Wednesday, 30 December 2015

လိင်အင်္ဂါ ပြောင်းလဲထားတဲ့ စုံတွဲ ထူးဆန်းစွာ ကိုယ်ဝန်ရရှိ

အီကွေဒေါနိုင်ငံမှာ လိင်ပြောင်းလဲထားတဲ့ စုံတွဲနှစ်ယောက် ကလေးမွေးဖွားတယ်လို့ WIAT က သတင်းဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အထိ အပြင်းထန်ဆုံး အယ်လ်နီညိုရာသီဥတု ဆက်လက်ဖြစ်ပွားနေဦးမည်

၂၀၁၆ ခုနှစ်တွင် မှတ်တမ်း၌ အပြင်းထန်ဆုံး အယ်လ်နီညို ကြောင့် လူဆယ်သန်းခန့် ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဝေဒနာများ တိုးမြင့်ခံစားရနိုင်ဖွယ်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောသည်။ အစွန်းရောက် ရာသီဥတုဖြစ်စဉ်ကြောင့် အချို့ဒေသများတွင် မိုးခေါင်မှုနှင့် အချို့ဒေသများတွင် ရေကြီးမှုများ မြင့်တက်လာနိုင်စေသည်။

စင်ကာပူသို့ အိမ်အကူပို့ဆောင်မည့် လိုင်စင်မဲ့အေဂျင်စီ ၂၀ ကျော် ကို တားဆီးနိုင်ခဲ့ပြီး အမျိုးသမီး ငယ် ၃၀ ကျော် ကို ယခုနှစ် အတွင်း ကယ်တင်နိုင်ခဲ့

၂၀၁၅ ခုနှစ် အတွင်း စင်ကာပူနိုင်ငံသို့တရားမ ဝင်အိမ်အကူလုပ်သားပို့ဆောင်မည့် လိုင်စင်မဲ့အေဂျင် စီ၂၀ ကျော်ကို တား ဆီးနိုင်ခဲ့ပြီး အမျိုးသမီးငယ် ၃၀ ကျော် ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်လယ်၌ ကိုက် ၅၀၀ နီးပါးရှိ ကျောက် တန်းကြီး ပေါ် ထွက် လာသည့်အတွက် ရေယာဉ်များ အန္တရာယ် မဖြစ်ရန် အမြန်ဖယ် ရှားပေး သင့်ကြောင်း သင်္ဘောဝန်ထမ်းများ ပြောကြား

မြစ်အတွင်းပေါ်ထွန်း လာသည့် ကျောက် တန်းကြီး အား တွေ့ရစဉ် ဓာတ်ပုံ-ကိုကျော်(မင်းဘူး)
မင်းဘူး ခရိုင် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းနားတွင် ပေါ်ထွန်း လာသော ကိုက် ၅၀၀ နီးပါးရှည် လျားသည့် ကျောက်တန်းကြီးမှာမြစ် တွင်းသွားလာနေသော သင်္ဘောများ အတွက် အန္တရာယ်ရှိနေ၍ဖယ်ရှား ရှင်းလင်း သင့်ကြောင်း မြစ်ကြောင်း အတွင်း သွားလာနေသည့်သင်္ဘော မောင်းသူများထံမှ သိရသည်။

ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်းလုပ်သားတချို့ (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ထိုင်းအာဏာပိုင်များက စတင်ဖမ်းဆီးနေကြောင်း သိရသည်။

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြော

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောလိပ်ကျွန်းလူသတ်မှု သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနှင့်‌ မြန်မာနိုင်ငံ သားများ ဘေးအန္တရာယ် ကင်းရှင်းရေး ထိုင်းအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက် စေလိုပါကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata မနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

တောင်တွင်းကြီးတွင် အာဇာနည်ကြေးရုပ်များနှင့် ရင်ပြင်တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်အပါအ၀င် အာဇာနည် ကိုးဦးတို့၏ ကြေးရုပ် နှင့် အာဇာနည်ရင်ပြင် ပြုလုပ်ရန် တည်ဆောက်မှုအခြေအနေ ၇၀ ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ် ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၆ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဗုဒ္ဓလမ်းစဉ်အဖွဲ့က လမ်းပျော်စိတ်ဝေဒနာရှင်များအား စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနိုင်ရန်ကူညီ

အောင်လံမြို့ရှိ လမ်း ပျော် စိတ်ဝေဒနာရှင်များအား ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ သို့ ပို့ဆောင်၍ ဆေးဝါးကုသနိုင် ရေးအတွက် ဗုဒ္ဓလမ်းစဉ်အဖွဲ့က ဦးဆောင်ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆီးရီးယားရှိ ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့ဟု ရုရှား ပြော

ဓာတ်ပုံ - ရိုက်တာ
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်က ရုရှားလေယာဉ်တွေဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဆီးရီးယားနိုင်ငံထဲက ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက်က ပြောလိုက်ပါတယ်။

ဘာသာတရား ဆိုတာ လူတိုင်း လိုက်နာကျင့်ကြံ ပွားများ အားထုတ်သင့်တဲ့ အရာပါပဲ Oasix

လူကြီး၊ လူငယ် ဘယ်သူမဆို အချိန်ရရင် ရသလောက် ဘာသာရေး လိုက်စား ကျင့်ကြံပွား များကြမယ်ဆို စိတ်ငြိမ်းချမ်းမှုတွေ ရရှိခံစားရ မှာ ဧကန်ပဲဖြစ်ပါတယ်။

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင်ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ်
ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး စက်မှုဇုန်နယ်နိမိတ် ပြည်ထောင်စုလွှတ်တော်အတည်ပြု

မြေဧရိယာလေး ထောင်ကျော် ကျယ်ဝန်းသည့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူး စီးပွားရေဇုန်နယ်နိမိတ်သတ်မှတ် ခြင်းကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ် တော်၌ မဲခွဲဆုံးဖြတ်ရာထောက်ခံ သူများသဖြင့် အတည်ပြုခဲ့ ကြောင်း သတင်းရရှိသည်။

နှစ်သစ်ကူးညတွင် တရုတ်က လှူဒါန်းသည့် ရဲကားများဖြင့် အားဖြည့်ကင်းလှည့်မည်

တရုတ်အစိုးရက လှူဒါန်းထားသည့် ရဲကားများ (ဓာတ်ပုံ-ဖိုးတုတ်)
ဒီဇင်ဘာ ၃၁ ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးည ၌ တရုတ်နိုင်ငံက လှူဒါန်းထား သည့် လုံခြုံရေးရဲကားအသစ် ၄၅ စီးဖြင့် အင်အားဖြည့်ကာ ကင်း လှည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

မွေးစားမည်အကြောင်းပြပြီး ရောင်းစားမှုများကြောင့် ကလေးသူငယ်ပျောက်ဆုံးမှုများဖြစ်ပေါ်နေ

မွေးစားမည်ဟု အ ကြောင်းပြကာ ရောင်းစားမှုများ ကြောင့် မြန်မာနိုင်ငံတွင် ကလေး ငယ်ပျောက်ဆုံးမှုများဖြစ်ပေါ်နေ ကြောင်း လူကုန်ကူးတားဆီးနှိမ် နင်းရေးတပ်ဖွဲ့ (ရန်ကုန်တိုင်း)မှ ရဲမှူးရဲဝင်းအောင်က ပြောကြား သည်။

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံ မြန်မာနှစ်ဦးအတွက် လိုအပ်သည့်အကူအညီပေးမည်ဟု ဦးဇော်ဇော်ပြော

ဦးဇော်ဇော်နှင့် မြန်မာသံရုံးအဖွဲ့တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-ကိုရဲ)
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ လိုအပ်သည့်အကူအ ညီများပေးအပ်သွားမည်ဖြစ် ကြောင်း မက်စ်ကုမ္ပဏီနှင့် ဧရာဝ တီဘဏ်ပိုင်ရှင် ဦးဇော်ဇော်က ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။

အကယ်ဒမီဆုပေးပွဲ ဧပြီပထမပတ်တွင် ကျင်းပမည်

ယခင်နှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနား မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
၂၀၁၄-၁၅ အတွက် (၂) နှစ်ပေါင်းပြုလုပ်မည့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုလာမည့် ဧပြီ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဒုဥက္ကဋ္ဌဦးအေး ကြူလေးကပြောသည်။

ဖားကန့်အရေး ဖြေရှင်းမည့်အစိုးရ၏ အစီအစဉ်သုံးရပ်ကို ပြန်သုံးသပ်ရန် သမ္မတထံ သူရဦးရွှေမန်းသ၀ဏ်လွှာပို့

ဖားကန့်မြေစာ တောင်ပြိုမှုအပေါ် ဖြေရှင်းရန် လွှတ်တော်က လက်မခံခဲ့သည့် ပြည်ထောင်စုအစိုးရ၏ အစီအ စဉ်သုံးရပ်ကို ဘက်ပေါင်းစုံမှ ပြန် လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံသို့ သ၀ဏ် လွှာပေးပို့လိုက်သည်။

ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ငွေထွက်မလာသည့် ကိစ္စများကို အမြန်ဆုံး ဖြေရှင်းပေးနေဟု ဆို

ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ငွေထွက်မလာသည့် ကိစ္စများကို သုံးရက်မှ ငါးရက်အတွင်း အမြန်ဆုံး ဖြေရှင်းပေးနေကြောင်း သတင်းရရှိသည်။

Tuesday, 29 December 2015

မြန်မာနှင့်စင်ကာပူတို့ မတ်လ ၂၃ရက်တွင် စင်ကာပူ၌ခြေစမ်းပွဲကစားမည်

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ မတ်လ ၂၃ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံတွင် ခြေစမ်းကစားရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

ထိုင်းအမျိုးသားရဲဌာနအကြီးအကဲ ချက်သစ်ချာအီဂျင်ဒါက လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူများကို ရှာဖွေဖော်ထုတ်သွားရန် တစ်နိုင်ငံလုံးက ရဲဌာနများသို့ ဒီဇင်ဘာ ၂၈ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုများ နောက်ကွယ်၌ မည်သည့်အုပ်စုမျှ မရှိကြောင်း၊ စွပ်စွဲသကဲ့သို့ ဆန္ဒပြမှုများတွင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများရှိသည်ဆိုခြင်းက မည်သည့် အထောက်အထားမှ မရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုင်းရဲဌာနက ဆန္ဒပြမှုများသည် နိုင်ငံရေးအမြတ်ထုတ်လို၍ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုဆဲဖြစ်သည်။