Tuesday 14 October 2014

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် အစီအစဉ် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်

အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန် ရာထူးများကို ယခုအစိုးရ သက်တမ်း အတွင်း ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထားရန် ဝန်ကြီးဌာနများသို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲသော်လည်း မူဝါဒမ ပြောင်းလဲဘဲ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ် သော ရာထူးများဖြစ်သည့် အတွင်းဝန်၊ လက်ထောက်အတွင်းဝန်ရာထူးများကို ခန့်အပ်သွားရန် ပြည်ထောင် စု အစိုးရအဖွဲ့မှ ပြီးခဲ့သည့်သြဂုတ်လအတွင်းပိုင်းမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ယင်းရာထူးများကိုခန့်အပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆိုင်းငံ့ထားရန် အကြောင်းကြားစာကို သမ္မတရုံးမှ ပေးပို့လာခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ဝန်ကြီး ဌာန အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

‘‘လက်ရှိအစိုးရသက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားဖို့ပေါ့။ ပြီးခဲ့တဲ့အပတ်က ဝန်ကြီးဌာနတွေကို အကြောင်း ကြားစာ ပေးပို့ပါ တယ်’’ဟု နေပြည်တော် ဝန်ကြီးဌာနတစ်ခုမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အတွင်းဝန်ရုံးများ ဖွဲ့စည်းပုံကို မူလက ရေးဆွဲနေခဲ့ခြင်းဖြစ် သည်။ ယခု ရပ်ဆိုင်းထားရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း မည်သည့်အကြောင်းပြ ချက်ကြောင့်ဆိုသည်ကို မသိရှိရကြောင်း ဝန်ကြီးဌာန အသိုင်းအဝိုင်းနှင့် နီးစပ်သူများကဆိုသည်။

ဖဆပလအစိုးရခေတ်တွင် အတွင်းဝန်ရာထူး တာဝန်ထမ်းဆောင်ဖူးသူ တစ်ဦးက ယင်းအတွင်းဝန်ရုံးပြန် လည် ကျင့်သုံးပါက ကောင်းမွန်သော်လည်း အင်မတန် အရေးပါသည့် ရာထူးဖြစ်သည့်အတွက် အမှန် တကယ် အရည်အချင်းရှိပြီး ပညာတတ်ဖြစ်ရန်လိုအပ်ကြောင်း ထောက်ပြထားသည်။

လက်ရှိအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန (၃၆)ခုရှိပြီး ပြည်ထောင် စုအဆင့်ဝန်ကြီး ၉၀ ကျော်ရှိကြောင်း သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment