မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Wednesday, 28 May 2014
ထိုင်း ဝန်ကြီးဟောင်းကို စစ်တပ်က ဖမ်းဆီး
နိုင်ငံခြား သတင်းထောက် ကလပ်ကနေ ပညာရေး ဝန်ကြီးဟောင်းကို ဖမ်းဆီးခေါ်ဆောင်လာစဉ်
ထိုင်းနိုင်ငံမှာ ပုန်းအောင်းနေရာကနေ ထွက်လာတဲ့ ဝန်ကြီးဟောင်း တစ်ဦးကို ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်တွေရဲ့ ကလပ်မှာ ထိုင်း စစ်သားတွေ က ဝင်ရောက် ဖမ်းဆီးလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာ့သီးနှံအာမခံစနစ်တွင် ဂျပန်ကုမ္ပဏီသုံးခု ၀င်ရောက်လုပ်ကိုင်မည်
ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မိုးစပါးစိုက်ဧက ငါးသိန်းခန့် ပျက်စီးခဲ့သည့် မြန်မာ့လယ်ယာကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် သီးနှံအာမခံစနစ်လုပ်ငန်း၌ ဂျပန်နိုင်ငံ၏ အကြီးဆုံး အထွေထွေအာမခံကုမ္ပဏီ သုံးခုက ၀င်ရောက်လုပ်ကိုင်ရန်ပြင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဘာသာပြောင်းဥပဒေကြမ်းပေါ် တုံ့ပြန်မှုများကွဲပြား
သမ္မတခန့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်က ရေးဆွဲထားတဲ့ “ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ(မူကြမ်း)”ထွက်လာပြီဖြစ်ပြီး ဒီအပေါ်မှာ မတူကွဲပြားတဲ့ သဘောထား အမြင်တွေ ရှိနေပါ တယ်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းနိုင်ငံရေးပြဿနာ Thaksin ပရောဂမကင်းကြောင်း စစ်တပ်ယုံကြည်
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဇစ်မြစ်ကို လိုက်ကြည့်ရင် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ လွှမ်းမိုးမှုတွေနဲ့ မကင်းတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ အာဏာသိမ်းထားတဲ့ စစ်အစိုးရက ယုံကြည်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ဗိုလ်မှူးကြီး Werachon Sukondhapatipak က ဘန်ကောက်မြို့မှာ အင်္ဂါနေ့က အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ ဘာကြောင့် ဒီလိုထင်သလဲဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။
ဆက်လက်ဖတ်ရှုပါရန် »
ယူကရိန်းသမ္မတ ရွေးချယ်ခံအား အမေရိကန် အပြည့်အ၀ထောက်ခံ
ယူကရိန်းနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ Petro Poroshenko ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံစည်းလုံးညီညွတ်မှု ရရှိအောင်နဲ့ ရှေ့ကိုဆက်သွားနိုင်ဖို့ ဆောင်ရွက်မှုတွေမှာ အမေရိကန်ပြည်ထောင်စု က အပြည့်အဝ ထောက်ခံသွားမယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့တဲ့အကြောင်း အိမ်ဖြူတော်က အသိပေး ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
Tuesday, 27 May 2014
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြုကြိုဆို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာသော ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force)၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် »
ယူကရိန်း အစိုးရသစ် ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်
သမ္မတသစ် ရွေးကောက် တင်မြှောက်ပြီးနောက် တစ်ရက်အကြာ ယမန်နေ့က နိုင်ငံရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် Donetsk မြို့ နိုင်ငံတကာ လေဆိပ်အား ယူကရိန်း စစ်တပ်က ကြီးမားသည့် ထိုးစစ်ဆင်မှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့
ချင်းမိုင်မြို့ ကျုံအနီး ချန်ဖာ့ခ် မုတ်အနီး ယမန်နေ့က စစ်တပ်က လုံခြုံရေးအပြည့်ယူထားစဉ်၊
ထိုင်း နိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မေလ ၂၇ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့် ကို ဖြေလျှော့လိုက်တယ်လို့ ကြေညာပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ရှမ်းများကို နှိပ်စက် ဖမ်းဆီးနေမှု သည်းခံ တော့မည် မဟုတ်ဟု ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ်ကို ရှမ်းလူမျိုးများ သတိပေး
ရှမ်းလူမျိုးများ အပေါ် ဆက်လက် ဖိနှိပ်ဆက်ဆံနေမှုများအား ရှမ်းလူမျိုးစု အနေဖြင့် သည်းခံတော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်တွင် နေထိုင်သော ဒေသခံ ရှမ်းလူမျိုးများမှ ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ထံသို့ မေလ တတိယပတ်တွင် ကြေညာလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းသတင်းထောက်များ ဖမ်းဆီးခံရခြင်းကို စိုးရိမ်ကြောင်း MJNကြေငြာချက်ထုတ်
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကြောင်း မေလ ၂၂ရက်က ကြေငြာခဲ့ပြီးနောက်တွင် သတင်းစာ ဆရာ ၁၈ဦးကို ထိန်းသိမ်း လိုက်သည့် အတွက် မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)က မေလ ၂၇ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
“ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ”
ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက် ပြီး နန်းသူဇာက “ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့ အင်္ဂလန်ကို အားပေး မယ်။ ဘရာဇီးကို သွားချင်တာက တော့ ရုပ်ရှင်တွေ ထဲမှာ ကြည့်ပြီး သွားချင် တာတော်တော် ကြာပြီ။ ဟိုမှာ ဒီက Tour နဲ့သွားမယ်။ ရိုက် ကူးသမျှ မြို့တိုင်းပေါ့။ အဲဒီက Carnival ပွဲတော်ကို လည်း အရမ်း သွားချင်တယ်။ အခုသွားမယ့် အချိန် နဲ့ တိုက်မယ် လို့တော့ ပြော တယ်။ အဲဒီကိုလည်း သွားဖြစ်မှာပါ” လို့ နန်း သူဇာက ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံရေးပါတီများအတွက် မြေကွက်နှင့်ကားချပေးရန် ကမ်းလှမ်း
နိုင်ငံရေးပါတီများအတွက် မြေကွက်နဲ့ မဲဆွဲစည်းရုံးသွားလာရာမှာ အသုံးပြုနိုင်ရေး ကားပါမစ်တွေ ချပေးဖို့ ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးကို စာပေးပို့ ကမ်းလှမ်းလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းအာဏာသိမ်းမှုဂယက် မြန်မာလုပ်သားများ အကျပ်တွေ့
ထိုင်းနိုင်ငံတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထား၍ ထိုင်းရောက် မြန်မာများ၏ အလုပ်ချိန်များ လျော့နည်းကာ ဝင်ငွေများ လျော့ကျနေပြီး အချိန်ကြာလာသည်နှင့် အမျှအခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့နေ ရကြောင်း လုပ်သား အရေး ဆောင်ရွက်သူများနှင့် မြန်မာလုပ်သားများထံမှ သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အစ္စရေးနှင့် ပါလက်စတိုင်း တို့ အကြား ငြိမ်းချမ်းရေး ပိုမို တိုးမြှင့် ဆောင်ရွက်ရန် ပုပ်ရဟန်း မင်းကြီး တိုက်တွန်း
အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းများအား ဆက်လက်ရှာဖွေသွားကြရန် အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မေ ၂၅ ရက်တွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ အမှန်တကယ် ငြိမ်းချမ်း ရေး ရရှိလာမည်ဖြစ်ပြီး စိတ်ကူးယဉ် အိပ်မက်တစ်ခုအဖြစ် ကျန်ရှိနေလိမ့်မည် မဟုတ်ကြောင်းနှင့် အစ္စရေး နိုင်ငံအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းလုံခြုံစွာ နေထိုင်သကဲ့သို့ ပါလက်စတိုင်း အနေဖြင့်လည်း ထိုကဲ့သို့ သော ဆန္ဒများရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အဘာ့စ်တို့အား ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ရန်အတွက် ပုပ်ရဟန်း မင်းကြီး နေထိုင်ရာပရိဝုဏ်သို့ အလည်အပတ် လာရောက်ကြရန် ပုပ်ရဟန်းမင်းကြီးက ဖိတ်ကြားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
အူရီးဒူးက ကျောင်းများအပါအ၀င် နေရာတစ်ရာခန့် အင်တာနက်အခမဲ့ သုံးနိုင်အောင် ဆောင်ရွက်မည်
ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးအော်ပရေတာက စာသင်ကျောင်းနှင့် အများပြည်သူ အသုံးပြုနိုင်သောနေရာ တစ်ရာခန့်တွင် တစ်နှစ်အတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ
အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
မောင်တောတွင် ခြိမ်းခြောက် ငွေတောင်းသည့် ဘင်္ဂါလီတစ်ဦးထံမှ လက်နက်ဖမ်းမိ
လက်နက်ကိုင် အကြမ်းဖက်တပ်ဖွဲ့များ မကြာခဏ ဝင်ရောက်လေ့ရှိသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရှိ ဦးဒေါင်းကျေးရွာအုပ်စု ဇုံမာဘင်္ဂါလီကျေးရွာ ဒေသခံများထံမှ ခြိမ်းခြောက် ငွေတောင်းယူသည့် ဘင်္ဂါလီ တစ်ဦး ကို သေနတ်နှင့်အတူ မေလ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း ဦးဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းတော်ဝင်မင်းသမီး ကိုယ်အပေါ်ပိုင်းဗလာနဲ့ G-String ဝတ်ပုံတွေ ပေါ်ထွက် video ဖိုင်ကိုလည်း youtube မှာ ပြန့် နှံ့ 
ပီးခဲ့တဲ့ ဆယ်နှစ်က ထိုင်းတော်ဝင်မင်းသား Maha ၏ ကြင်ယာတော် တော်ဝင်မင်းသမီး Srirasmi ၏ ကိုယ်အပေါ်ပိုင်းဗလာနဲ့ G-String ဝတ်ပုံတွေဟာ ထိုင်းစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အငှား ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများကို တင်းကျပ်ရန် ညှိနှိုင်းနေ
အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်) ကိုင်ဆောင်သော ယာဉ်မောင်းများကို ကြပ်ြ
ကပ် မတ်မတ် ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက် ဆွေးနွေး
အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း (Open Society Foundation) တို့ ဦးဆောင်ကာ မေလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)