Tuesday 14 October 2014

ရဲဘက်စခန်းရှိ အကျဉ်းသားများ သေဆုံးရခြင်းမှာ အစာရေစာမလုံလောက်ခြင်းနှင့် ဆေးဝါးကုသခွင့်မရခြင်းကြောင့်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော

ရဲဘက်စခန်းများ တွင် အကျဉ်းသားများ သေဆုံးရ ခြင်းမှာ အစာရေစာ မလုံလောက် မှု၊ ရေချိုးရန် အခက် အခဲဖြစ်မှု၊ ဆေးဝါးကုသခွင့်မရမှုတို့ကြောင့်  မဟုတ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော် ကျော်ထွန်း ကပြောသည်။

အကျဉ်းသားများအဓိက သေဆုံးရခြင်းမှာ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရာသီဥ တုပြောင်းလဲမှုနှင့် လိုက်လျောညီ ထွေမရှိခြင်း၊ အစားအသောက် အနေအထိုင် လွဲမှားခြင်းတို့ ကြောင့်သာဖြစ်သည်ဟု ဒုဝန်ကြီး က ဆက်လက်ပြောကြားသည်။

ရဲဘက်စခန်းများစတင်ဖွင့် လှစ်ခဲ့သော ၁၉၇၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၎င်းစခန်းများတွင် သေဆုံးသူ ဦးရေ ၅၃၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ ၁၃ ရက်တွင်ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့်က မြန်မာနိုင်ငံရဲဘက်အကျဉ်းစခန်း ရှိ အကျဉ်းသားများနှင့် စပ်လျဉ်း ၍ မေးမြန်းမှုအပေါ် ဒုတိယ၀န် ကြီးက ဖြေကြားရာတွင် အထက် ပါအတိုင်းထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘ဒီရဲဘက်စခန်းများဟာ အိမ်နီးချင်းနိုင်ငံတစ်ခုက ဖွင့်လှစ် ထားတာကို နမူနာယူပြီး ဒီမှာ ဖွင့် ထားတာဖြစ်ပါ တယ်။ ဒီစခန်းများ မှာ ကျခံရတဲ့သူတွေဟာအင်မ တန်ကို ဒုက္ခဆင်းရဲခံစားနေရတဲ့ အကြောင်း သတင်း မီဒီယာတွေ လည်း ရေးသားဖော်ပြထားပါ တယ်။ လက်ရှိအခြေခံဥပဒေအရ လည်း ဒီစခန်းတွေရှိနေတာ ဥပ ဒေနဲ့ မညီညွတ်ပါဘူး’’ဟု မေး ခွန်းမေးမြန်းသူ ဦးသိန်းညွန့်က ပြောသည်။

ထို့အပြင် ၁၉၇၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော ရဲဘက် အကျဉ်းစခန်း ၄၆ ခုအား ၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်း ခဲ့ပြီး စိုက်ပျိုး မွေးမြူရေးစခန်းနှင့် ကုန်ထုတ် စခန်းများအဖြစ် ပြောင်းလဲဖွင့် လှစ်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကပြောသည်။

ထိုသို့ပြောင်းလဲဖွင့်လှစ်ပြီး နောက် စခန်းများတွင် စာကြည့် တိုက်၊ တီဗီများထားရှိပေးခြင်း၊ အလုပ်ပိတ်ရက် များတွင် အပန်းဖြေရန် ဗီဒီယိုပြသပေးခြင်း၊ တစ်လလျှင် မိသားစုဖြင့် ညအိပ်ည နေ သုံးရက်နေထိုင် ခွင့်ပြုခြင်း၊ အလုပ်လုပ်သောနေ့တွင် တစ် ရက်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် လုပ်အားရှင်ခံစားခွင့်ပေးခြင်းအစရှိ သည့် အခွင့်အရေးများပေးထား ကြောင်း ၎င်းကဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထိုကဲ့သို့ပြောကြားသွားသော် လည်း လက်တွေ့တွင် ရဲဘက် စခန်းသို့ ရောက်ရှိ သူများမှာ လူ့ အခွင့်အရေးချိုးဖောက်ခံရခြင်း၊ မတရားညှဉ်းပန်းနှိပ်စက်ခံရ ခြင်းစသည့်ကိစ္စရပ်များအပြင် အခြားသော မတရားပြုမှုခံရခြင်းများလည်းရှိနေကြောင်း ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

7Day DAILY 

No comments:

Post a Comment