တုံ့ပြန်မှု လုပ်ရပ်ကို ပြောကြားခဲ့သည်။ ISIS သည် ၎င်းတို့၏ လုပ်ရပ်များကို ပျံ့နှံ့စေရန် Twitter ကို အသုံးပြုနေကြသည်။ ထိုလုပ်ရပ်နှင့် ပတ်သက်၍ ကိုစတိုလိုက Twitter ကဲ့သို့ အချက်အလက် ဝေမျှသည့် tool သည် ကောင်းမွန်သော လုပ်ရပ်အတွက်သာ အသုံးပြုသင့်သော်လည်း လူများကလည်း မကောင်းသော အကြံအစည်များအတွက် အသုံးချနေကြကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် Twitter အနေဖြင့် ISIS account များကို ဖယ်ရှားပစ်ခဲ့ပြီး ၎င်း account များသည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ချိုးဖောက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ ISIS အဖွဲ့၏ account များစွာကို ဖျက်သိမ်းပြီးနောက် ၎င်းကိုယ်တိုင်နှင့် Twitter ဝန်ထမ်းများစွာကို ISIS အဖွဲ့အစည်းက အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း ကိုစတိုလိုက ပြောကြားသွားခဲ့သည်။

ISIS အဖွဲ့၏ account များကို ဖျက်သိမ်းပြီးနောက် ၎င်းစစ်သွေးကြွအဖွဲ့နှင့် ဆက်နွယ်သူ လူတစ်စုက Twitter ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဝန်ထမ်းနှင့် အခြားဝန်ထမ်းများကို လုပ်ကြံသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယခုကိစ္စသည် လူတိုင်း ရင်ဆိုင်နေရသည့် အထိတ်တလန့် ဖြစ်ရပ်ဖြစ်ပြီး ကုမ္ပဏီအတွင်း ၎င်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုမှုများ မြင့်တက်နေကြောင်း ကိုစတိုလိုက အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

အခြား လူမှုရေးမီဒီယာများကဲ့သို့ပင် Twitter သည် စည်းမျဉ်းများ ချိုးဖောက်နေသည့် account များကို ထုတ်ပယ်ခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကို ပြုလုပ်လေ့မရှိပေ။ အကြောင်းအရင်းမှာ Twitter အနေဖြင့် account တစ်ခု၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် စွပ်စွဲချက်များကို ထွက်ပေါ်လာနိုင်သောကြောင့် ဖြစ်ကြောင်း သိရသည်။

Ref: CNET
Internet Journal
Twitter ၏ ဝန်ထမ်းများသည် ISIS အဖွဲ့ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒစ်ခ်ကိုစတိုလိုက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

မိအေးနှစ်ခါနာ မဖြစ်အောင် SSA(၀မ်ဟိုင်း)အဖွဲ့ ဆင်ခြင်ဖို့ လိုသည်

Photo: မိအေးနှစ်ခါနာ မဖြစ်အောင် SSA(၀မ်ဟိုင်း)အဖွဲ့ ဆင်ခြင်ဖို့ လိုသည်
Monday, October13, 2014  

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အဆုံးသတ်၌ SSA(၀မ်ဟိုင်း)အဖွဲ့ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးလိုက်ရသည်။ အစိုးရတပ်များကို ရင်ဆိုင် နိုင်စွမ်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တိုက်ပွဲဖြစ်ချိန်တွင် မှန်းချက်နှင့် နှမ်းထွက် တစ်လွဲစီ ဖြစ်ခဲ့ရသည်။ တာဖာဆောင်ကို လက်လွှတ်ဆုံးရှုံးပြီးဖြစ်သလို ၀မ်ဟိုင်းဌာနချုပ်ကိုပါ လက်လွှတ်ရမလို ဖြစ်ခဲ့သည်။

သို့သော် ရှမ်းပါတီများ၊ RCSS/SSA ၊ UWSA`၀´၊ NDAA (မိုင်းလား)အဖွဲ့များ၏ ကောင်းမှုကြောင့် SSA (၀မ်ဟိုင်း)ဌာနချုပ်ကို အစိုးရတပ်များက မသိမ်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်မင်းကိုလည်း အပူသွားကပ်လေတော့ ၀မ်ဟိုင်းဌာနချုပ်ကို မသိမ်းပါဟု ပြောပေးခဲ့ခြင်းဖြစ်ပါသည်။ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် သိက္ခာပိုင်းအရ ရစရာ မရှိအောင် ကျဆင်းသွားသလို တိုင်းရင်းသားလက်နက်ကိုင်များအလယ် မျက်နှာငယ်ခဲ့ရတာလည်း အမှန်ပင် ဖြစ်ပါသည်။ ခဲမှန်ဖူးသော စာသူငယ်လို နောင်တရနေမှာ သေချာပါသည်။
ယခုအခါ UWSA`၀´နယ်မြေနှင့်ကပ်လျက် နေရာယူထားသည့် SSA(၀မ်ဟိုင်း) အဖွဲ့၏ တပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို ဆုတ်ခွာပေးဖို့ ပြည်နယ် နယ်/လုံဝန်ကြီးက သတိပေးလိုက်ပြီ ဖြစ်ပါသည်။ နမ့်ပန်ချောင်း အရှေ့ဘက် တစ်နည်းအားဖြင့် သံလွင်အနောက်ခြမ်းသည် SSA(၀မ်ဟိုင်း)အဖွဲ့အား နေထိုင် လှုပ်ရှားခွင့်ပြုထားသော နယ်မြေမဟုတ်သောကြောင့် ဆုတ်ခွာခိုင်းခြင်းဟု သိရပါသည်။

SSA(၀မ်ဟိုင်း)အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ဖိအားဖြစ်ပါသည်။ တာဖာဆောင်ကို သင်ခန်းစာယူသင့် ပါသည်။ ကိုယ့်နယ်မြေမဟုတ်ရင် အလိုက်တသိ ဖယ်ပေးလိုက်တာ ကောင်းပါသည်။ UWSA နဲ့ SSA(၀မ်ဟိုင်း) တို့ ဘိန်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သယ်ဆောင်နေသော လမ်းကြောင်းအဖြစ် တာဖာဆောင်တုန်းက သတင်းထွက်ခဲ့ဖူးပြီဖြစ်၍ ယခုတစ်ကြိမ် ထိုသို့ မဖြစ်ရန် လိုပါသည်။ သို့သော် ထွက်လာ သော အသံဗလံများအရ SSA(၀မ်ဟိုင်း)အဖွဲ့က မွေးရပ်မြေဖြစ်တဲ့အတွက် ဖယ်မပေးဘူး၊ သူတို့ နယ်မြေထဲ ၀င်လာရင် အမိန့်ကို စောင့်မှာ မဟုတ်ဘူးဆိုပြီး လေသံပစ်လာပြန်ပါသည်။
ပထမတစ်ကြိမ် ခံခဲ့ရတာကို မမှတ်သေးဘဲ နောက်တစ်ကြိမ် အနာခံချင်တာကတော့ မိုက်ရူးရဲဆန်တယ်လို့ပဲ ပြောချင်ပါသည်။ အစိုးရတပ်များကို အဘက်ဘက်မှ မယှဉ်နိုင်ဘဲနဲ့ စိန်ခေါ်၍ မရပါ။ တစ်ဖက်က `၀´ ကို အားကိုးရင်လည်း `၀´က အစိုးရနဲ့ အဆင်ပြေနေတာကြောင့် ကူညီမည်ဟု အာမခံမည်မဟုတ်ပေ။ SSA (၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ကိုယ့်နယ်မြေမဟုတ်ရင် စောစောစီးစီး ဖယ်ပေးလိုက်တာ ကောင်းပါသည်။ မျက်စိစုံမှိတ် ခေါင်းခါငြင်းနေမယ်ဆိုရင် နောက်တစ်ကြိမ် တိုက်ပွဲများကို မြင်ရမည်သာ ဖြစ်ပါသည်။

အချုပ်ပြောရရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကတိက၀တ်များကို လေးလေးစားစား လိုက်နာရန် အရေးကြီးပါသည်။ တာဖာဆောင်တံတားကို ကိုယ့်နယ်မြေမဟုတ်ဘဲ တပ်စခန်းချပြီးနေထိုင်သည့်အတွက် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားရခြင်း ဖြစ်သည်။ အခု နမ့်ပန်ချောင်း အရှေ့ဘက်ခြမ်း `၀´ နယ်မြေနဲ့ ဆက်စပ်နယ်မြေထဲကနေ ဆုတ်ခွာပေးဖို့ သတိပေးခံရပြီ ဖြစ်ပါသည်။ ကိုယ့်နယ်မြေမဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာ ငြိမ်းချမ်းရေး ကတိက၀တ်အတိုင်း သတ်မှတ်ပြီးဖြစ်၍ SSA(၀မ်ဟိုင်း)အဖွဲ့ အသိဆုံးဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် မိအေးနှစ်ခါနာ မဖြစ်စေဖို့ SSA(၀မ်ဟိုင်း)အဖွဲ့အနေဲ့ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရေးသား အပ်ပါသည်။

နေ၀န်းသစ်
Credit to နေ့စဉ်သတင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အဆုံးသတ်၌ SSA(၀မ်ဟိုင်း)အဖွဲ့ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးလိုက်ရသည်။ အစိုးရတပ်များကို ရင်ဆိုင် နိုင်စွမ်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တိုက်ပွဲဖြစ်ချိန်တွင် မှန်းချက်နှင့် နှမ်းထွက် တစ်လွဲစီ ဖြစ်ခဲ့ရသည်။ တာဖာဆောင်ကို လက်လွှတ်ဆုံးရှုံးပြီးဖြစ်သလို ၀မ်ဟိုင်းဌာနချုပ်ကိုပါ လက်လွှတ် ရမလို ဖြစ်ခဲ့သည်။

၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်

Photo: ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်
Monday, October13, 2014 

နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို အောက် တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် မူဘောင်ကို ရေးဆွဲနိုင်ရေးကို သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အားလုံး အဆင်သင့် ဖြစ်နေပြီ ၁၅ ရက်နေ့ စပြီးရေးဆွဲမယ်။ ညှိရနှိုင်းရတာတွေ များရင် အချိန်ကြာမယ်” ဟု ၎င်းကဆိုသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF တို့ ရေးဆွဲထားသော မူဘောင်များကို ပေါင်းစည်းပြီး နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု မူဘောင်တစ်ခု ဖြစ်ပေါ်လာရေးအတွက် မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC နှင့် ညှိနှိုင်းရေးဆွဲလျက် ရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို သီးခြားရေးဆွဲလျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅၆ ပါတီ၏ ဘုံသဘောတူညီသော မူဘောင်တစ်ရပ် ရရှိလာပါက UNA၊ NLD ပါတီတို့ သီးခြားရေးဆွဲလျက် ရှိသော မူဘောင်များနှင့်လည်း ပေါင်းစည်းနိုင်ရေးကို ညှိနှိုင်းသွားမည် ဖြစ်ကြောင်း မူဘောင်ချမှတ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ စက်တင်ဘာလအတွင်း တတိယပတ်အတွင်း နှစ်ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံထားသည်။

The Voice Weekly
နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို အောက် တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြား သည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်

Photo: နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်
Monday, October13, 2014 

အမျိုးသားပညာရေး ဥပဒေ အပါအဝင် လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ဆွေးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်း အဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကို တက္ကသိုလ် ကျောင်းသားများ ကျောင်းပိတ်ချိန်တွင် အတည်ပြုသွားခြင်းကြောင့် ယင်းကဲ့သို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အရေးပေါ် အစည်းအဝေး လုပ်ဖို့ လိုတယ်။ ကျောင်းသားတွေ ကျောင်းပိတ်ချိန် ဥပဒေ အတည်ပြုသွားတယ်။ ကျောင်းသားတွေက ဒီအပေါ် ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာ တိတိကျကျ ပြောဖို့လိုတယ်” ဟု ကိုဇေယျာလွင်က ရှင်းပြသည်။

အရေးပေါ် ကျောင်းသားထု အစည်းအဝေးသို့ နိုင်ငံတစ်ဝန်းမှ ကျောင်းသားသမဂ္ဂများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရေး လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပါတီများ ဖိတ်ကြားထားကြောင်း ၎င်းကဆိုသည်။

အစည်းအဝေး ပထမရက်တွင် အမျိုးသားပညာရေး ဥပဒေ အပါအဝင် ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒုတိယရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်ပြီး ကျောင်းသားများချည်းပဲ သီးသန့် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရှိရသည်။

“အစည်းအဝေးကနေ ချထားတဲ့ ဆုံးဖြတ်ချက်တွေကို အမျိုးသားနေ့ (နိုဝင်ဘာလ ၁၆ ရက်) မှာ စတင် အကောင်အထည် ဖော်မှာပါ” ဟု နိုင်ငံလုံးဆိုင်ရာ ကျောင်း သားထု အရေးပေါ်အစည်းအဝေး ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က ပြောကြားသည်။

အစည်းအဝေး ကျင်းပမည့်နေရာကို ကြိုတင် ထုတ်ဖော်ပြောကြားပါက အုပ်ချုပ်ရေး တာဝန်ရှိသူများ ဖိအားပေးမည်စိုး၍ မကြေညာနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

လတ်တလော လျာထားချက်များအရ အစည်းအဝေး တက်ရောက်ရန် တစ်နိုင်ငံလုံးမှ ကျောင်းသားကိုယ်စားလှယ် ၅၀၀ နီးပါး ရှိနိုင်ကြောင်း၊ အလှူငွေများကိုလည်း လိုက်လံ ကောက်ခံသွားမည် ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly
အမျိုးသားပညာရေး ဥပဒေအပါအဝင် လက်ရှိပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ေ ဆွးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှ င့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။

ဦးနှောက်သည် အိပ်စက်နေသော်လည်း တက်ကြွမှုရှိခြင်း

Photo: ဦးနှောက်သည် အိပ်စက်နေသော်လည်း တက်ကြွမှုရှိခြင်း
Monday, October13, 2014

ဦးနှောက်သည် အိပ်စက်သောအခါ တက်ကြွကြောင်းကို ကမ်းဘရစ်ခ်ျနှင့် ပဲရစ်မှ သိပ္ပံပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရသိရသည်။

ထိုလေ့လာမှုအတွက် Electroenceph-alogram (EEG) ဟုခေါ်သော ဦးနှောက်၏လှုပ်ရှားမှုကို လှိုင်းအဖြစ် မှတ်တမ်းတင်သောစက်ဖြင့် ဦးနှောက်ကို
နိုးကြားနေစဉ်နှင့် အိပ်စက်နေစဉ် တို့တွင် လေ့လာခဲ့ကြသည်။

လေ့လာ မှု၏ အဖွဲ့ခေါင်းဆောင် Mr.Kouider က ““ကျွန်တော်တို့တတွေဟာ အိပ် စက်သွားတဲ့အခါ ဦးနှောက်အလုပ် လုပ်မှုလျော့နည်းသွားတယ်လို့ ထင် ခဲ့ကြပါတယ်။

အမှန်တော့ မဟုတ်ပါ ဘူး။ ပိုပြီးတောင်တက်ကြွနေပါသေးတယ်။

ဘာလို့လဲဆိုတော့ လူတစ်ဦး အိပ်စက်တဲ့အခါမှာ မသိစိတ်နဲ့ အိပ်မက်မက်
တက်ကြပါတယ်။ ပြီးတော့ အိပ်နေစဉ်မှာ ဦနှောက်တက်ကြွနေလို့ မိမိနာမည်ကို
ခေါ်လိုက်တာတို့ နာရီနှိုးစက် အသံမြည်တာတို့ဆိုရင် အချိန်မရွေး နိုးထလာစေ
ပါတယ်။

ထိုအသံတွေကို ဦးနှောက်ကမှတ်သားထားပြီး နိုးထစေမှုကို ဖြစ်ပေါ် စေပါသည်။ ဒါဟာဦးနှောက်သည် အမြဲနိုးကြားတက်ကြွနေတယ်ဆိုတာ ရဲ့ အကောင်းဆုံး
သာဓကတစ်ခုပါ ပဲ။”” ဟု ပြောပါသည်။

မာဃ
Ref:Netdoctor
Health Updates Journal
ဦးနှောက်သည် အိပ်စက်သောအခါ တက်ကြွကြောင်းကို ကမ်းဘရစ်ခ်ျနှင့် ပဲရစ်မှ သိပ္ပံပညာရှင်များ၏ လေ့ လာမှုတစ်ရပ်အရ သိရသည်။

သဘာဝမကျသော သကြားများကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်

Photo: သဘာဝမကျသော သကြားများကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်
Monday, October13, 2014

သဘာဝ မကျသော သကြားများကို စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အရ သိရသည်။

လူတို့သည် ကြံပင်မှ ထုတ်လုပ်သည့် သကြားကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွား နိုင်သည်ဟု ဆိုကာ သဘာဝ အတိုင်း ထုတ်လုပ် ထားခြင်း မဟုတ်သည့် သကြားအတုများ စားသုံးမှု များလာ ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက် စေကြောင်း သိရသည်။

အဆိုပါ သကြားအတု များတွင် ပါဝင်သည့် ပစ္စည်းများသည် ကယ်လိုရီ နည်းပါးသည် ဟုဆိုကာ ဆီးချိုသမား များအတွက် သင့်လျော်ကြောင်း ဆရာဝန်များ က ညွှန်ကြား ခဲ့သော်လည်း ယခု ဆန်းစစ် တွေ့ရှိချက် အရ ယင်း သဘာဝ မကျသည့် သကြား သို့မဟုတ် သကြားအတု များ စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွား နိုင်ခြေမှာ ပိုမို များပြားလာနိုင် ကြောင်း အဆိုပါ လေ့လာချက် များတွင် ဖော်ပြ ထားသည်။

လေ့လာ ဆန်းစစ်သူ များသည် ဆီးချိုရောဂါ ဝေဒနာရှင် များအား အုပ်စုနှစ်စု ခွဲ၍ စမ်းသပ်ခဲ့ရာ ဆီးချိုရောဂါ ဖြစ်ပွားနေသည့် အုပ်စုနှင့် ဆီးချိုရောဂါ ဖြစ်ပွားရန် အစပြု နေသည့် အုပ်စုဟူ၍ ခွဲခြား လေ့လာ ခဲ့သည်။ ယင်းကဲ့သို့ လေ့လာရာတွင် ဆီးချိုရောဂါ ဖြစ်ပွားနေသည့် အုပ်စုအား အဆိုပါ သကြားအတုများ စားသုံးစေပြီး ဆီးချိုရောဂါ ဖြစ်ပွားရန် အစပြုနေသည့် အုပ်စုအား သွေးတွင်း သကြားဓာတ် မြင့်မားစေသည့် ဂလူးကို့စ် ကို ထိုးသွင်း ပေးခြင်းတို့ ပြုလုပ်ပေး ခဲ့ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရာတွင် သကြားအတု များကို စားသုံးစေသည့် ဆီးချိုရောဂါ ဝေဒနာရှင် များသည် သွေးတွင်း သကြားဓာတ် ပါဝင်မှု ပမာဏ ပိုမိုမြင့်မား နေသည်ကို တွေ့ရပြီး ဂလူးကို့စ် ထိုးသွင်း ပေးသည့် ဒုတိယအုပ်စု တွင် သွေးတွင်း သကြားဓာတ် ပါဝင်မှုမှာ သင့်တင့်သည့် အခြေအနေ တွင်သာ ရှိနေကြောင်း လေ့လာချက်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် ဆီးချို ဝေဒနာရှင်များ အနေဖြင့် သဘာဝ မဟုတ်သည့် သကြားများကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ကြ ပါရန် အဆိုပါ လေ့လာချက်တွင် တိုက်တွန်း ထားကြောင်း သိရသည်။

ကျော်ကိုဆင့်
Themyawadydaily
သဘာဝ မကျသော သကြားများကို စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာနိုင်ကြော င်း လေ့လာ ဆန်းစစ်ချက် အရ သိရသည်။