Tuesday 14 October 2014

ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို

Photo: ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို
Tuesday, October 14, 2014

အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဘန်အက်ဖလက်နှင့် အဆိုတော် ဂျနီဖာလိုပက်ဇ်တို့ သည် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အထိ စေ့စပ်ပြီး အတူနေထိုင်ခဲ့ကြသူ များဖြစ်သည်။ ဂျနီဖာလိုပက်ဇ် သည် ဘန်အက်ဖလက်နှင့်မင်္ဂလာ ပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ယင်း မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သူဖြစ်သည်။

ဂျနီဖာလိုပက်ဇ်က ရည်း စားဟောင်းဘန်အက်ဖလက် ပါဝင်သရုပ်ဆောင်ထားသည့် Gone Girl ဇာတ်ကားကြည့်နေ ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။ ဂျေလိုက ၎င်း၏ ရည်းစားဟောင်းများနှင့် ကောင်း မွန်သော ဆက်ဆံရေးရှိသည်ဟု လည်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဘန်အက်ဖလက် အဓိက ပါဝင်သရုပ်ဆောင်ထားသော Gone Girl လျှို့ဝှက်သည်းဖိုဇာတ် ကားသည် သီတင်းနှစ်ပတ်ဆက် တိုက်ကြည့်ရှုသူအများဆုံးရုပ်ရှင် ဇာတ်ကားဖြစ်နေသည်။

Ref: US Magazine 
7Day DAILY
အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင် သရုပ်ဆောင် ထားသည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန်ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွား ရောက် အားပေးခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဘန်အက်ဖလက်နှင့် အဆိုတော် ဂျနီဖာလိုပက်ဇ်တို့ သည် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အထိ စေ့စပ်ပြီး အတူနေထိုင်ခဲ့ကြသူများဖြစ်သည်။ ဂျနီဖာလိုပက်ဇ်သည် ဘန်အက်ဖလက်နှင့် မင်္ဂလာပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ယင်းမင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သူဖြစ်သည်။

ဂျနီဖာလိုပက်ဇ်က ရည်း စားဟောင်းဘန်အက်ဖလက် ပါဝင်သရုပ်ဆောင်ထားသည့် Gone Girl ဇာတ်ကား ကြည့်နေ ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။ ဂျေလိုက ၎င်း၏ ရည်းစားဟောင်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟုလည်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။

ဘန်အက်ဖလက် အဓိက ပါဝင်သရုပ်ဆောင်ထားသော Gone Girl လျှို့ဝှက်သည်းဖိုဇာတ် ကားသည် သီတင်းနှစ်ပတ်ဆက် တိုက်ကြည့်ရှုသူအများဆုံးရုပ်ရှင် ဇာတ်ကားဖြစ်နေသည်။

Ref: US Magazine 
7Day DAILY

No comments:

Post a Comment