Tuesday 14 October 2014

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နာမည်ကြီး ထိုင်းရှေ့နေ အမှုလိုက်ပေးမည်

Photo: မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နာမည်ကြီး ထိုင်းရှေ့နေ အမှုလိုက်ပေးမည်
Tuesday, October 14, 2014

ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သံသယ တရားခံမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် ရှေ့နေအကူအညီပေးရန် ထိုင်းရှေ့နေများကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံလိုက်သည်။

ထိုင်းရှေ့နေများကောင်စီ၏ ဆုံးဖြတ်ချက်အရ မြန်မာရွှေ့ ပြောင်းအလုပ်သမားဘက်မှ နာ မည်ကြီးထိုင်းရှေ့နေက အမှုလိုက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကော့စမွီ ခရိုင် တရားရုံးသို့တင်သွင်းပြီး အမှုဖြစ် စဉ် အမှုမှတ်တမ်းများ၊ စုံစမ်းစစ် ဆေးမှုများကို တရားရုံးတွင်အမှု စစ်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် အဖမ်းခံထားရ သည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သူ ဝင်းနှင့်ဇော်ကို လက် ရှိတွင် ကော့စမွီအကျဉ်းထောင် တွင်ထိန်းသိမ်းထားသည်။ ၎င်းတို့ သည် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှုတို့ကိုကျူးလွန်ခဲ့သူများဖြစ်၍ အပြစ်ဒဏ်ကျခံရတော့မည်ဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုထား သည်။

တစ်ချိန်တည်းမှာပင် လူ့ အခွင့်အရေး လှုပ်ရှားသည့်ကွန် ရက်တစ်ခုဖြစ်သော Cross-Cul tural Foundation (CrCF)က လည်း ထင်ပေါ်ကျော်ကြားသည့် ထိုင်းရှေ့နေ Nakhon Chomph− uchat ကို သံသယတရားခံမြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးဘက်မှ ရှေ့နေလိုက်ပေးရန်တောင်းဆို ထားမှုရှိသည်။

ဝင်းနှင့်ဇော်အပေါ် ရဲတပ်ဖွဲ့ ၏စစ်မေးပုံ၊ ဆက်ဆံပုံအပေါ် လူ့ အခွင့်အရေးအဖွဲ့အများအပြား က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားနေကြသည်။   ထို့အတွက် အမှုသည်များဖြစ်သူ ဝင်းနှင့်ဇော်တို့၏ အခြေအနေကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေ Mr.Nakhon က ပြောကြား ထားသည်။

သံသယတရားခံ နှစ်ဦး အပြစ် ဝန်ခံဖြောင့်ချက်ပေးစေရန် ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းမှုပြုခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Amnesty Inter-national က တင်ပြထားမှုလည်းရှိနေသည်။

သံသယတရားခံများကို ရှေ့ နေမပါဝင်ဘဲ အကြိမ်ပေါင်းများ စွာမေးခွန်းမေးမြန်းမှုပြုခဲ့သည်ဟု နာမည်ကျော်ထိုင်းရှေ့နေကဆို သည်။ သံသယ တရားခံများက ရှေ့နေငှားရန် ငြင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောနေခဲ့ကြောင်း လည်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။ ဤအမှုတွင်ပါဝင် ရန် ဆုံးဖြတ်လျှင် ရှေ့နေများ ကောင်စီနှင့်အတူ ၎င်းနှင့်အတူအဖွဲ့က လက်တွဲဆောင်ရွက်သွား မည်ဟု Mr.Nakhon က ပြော ကြောင်း အောက်တိုဘာ ၁၃ အစောပိုင်းတွင် ဘန်ကောက်ပို့စ် ကဖော်ပြထားသည်။ တစ်ဖက် တွင်လည်း ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့၏စုံစမ်းစစ်ဆေးမှုသည် တရား မျှတမှုရှိကြောင်း စွဲစွဲမြဲမြဲ ပြော ကြားနေပြီး ဖြောင့်ချက်ပေး ဝန်ခံရန် သံသယ တရားခံများကို နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော အစီရင်ခံစာများကို ငြင်းပယ်ခဲ့သည်။

ဤအမှုအတွက် မြန်မာသံရုံး မှဖွဲ့စည်းလိုက်သည့် အထူးအဖွဲ့ က သံသယတရားခံနှစ်ဦးကို အင်တာဗျူးရန် ရှေ့နေတစ်ဦးကို ခန့်အပ်ထားမှုရှိသည်။ သို့သော် အမှုတရားရုံးတွင် စစ်ဆေးခြင်း အဆင့်သို့ရောက်သည့်အခါ ၎င်းကအကူအညီပေးမည်၊ မပေး မည်ကိုမူ မသိရှိရသေးပေ။

7Day DAILY 

အမှုသရုပ်ပြနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး (reuters)
အမှုသရုပ်ပြနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး (reuters)
ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သံသယ တရားခံမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး အတွက် ရှေ့နေအကူအညီပေးရန် ထိုင်းရှေ့နေများကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံ လိုက်သည်။

ထိုင်းရှေ့နေများကောင်စီ၏ ဆုံးဖြတ်ချက်အရ မြန်မာရွှေ့ ပြောင်းအလုပ်သမားဘက်မှ နာမည်ကြီး ထိုင်း ရှေ့ နေက အမှုလိုက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကော့စမွီ ခရိုင် တရားရုံးသို့တင်သွင်းပြီး အမှုဖြစ် စဉ် အမှုမှတ်တမ်းများ၊ စုံစမ်းစစ် ဆေးမှုများကို တရားရုံးတွင်အမှု စစ်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် အဖမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သူ ဝင်းနှင့် ဇော်ကို လက် ရှိတွင် ကော့စမွီအကျဉ်းထောင် တွင်ထိန်းသိမ်းထားသည်။ ၎င်းတို့ သည် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှုတို့ကိုကျူးလွန်ခဲ့သူများဖြစ်၍ အပြစ်ဒဏ်ကျခံရတော့မည်ဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုထား သည်။

တစ်ချိန်တည်းမှာပင် လူ့ အခွင့်အရေး လှုပ်ရှားသည့်ကွန် ရက်တစ်ခုဖြစ်သော Cross-Cul tural Foundation (CrCF)က လည်း ထင်ပေါ်ကျော်ကြားသည့် ထိုင်းရှေ့နေ Nakhon Chomph− uchat ကို သံသယတရားခံမြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးဘက်မှ ရှေ့နေလိုက်ပေးရန်တောင်းဆို ထားမှုရှိသည်။

ဝင်းနှင့်ဇော်အပေါ် ရဲတပ်ဖွဲ့ ၏စစ်မေးပုံ၊ ဆက်ဆံပုံအပေါ် လူ့ အခွင့်အရေးအဖွဲ့အများအပြားက စိုးရိမ် ပူပန် ကြောင်း ထုတ်ဖော် ပြောကြားနေကြသည်။   ထို့အတွက် အမှုသည်များဖြစ်သူ ဝင်းနှင့်ဇော်တို့၏ အခြေ အနေကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေ Mr.Nakhon က ပြောကြား ထားသည်။

သံသယတရားခံ နှစ်ဦး အပြစ် ဝန်ခံဖြောင့်ချက်ပေးစေရန် ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းမှုပြုခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Amnesty Inter-national က တင်ပြထားမှုလည်းရှိနေသည်။

သံသယတရားခံများကို ရှေ့ နေမပါဝင်ဘဲ အကြိမ်ပေါင်းများ စွာမေးခွန်းမေးမြန်းမှုပြုခဲ့သည်ဟု နာမည် ကျော် ထိုင်းရှေ့နေကဆို သည်။ သံသယ တရားခံများက ရှေ့နေငှားရန် ငြင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောနေခဲ့ကြောင်း လည်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။ ဤအမှုတွင်ပါဝင် ရန် ဆုံးဖြတ်လျှင် ရှေ့နေများ ကောင်စီနှင့်အတူ ၎င်းနှင့်အတူအဖွဲ့က လက်တွဲဆောင်ရွက်သွား မည်ဟု Mr.Nakhon က ပြောကြောင်း အောက်တိုဘာ ၁၃ အစောပိုင်းတွင် ဘန်ကောက်ပို့စ် ကဖော်ပြထားသည်။ တစ်ဖက်တွင် လည်း ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့၏စုံစမ်းစစ်ဆေးမှုသည် တရား မျှတမှုရှိကြောင်း စွဲစွဲမြဲမြဲ ပြော ကြားနေပြီး ဖြောင့်ချက်ပေး ဝန်ခံရန် သံသယ တရားခံများကို နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော အစီရင်ခံစာများကို ငြင်းပယ်ခဲ့သည်။

ဤအမှုအတွက် မြန်မာသံရုံး မှဖွဲ့စည်းလိုက်သည့် အထူးအဖွဲ့ က သံသယတရားခံနှစ်ဦးကို အင်တာဗျူးရန် ရှေ့နေတစ်ဦးကို ခန့်အပ်ထားမှုရှိသည်။ သို့သော် အမှုတရားရုံးတွင် စစ်ဆေးခြင်း အဆင့်သို့ရောက်သည့် အခါ ၎င်းကအကူအညီပေးမည်၊ မပေး မည်ကိုမူ မသိရှိရသေးပေ။

7Day DAILY 

No comments:

Post a Comment