Thursday 14 January 2016

အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံသို့ အကြမ်းဖက်သမားများ မဝင် ရောက်စေရန် အကြမ်းဖက်အုပ်စု များ၊ ယင်းအုပ်စုတို့နှင့်ဆက်နွှယ် သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကပြောသည်။

‘‘သူတို့ရဲ့ငွေကြေးနဲ့ရန်ပုံငွေ များကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ထိန်းချုပ်နိုင်ရန် ဘဏ်နှင့် ငွေရေး၊ ကြေးရေးအဖွဲ့အစည်း များထံသို့ တားမြစ်မိန့်ထုတ်ပြန်ပြီး ရန်ပုံငွေများအား စိစစ်ဆောင် ရွက်နေပါတယ်’’ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ် မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့်အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကိုယ် စားလှယ်ဦးခင်မောင်ရီက အစွန်း ရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ် များ၊ စောင့်ကြပ်ကြည့်ရှုသည့်စ နစ်နှင့် အရေးပေါ်ကိစ္စပေါ်ပေါက် လာပါက ဆောင်ရွက်နိုင်သည့်အ စီအစဉ်များနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်များ၏ အရင်းအမြစ်ဖြစ်သော ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေ ကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေးခဝါချမှု တိုက် ဖျက်ရေးဗဟိုဖွဲ့စည်းခြင်း၊ ငွေ ကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့ ဖွဲ့စည်းခြင်းများ ဆောင် ရွက်ထားသည်ဟု ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။

ထို့အပြင် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုတို့ကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင် ရာ သတင်းအချက်အလက် ဖ လှယ်ရေးလုပ်ငန်းကို ၂၀၁၅ အ ထိ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကို ရီးယား၊ ဂျပန်၊ ရုရှား၊ နီပေါ၊ ဘင်္ဂ လားရှေ့၊ သီရိလင်္ကာ၊ အမေရိ ကန်ပြည်ထောင်စုနိုင်ငံများနှင့် ပူး ပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်း က ဆိုသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တ လေးတို့ကို အရေးကြီးနေရာအ ဖြစ် သတ်မှတ်၍ အထူးလေ့ကျင့် ပေးထားပြီး ခေတ်မီလက်နက်ကိ ရိယာများ တပ်ဆင်ထားသည့် အကြမ်းဖက်မှုနှိမ်နင်းရေး တပ်ဖွဲ့စု များအား ဖွဲ့စည်းတာဝန်ပေးထား သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

(Interpol) နိုင်ငံတကာ ရဲ တပ်ဖွဲ့၊အာဆီယံရဲတပ်ဖွဲ့ (Aseanapol) နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပေးပို့ထားသော နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အ စည်းများနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတို့ ကို အမည်ပျက်စာရင်း (Black List)သွင်းကာ သံသယဖြစ်ဖွယ် ရှိသူများအား စောင့်ကြည့်ခြင်း များ ပြုလုပ်လျက်ရှိသည်ဟု ၎င်း က ဆိုသည်။

အကြမ်းဖက်သမားများကို စောင့်ကြည့်နိုင်ရန် အပြည်ပြည် ဆိုင်ရာလေဆိပ်များရှိ အရေးကြီး နေရာများတွင် CCTV များတပ် ဆင်၍ စောင့်ကြည့်နိုင်ရန် Police Command Centre များဖွင့်လှစ် ထားရှိရေး စီမံဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောသည်။
7 day

No comments:

Post a Comment