Wednesday, 20 January 2016

အာဆီယံစွမ်းအင် ၀န်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် အာဆီယံစွမ်းအင်ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယခုနှစ် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မန္တလေး-မြစ်ကြီးနား စာပို့ရထားစက်ခေါင်း မီးလောင်

မန္တလေးမှ မြစ်ကြီးနား သို့ ထွက်ခွာလာသော အဆန်စာ ပို့ရထားသည် မိုးညှင်းဘူတာသို့ မရောက်မီ ကာဒူဘူတာအနီးတွင် ရထားစက်ခေါင်းမီးလောင်ခဲ့ပြီး လောင်ကျွမ်းချိန် နာရီဝက်ကြာ မြင့်ခဲ့ကြောင်း မန္တလေးတိုင်း ဘူ တာကြီးမှ သတင်းရရှိသည်။

လာမည့် လွှတ်တော်တက်မည့် အမတ်များတွင် Ph.D ဘွဲ့ရ ကိုးဦးနှင့် မူလတန်း တစ်ဦးပါဝင်

ဖေဖေါ်ဝါရီ ၁ ရက်တွင် ပြန်လည် စတင်မည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များ ပညာ အရည်အချင်းတွင် Ph.D ဘွဲ့ရ ကိုးဦးပါဝင်ပြီး မူလတန်း တစ်ဦးပါဝင်သည်ကို ကိုယ်စားလှယ်များ၏ အရည်အချင်းပြ ဇယားချုပ်တွင် တွေ့ရသည်။

ယခု ဘတ်ဂျက်နှစ် ကျန်းမာရေးအသုံးစရိတ် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိ၊ ယခင်နှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျ

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် စောင့်ဆိုင်းနေသော လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်လျာထားချက်သည် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း လျော့ကျသွား ကြောင်း သတင်းရရှိသည်။

အစိုးရချင်း သဘောတူညီမှုဖြင့် အင်ဒိုသို့ ဆန်တန်ချိန်ငါးသောင်း ရောင်းမည်

ပြည်ပသို့ တင်ပို့မည့် ဆန်များကို သယ်ဆောင်လာသော ဆန်အိတ်တင်ကားကြီးများ(ဓာတ်ပုံ−နစ်ကီ)
အစိုးရချင်း သဘောတူ ညီမှုဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန် တန်ချိန် ငါးသောင်းရောင်းချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သတင်းရရှိ သည်။

ကလေးမြို့တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်မည်

ကလေးမြို့တွင် သူနာပြု နှင့် သားဖွားသင်တန်းကျောင်းများ မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

နိုင်ငံတွင်း စိတ်လုံခြုံမှုမရှိလျှင် သိက္ခာမဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တရားဥပဒေစိုးမိုးရေးသည်နိုင်ငံတွင်းစိတ်လုံခြုံမှု မရှိလျှင် သိက္ခာမဲ့သည့်နိုင်ငံရေးဟု ပြောရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက (ILAM) ဖွင့်လှစ်သော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သတ်မှတ်နှုန်းထက် ပိုရောင်းသည့် စက်သုံးဆီဆိုင်များကို သတိပေးမည်ဖြစ်သော်လည်း အရေးယူရန် အစီအစဉ်မရှိ

စက်သုံးဆီဈေးနှုန်းသတ် မှတ်ချက်ထက် ပိုမိုရောင်းချသည့် ဆိုင်များကို သတိပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။နိုင်ငံတကာတွင် ရေနံစိမ်း ကျဆင်းနေပြီး ပြည်တွင်း စက်သုံးဆီဈေး လိုက်ပါကျဆင်းမှုမရှိသည့်အတွက် ဈေးနှုန်းလျှော့ချ ရောင်းချနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ဇန်န၀ါရီ ၁၈ ရက်တွင် အမြင့်ဆုံး ရောင်းချသင့်သည့် နှုန်းထားကိုအခြေခံသတ်မှတ်ပေးခဲ့သည်။

မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရမှု ဖော်ထုတ်သည့် ဗြိတိန်နိုင်ငံသားကို ထိုင်းစက်ရုံတရားစွဲ

ထိုင်းနိုင်ငံရှိ စည်သွတ် စက်ရုံတစ်ခုတွင် မြန်မာကလေး လုပ်သားများ စေခိုင်းမှုနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ နေရမှုများရှိနေသည့်အကြောင်း အစီရင်ခံစာရေးသားသည့် ဗြိတိန် နိုင်ငံသားကို အဆိုပါ စက်ရုံက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

တာဝန်ပြီးဆုံးပြီးနောက် ပါတီနိုင်ငံရေး ဆက်လုပ်၊ မလုပ် သမ္မတဦးသိန်းစိန် မဆုံးဖြတ်ရသေး

သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း မတ်လကုန်တွင် ပြီးဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအစိုးရသည် သက်တမ်းကုန်ဆုံးရန် ရက်ပေါင်း ၇၀ ခန့်သာ ကျန်ရှိတော့သည်။ (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)
သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတသက်တမ်းတာ ဝန်ပြီးဆုံးချိန်တွင် ပါတီနိုင်ငံရေး ဆက်လက်လုပ်ဆောင်ရန် မဆုံး ဖြတ်ရသေးကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာသာညီလာခံ စစ်ကိုင်းတောင်တွင် ကျင်းပမည်

ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓ ဘာသာ ညီလာခံကို ဇန်န၀ါရီ ၂၃ နှင့် ၂၄ ရက်တို့တွင် စစ်ကိုင်း တောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်၊ သဒ္ဓမ္မဇောတိကာမဟာသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သီတဂူဝိပဿနာအ ကယ်ဒမီ၊ စစ်ကိုင်းတောင်ရိုးမှ ဒေါက်တာအရှင်သုန္ဒရက မိန့် ကြားသည်။

လွိုင်ကော်ဖျော်ဖြေပွဲမှာ ခဲ၊ ပြောင်းဖူးရိုးတို့နဲ့ အပစ်ခံရတဲ့အကြောင်း ဇွန်သဉ္ဖာပြော


အဆိုတော် သရုပ်ဆောင် ဇွန်သဉ္ဖာ (ဓာတ်ပုံ- ဇွန်သဉ္ဖာ ဖေ့ဘုတ်မှ)
၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပတဲ့ လွိုင်ကော်မြို့မှာ ဒေသခံတွေက အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေတဲ့ သရုပ်ဆောင် အဆိုတော် ဇွန်သဉ္ဖာနဲ့ ဇာဇာထက်တို့ကို ခဲနဲ့ပေါက်ခြင်း၊ ပြောင်းဖူးရိုးနဲ့ ပစ်ပေါက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဇွန်သဉ္ဖာက ဧရာဝတီကိုပြောပါတယ်။

Monday, 18 January 2016

နယ်သာလန်မှ မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ လှူဒန်း

လယ်ယာစိုက်ပျိုးရေနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနကို နယ်သာလန်နိုင်ငံ နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mrs. Reina Buijs က တာ/တမံစစ်ဆေးရာတွင် အသုံးပြုသည့် Prikstok မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ အခု ၁၅၀ကို လှူဒါန်းခဲ့ကြောင်း နယ်သာလန်သံရုံးထုတ်ပြန်ချက်အရသိရသည်။
ရိုးရှင်းသည့်ကိရိယာတစ်ခုဖြစ်ပြီးနယ်သာလန်နိုင်ငံတွင်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများ၏ တာ/တမံများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာရှည်ခံနိုင်ဝန်အားကိုစမ်းသပ်စစ်ဆေးနိုင်သည့် အတွက် အလွန်အသုံးဝင်သည့် ကိရိယာတစ်ဖြစ်ကြောင်းယင်းအပြင် ရေစိမ့်လွှာများကြွက်တွင်းများနှင့်ခြတွင်းများကို တာ/တမံများအတွင်း ရှာဖွေရာတွင် အလွန်အသုံးဝင်သော ကိရိယာ သိရသည်။

ရန်ကုန်မြို့တွင် ကားပါကင် ခွင့်ပြုမိန့် ဆက်လက်ဆောင်ရွက်မည်


မော်တော်ယာဉ် ဝယ်ယူအသုံးပြုသူတစ်ဦး အနေဖြင့် မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်းယာဉ်ထားရှိရန် နေရာရှိမှသာ ကားဝယ်ယူသင့်တာကြောင့် ကားပါကင် ခွင့်ပြုမိန့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ပြောကြားသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကားပါကင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ် စိစစ်ရေးအဖွဲ့များသို့ တင်းကြပ်စွာ ထိန်းကွပ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကားပါကင် လျောက်ထားလို့ အခကြေးငွေ တောင်းခံမူများရှိပါက ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်" ဟု ဇန်နဝါရီလ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီးပွင့်ဆန်းက ပြောကြားခဲ့သည်။

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၁၆ အတွက် အလားအလာကောင်း

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အလားအလာကောင်းများ ရှိနေပြီး ကမ္ဘာလှည့်ဧည့်သည်ဦးရေ ပို၍ တိုးများလာနိုင်ဖွယ်ရှိနေသည်။ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအထိ ခရီးသွားဧည့်သည် လာရောက်မှုက ၄ ဒသမ ၂ သန်းအထိရှိခဲ့သည်။ ၂၀၁၆ ဧပြီမကုန်မီ ဧည့်ဝင်ရောက်မှု ငါးသန်းအထိ ရောက်ရှိလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်း ၄၇ ခု၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၁ က စီမံကိန်း ၃၆ ခုမှ ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရရှိခဲ့သည်ထက် ၁ ဒသမ ၅ ဘီလီယံ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပြန်လည်စစ်ဆေးသင့်ကြောင်း MCPWC အကြံပြု

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးအား အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ပြန်လည် စစ်ဆေးသင့်ကြောင်း မြန်မာ - တရုတ် ပိုက် လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)က အစိုးရသို့ အကြံပြုပြောကြားလိုက်သည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Summit Park View Hotel တွင် ဇန်န၀ါရီ ၁၈ရက်နေ့က ပြုလုပ်သည့် " မြန်မာ - တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ လူမှုတရားမျှတမှုကိုရှာဖွေခြင်း " စာအုပ်မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲတွင် ယင်းကော်မတီ၏ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝှက်စာပို့စနစ်နှင့်ပတ်သက်သည့် မူဝါဒများ ပေါ်ပေါက်လာရန် နိုင်ငံပေါင်း ၂၀၀ ခန့်လက်မှတ်ရေးထိုး

နည်းပညာထုတ်ကုန်များအကြား လျှို့ဝှက်ကုတ်အသုံးပြု ၍ပို့ရသော လုံခြုံသည့် ဝှက်စာပို့စနစ် (Encryption)ကိုပိုမိုအားကောင်းလာစေမည့် မူဝါဒများ ပေါ်ပေါက်လာစေရန် လှုပ်ရှားမှုတွင် နိုင်ငံတကာမှ အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်နှင့်အတူ ပူးပေါင်း၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာ့ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO)က သတင်းထုတ်ပြန် သည်။

အီရတ်တွင် အမေရိကန် နိုင်ငံသားများ ပျောက်ဆုံးနေကြောင်း အမေရိကန်သံရုံး အတည်ပြု

ဘဂ္ဂဒက်မြို့လယ် တစ်နေရာကို တွေ့မြင်ရစဉ်
အီရတ်နိုင်ငံအတွင်း အမေရိကန် နိုင်ငံသားအချို့ ပျောက်ဆုံးနေကြောင်း ဘဂ္ဂဒက်မြို့တော် အခြေစိုက် အမေရိကန် သံရုံးက အတည်ပြု ပြောကြား ခဲ့သည်။

Thursday, 14 January 2016

ပြင်ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်အတည်ပြု

ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင် ထားသည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က ယမန်နေ့က အတည်ပြုလိုက်သည်။
ဇန်န၀ါရီ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို
ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံသို့ အကြမ်းဖက်သမားများ မဝင် ရောက်စေရန် အကြမ်းဖက်အုပ်စု များ၊ ယင်းအုပ်စုတို့နှင့်ဆက်နွှယ် သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကပြောသည်။

‘‘သူတို့ရဲ့ငွေကြေးနဲ့ရန်ပုံငွေ များကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ထိန်းချုပ်နိုင်ရန် ဘဏ်နှင့် ငွေရေး၊ ကြေးရေးအဖွဲ့အစည်း များထံသို့ တားမြစ်မိန့်ထုတ်ပြန်ပြီး ရန်ပုံငွေများအား စိစစ်ဆောင် ရွက်နေပါတယ်’’ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ် မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့်အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကိုယ် စားလှယ်ဦးခင်မောင်ရီက အစွန်း ရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ် များ၊ စောင့်ကြပ်ကြည့်ရှုသည့်စ နစ်နှင့် အရေးပေါ်ကိစ္စပေါ်ပေါက် လာပါက ဆောင်ရွက်နိုင်သည့်အ စီအစဉ်များနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။